Home သတင်း လူငယ် စင်တာဖွင့်ရန် ကချင်ဝန်ကြီးချုပ် လက်မခံသေး

လူငယ် စင်တာဖွင့်ရန် ကချင်ဝန်ကြီးချုပ် လက်မခံသေး

ကချင်မလေး။ ၁၄၊သြဂုတ်၊၂၀၁၄

ကချင်ပြည်နယ်အစိုးရရုံးမှာယမန်နေ့ကချင်ပြည်နယ်လူငယ့်ကွန်ယက်မှလူငယ်များနှင့်ဝန်ကြီးချုပ်တို့တွေ့ဆုံခဲ့ရာတွင်လူငယ်များတောင်းဆိုချက်၂ခုအနက်လူငယ်စင်တာတစ်ခုဖွင့်လှစ်ရန်တောင်းဆိုချက်ကိုဝန်ကြီးချုပ်ကနေရာမပေးနိုင်သေးကြောင်းပြောဆိုခဲ့သည်။

ကချင်ပြည်နယ်လူငယ့်ကွန်ယက်မှဝန်ကြီးချုပ်လဂွန်ငန်ဆိုင်းကိုအချက်၂ချက်တောင်းဆိုခဲ့သည်ဟုလူငယ်ဥက္ကဌကိုဂျာယုန်ကပြောသည်။THE KACHIN STATE CHIEF MINISTER LA JUN NGAN SENG GIVING SPEECH AT THE FISRT TIME OF KACHIN STATE YOUTH FORUM.

လူငယ်စင်တာနေရာသတ်မှတ်ပေးဖို့၊စင်တာမှာထားရှိဖို့ကွန်ပျူတာနှင့်စာအုပ်တွေရယ်၊ပြီးတော့လာမည့်စက်တင်ဘာမှာပြုလုပ်မည့်ဒုတိယအကြိမ်မြောက်ကချင်ပြည်နယ်လူငယ်ဖိုရမ်အတွက်မြို့တော်ခန်းမ (သို့) စီတာပူရပ်ကွက်မှာရှိတဲ့မနော်ကွင်းကမဂျွယ်ခန်းမကိုအသုံးပြုခွင့်ပေးဖို့တောင်းဆိုခဲ့တယ်

ကချင်ပြည်နယ်ရှိလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်မှုနှင့်လူငယ်တွေရဲ့ပါဝင်မှုအခန်းကဏ္ဍမြင့်တင်ဖို့အတွက်လူငယ်စင်တာကိုခရိုင်အသီးသီးမှလူငယ်များလာရောက်တွေ့ဆုံနိုင်သည့်ဆုံရပ်အတွက်ရည်ရွယ်ပြီးတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟုလူငယ်ဥက္ကဌကပြောသည်။

ဒုတိယအကြိမ်လူငယ်ဖိုရမ်ပြုလုပ်ရန်တောင်းဆိုချက်ကိုမူဝန်ကြီးချုပ်ကလိုက်လျောခဲ့သည်။

ဝန်ကြီးချုပ်ကပြောတယ်လူငယ်စင်တာဖွင့်ဖို့အတွက်ကျတော့နည်းနည်းခက်အုံးမယ်၊ဘာဖြစ်လို့လဲဆိုအခြားအစိုးရဌာနဆိုင်ရာတွေကိုတောင်နေရာတွေမပေးနိုင်သေးတဲ့အတွက်ကြောင့်လူငယ်စင်တာအတွက်ကြာရင်ကြာနိုင်ဖွယ်ရှိတယ်ဟုကိုဂျာယုန်ကပြောပြသည်။

အဆိုပါတွေ့ဆုံပွဲတွင်ကချင်ပြည်နယ်လူငယ်ကွန်ယက်အဖွဲ့ဗဟိုကော်မတီဝင်နှင့်ခရိုင်အသီးသီးမှကော်မတီဝင်စုစုပေါင်း (၁၆) ဦးတက်ရောက်ခဲ့ပြီးအမျိုးသမီး (၃)ဦးပါဝင်ခဲ့သည်။

အမျိုးသမီးတွေအနေနဲ့တော့တောင်းဆိုတာတွေမရှိပေမယ့်နောက်ထပ်တွေ့ဆုံပွဲမှတင်ပြစရာတွေတင်ပြသွားဖို့ရှိကြောင်းကိုကချင်ပြည်နယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂအတွင်းရေးမှူးဆိုင်းနူးပန်ကပြောသည်။

အမျိုးသမီကဏ္ဍအတွက်သီးခြားတောင်းဆိုတာတွေတော့မရှိဘူး၊နောက်တခါတွေ့ဖို့ရှိသေးတယ်၊အဲဒီအချိန်မှတင်ပြသွားမယ်

ကချင်ပြည်နယ်လူငယ်ကွန်ယက်ကိုကချင်ပြည်နယ်ကလူငယ်များ၏အမြင်သဘောထားများကိုဖော်ထုတ်နိုင်ဖို့နှင့်လူငယ်အချင်းချင်းနားလည်မှုပိုမြင့်မားလာနိုင်ပြီးပိုပြီးပူးပေါင်းလုပ်ဆောင်လာနိုင်ရန်ဖြစ်သည်ဟုကိုဂျာရုံကပြောသည်။

ကချင်ပြည်နယ်လူငယ်ကွန်ယက်အဖွဲ့ကိုမြစ်ကြီးနားခရိုင်၊ပူတာအိုခရိုင်၊မိုးညှင်းခရိုင်နှင့်ဗန်းမော်ခရိုင်တို့မှကချင်၊ဗမာ၊ဂေါ်ရခါး၊မွတ်စလင်လူငယ်များဖြင့်၂၀၁၄ခုနှစ်ဇန္နဝါရီလတွင်ဖွဲ့စည်းခဲ့သည်။ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုလည်းခရိုင်အသီးသီးမှကိုယ်စားလှယ်များကိုဒီမိုကရေစီနည်းအရမဲပေးရွေးကောက်တင်မြှောက်ထားသည်။

Related Articles