ဆောင်းပါး
“ ကျမလူငယ်ဘဝက အရည်အသွေးမြင့်တဲ့ပညာရေးလည်းမရခဲ့ဘူး။ စာကြည့်တိုက်လည်း မရှိဘူး။ နိုင်ငံရေးအကြောင်းရေးလို့ ပြောလို့မရဘူး။ ဒါတွေကို ကိုယ်ရဲ့ညီမငယ်တွေကို မကြုံစေချင်ဘူး။ သူတို့ဘဝအတွက် အရည်အသွေးမြင့်ပညာရေးကို ရစေ ချင်တယ်။”
ဆောင်းပါး
“ ကျမလူငယ်ဘဝက အရည်အသွေးမြင့်တဲ့ပညာရေးလည်းမရခဲ့ဘူး။ စာကြည့်တိုက်လည်း မရှိဘူး။ နိုင်ငံရေးအကြောင်းရေးလို့ ပြောလို့မရဘူး။ ဒါတွေကို ကိုယ်ရဲ့ညီမငယ်တွေကို မကြုံစေချင်ဘူး။ သူတို့ဘဝအတွက် အရည်အသွေးမြင့်ပညာရေးကို ရစေ ချင်တယ်။”
“ ကျွန်မမှာအခုဖြစ်ချင်တဲ့ ဆန္ဒပေါ့။ ဘာတွေလုပ်ချင်လဲ ဆန္ဒနှစ်ခုရှိတယ်။ ကိုမောင်ကျော်ကို ပြန်တွေ့ရမလားဆိုတဲ့ မျှော်လင့် ချက်နဲ့ အကျဉ်းကျခံနေရတဲ့သူတွေရဲ့ ထောင်တံခါးကိုဖွင့်ပေးချင်တယ်။ အားလုံးလွတ်လပ်တဲ့လေကိုရှူရှိုက်ပြီးတော့ လွတ် လပ်တဲ့ဘဝမှာရှင်သန်စေချင်တယ်။”
“ ပင်စင်ယူပြီးရင်တော့ ငြိမ်းချမ်းတဲ့ဘဝမှာပဲ နိဂုံးချုပ်မယ်လို့ စိတ်ကူးထားတယ် ၊ဆရာမကြီးရဲ့သားလို တစ်နိုင်ငံလုံးမှာ ကိုယ့် ထက်ဆိုးရွားသူတွေရှိပါတယ်။ တော်လှန်ရေးမှာကျသွားတဲ့ကလေးတွေရဲ့နေရာတွေကို လျှောက်သွားပြီး အမျှဝေမယ်။ ဒါက နံပါတ်တစ် ရည်ရွယ်ချက်ပဲ။”
“ မြန်မာပြည်ပြန်ကောင်းရင်း ပြန်ဝင်မယ်။ ဘဝတလျှောက်လုံး ဝန်ထမ်းဘဝနဲ့ အေးအေးလူလူအလုပ်လုပ်ခဲ့ပြီး တခြား ပြင်ပ ဘဝတွေကို မမြင်တတ်ခဲ့ဘူး။ အခုမှတွေ့မိပြီးနောင်တရတယ်။ ကလေးသူငယ်နဲ့အမျိုးသမီးရေးကိစ္စ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါချင်တယ်။ အရင်ကထက် ပိုကြိုးစားမယ်။”
“တခါတလေ ကျမလည်း လူသားပဲလေ။ ဒီကိစ္စကိုပြောရင် အကြီးအကျယ် ရယ်ကြလိမ့်မယ် ရုပ်ရှင်လိုပေါ့။ သူတို့တွေ ဝေဒနာ ခံစားနေရတာ နိစ္စဒူ၀တွေ့ရတယ်။ သူတို့အော်သံတွေ သူတို့ကို ဆေးထိုးသတ်ဖို့ပြောအော်ပြောသံတွေက နေ့တိုင်းကြားရတော့ သူတို့ ရှေ့မှာ အနော်ဟန်ဆောင်တယ်။ အသံတွေလည်းတုန်တယ်။ အဲ့ချိန်အနော်ရဲ့ အဖော်မွန်က နေကာမျက်မှန်ပဲ။”
“ဘုရားချင်းအတူတူတောင် ကျမဘာသာအရ ဘုရားရှိခိုးခွင့်မပေးဘူး။ သူတို့က လိုင်းခန်းတွေလည်း ဝင်စစ်တတ်တယ်လေ။ ဗုဒ္ဓဘာသာကိုယူထားပြီးတော့ မွတ်စလင်လိုနေတာကို သူတို့လက်မခံဘူး။ သူတို့နားလည်မပေးတာကို စိတ်နာတယ်။”
“ ရွာထဲက ကလေးတွေဆိုရင်လည်း ကျောင်းပိတ်တဲ့အချိန်ဆိုလာခဲ့ နင်တို့သင်၊ ငွေဝင်တစ်ခုအနေနဲ့မဟုတ်ရင်တောင် ပညာ ရပ်တစ်ခုအနေနဲ့ တက်ထားရမယ်ဆိုပြီးသင်ပေးတယ်။ တခြားရွာကသူတွေကလည်း သူတို့ကလေးတွေကိုသင်ဖို့ လာပို့ကြ တယ်။”
“လူတိုင်းမှာကိုယ်ပိုင်အစွမ်းအစတွေရှိတယ်။ ကိုယ့်မှာရှိတဲ့ စွမ်းရည်တွေကိုအသုံးချပြီး စွမ်းအားအဖြစ်ပြောင်းနိုင်ရင် ဘဝမှာ အောင်မြင်မှုတွေရမှာပါ။ ဝါသနာပါရုံနဲ့မပြီးဘူး။ လုပ်ကြည့်ရမယ်၊ဇွဲရှိရှိနဲ့ကြိုးစားပြီး လုပ်ရင်အောင်မြင်မှာပါ။”
“သမိုင်းကလိုအပ်လာရင် ဝင်ရောက်ထမ်းဆောင်ဖို့ အသင့်ရှိသူအနေနဲ့ပဲ ကျရာတာဝန်ယူခဲ့တယ်။”
“ မိန်းမက ဗိုက်နာလို့ ကလေးမွေးချင်နေပြီ။ ရွာကသက်ကြီးအများစုက မွေးခွင့်မပေးတဲ့ကြားမှာ ကျနော်ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်သွားတယ်။ လက်နက်ကြီးကိုကြောက်လို့ထွက်ပြေးလာတာ၊ ရွာကလူတွေက လက်နက်ကြီးထက် ကြောက်စရာ ကောင်းနေတယ်။”