Home ဆောင်းပါး တို့ဆေးပစ်မှတ် ဖြစ်လာတဲ့အမျိုးသမီးတွေ

တို့ဆေးပစ်မှတ် ဖြစ်လာတဲ့အမျိုးသမီးတွေ

ရှင်ငြိမ်း   

နိုင်ငံရေးမတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုမရှိတော့တာတွေကြောင့် မလုံခြုံမှုတွေဖြစ်လာတိုင်း အမျိုးသမီး တွေဟာ ဒုစရိုက်သမားတွေရဲ့ပစ်မှတ်ဖြစ်လာနေတယ်လို့ ရန်ကုန်မြို့တွင်းက အမည်မဖော်လိုတဲ့တရားလွှတ် တော်ရှေ့ နေတစ်ဦးကပြောပါတယ်။

“နိုင်ငံမတည်မငြိမ်ဖြစ်တဲ့အခါ တရားဥပဒေစိုးမိုးရေး လျော့နည်းသွားတဲ့အခါ ဒုစရိုက်သမားတွေက အဲဒီအခွင့် အရေးကို အသုံးချတတ်တယ်။ အခုတလောကြားနေရတဲ့ တို့ဆေးတို့ လူပျောက်မှုတို့က တရားဥပဒေပျက်သုဉ်း မှုရဲ့နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေပဲ။”လို့ သူကဆက်ပြောပါတယ်။

အခုရက်ပိုင်း ကျယ်ကျယ်လောင်လောင်ဖြစ်နေတဲ့တို့ဆေးအန္တရာယ်ကြောင့် အမျိုးသမီးတွေသာမက အမျိုးသား နဲ့ ကလေးသူငယ်တွေပါ ပျောက်ဆုံးမှုတွေရှိလာလို့ မြို့ပြနေလူထုကြား စိုးရိမ်စရာတစ်ခုဖြစ်နေပါတယ်။

အဆိုပါတို့ဆေးက ၁၉၈၀ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်လောက်မှာ မြန်မာပြည်မှာ အတော်လေးကျယ်ကျယ်ပြန့် ပြန့် ဖြစ် ခဲ့ဖူးပေမယ့် ရဲတပ်ဖွဲ့က ရဲလုပ်ငန်းတာဝန်တွေ ပြည့်ပြည့်ဝဝလုပ်နိုင်တဲ့အတွက် ငြိမ်ဝပ်သွားခဲ့တယ်လို့ဆိုပါတယ်။

“အခုဘာလို့ပြန်ထလဲဆိုတော့ ရဲတပ်ဖွဲ့က သူရဲ့ပင်မတာဝန်ဖြစ်တဲ့တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းရေးကို မလုပ်နိုင်တော့ဘူး။ စစ်တပ်နဲ့တွဲပြီးတော့ စစ်ရေးတာဝန်တွေ၊ အကြမ်းဖက်မှုလုပ်ငန်းတွေ ဖော်ထုတ်အရေး ယူတဲ့လုပ်ငန်းတွေကို လုပ်နေရတော့ ရဲလုပ်ငန်းတာဝန်တွေ လစ်ဟင်းသွားတယ်။ ဒါကို အခွင့်အရေးယူပြီး တော့မှ တကျော့ပြန်ခေါင်းထောင် လာကြတယ်။”လို့ သူ့ရဲ့အမြင်ကို ပြောပါတယ်။

လေ့လာချက်အရ ကျူးလွန်သူတွေဟာ တစ်ဦးထဲတစ်ယောက်ထဲသွားလာတတ်တဲ့အမျိုးသမီးတွေ၊ အများ အား ဖြင့် ရွှေငွေပစ္စည်းတွေပါနိုင်တဲ့သူတွေကို အဓိကပစ်မှတ်ထားလာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လှည်းတန်း လို လူထူထပ်တဲ့နေရာတွေ၊ ကုန်တိုက်တွေ၊ ဘတ်စ်ကားဂိတ်တွေ၊ အဝေးပြေးကားဂိတ်၊ ဘူတာနဲ့ သဘောၤဆိပ် တို့လိုနေရာတွေမှာ လှုပ်ရှားလေ့ရှိကြတယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။

ကျူးလွန်တဲ့သူတွေဟာ သန်မာတဲ့လူမိုက်ပုံစံတွေလုပ်ဆောင်နေတာမဟုတ်ဘဲ အမျိုးသမီးတွေအာရုံမထား မိတဲ့ သက်ကြီးရွယ်အိုတွေ၊ ရဟန်းသံဃာအသွင်ဆောင်ထားသူတွေနဲ့ တခါတရံမှာ ကလေးငယ်တွေလည်းဖြစ်နိုင် တယ်လို့ သူကပြောပါတယ်။

တို့ဆေးနဲ့ ခေါ်သွားခံရပြီးနောက်နိုးလာတဲ့အချိန်မှာ အခန်းကျဉ်းတစ်ခုထဲရှိနေတာဖြစ်ပြီး  ဘယ်နေရာမှန်း ဘယ် လိုရောက်သွားမှန်း မသိတော့ပဲ သူနဲ့အတူအမျိုးသား ၃ ဦးအမျိုးသမီး ၅ ဦးရှိနေပြီး အိမ်ကိုဖုန်းဆက်ကာငွေ ကျပ် ၇ သိန်းတောင်းခိုင်းခဲ့တယ်လို့ အစ်ကိုဖြစ်သူတဦးက ညီမဖြစ်သူတို့ဆေးမိခဲ့တဲ့ဖြစ်စဉ်ကို သူရဲ့ လူမူကွန်ရက်စာ မျက်နှာပေါ်မှာ ရေးတင်ထားတာဖြစ်ပါတယ်။

“အိမ်က အငယ်ဆုံးညီမလေးက မနေ့က ညနေ ၅ နာရီလောက် သင်တန်းဆင်းပြီး လှည်းတန်းကနေ ရွှေပြည်သာ အပြန် လှည်းတန်းမှာ မိန်းမကြီးတစ်ယောက်က ပိုက်ဆံတောင်းတယ်တဲ့။ အကြွေမရှိလို့ပါပြောပြီးလှည့်အထွက် သမီးလေးလို့ခေါ် ပြီး လက်နဲ့ ပုတ်လိုက်တယ်။ အဲ့မှာချက်ခြင်းဆိုသလို ညီမလေးက မူးဝေသွားပြီး မျက်လုံး မှိတ် လိုက်တဲ့အချိန်မှာ ဘာဖြစ် သွားမှန်းမသိလိုက်ဘူး”သူကဆိုပါတယ်။

ညီမလေးကဖုန်းဆက်ပြီး ပိုက်ဆံပဲတောက်လျောက်လွှဲပေးဖို့ပြောကာ ငွေလွှဲမပေးရင် သေမယ်ပြောလို့ စိတ်ပူပြီး ချက်ခြင်းလွှဲပေးလိုက်ကြောင်းပြီးတာ့ ပြန်တွေ့ကြောင်းသူကရေးထားတာပါ။

ဒါ့အပြင် အင်းစိန်မြို့နယ် အဆောင်တစ်ခုမှာနေတဲ့အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးလည်း အလုပ်ကိစ္စနဲ့ အပြင် ရောက်နေစဉ် တို့ဆေးမိ ပျောက်ဆုံးသွားအကြောင်း သူငယ်ချင်းဖြစ်သူက လူမှုကွန်ယက်မှာရေးတင် ထားပါတယ်။

သူမပျောက်သွားတဲ့ ည ၂ နာရီလောက်မှာ သူငယ်ချင်းဆီ ဖုန်းဆက်ပြီး “ငါ့ကိုလာခေါ်ပါ။ ဘယ်မှာ လဲ မသိဘူးတဲ့။ ဖုန်းလည်းခိုးဆက်ရတယ်ဆိုပြီး ရှိုက်ကြီးတငင်ငိုနေပါတယ်။ ဖုန်းကျသွားလို့ ပြန်ဆက်တော့ ခေါ်လို့မရတော့ဘူး။ တွေ့မိသူများရှိရင် အကြောင်းကြားပါ။”လို့ ရေးသားထားတာဖြစ်ပါတယ်။

အလားတူပဲ သာကေတမြို့နယ်အတွင်းမှာလည်း အသက် ၁၆ နှစ်အရွယ်ကျောင်းသူလေးတစ်ဦး ကျူရှင်သွားရင်း ပျောက်သွားခဲ့သလို ဗိုလ်တထောင်မြို့နယ်က အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ဈေးသွားရင်း တို့ ဆေးမိကာ ပျောက်သွားခဲ့တဲ့သတင်းတွေ ပျောက်ဆုံးနေကြောင်းသတင်းတွေ လူမူကွန်ရက်စာမျက်နှာပေါ်မှာ အတော် လေးပျံနှံလာတာကြောင့် လူမူအသိုင်းအဝိုင်းကြားမှာ စိုးရိမ်မှုတွေမြင့်လာကြတာဖြစ်ပါတယ်။

ထိုကဲ့သလိုလူအများခေါ်နေကြတဲ့တို့ဆေးဆိုတာ  တို့ရုံနဲ့ဘာမှမဖြစ်နိုင်ပေမယ့်အနံကို ရှူမိရင်အသိလွတ် သွားနိုင်တယ်လို့ CDM မေ့ဆေးဆရာဝန်ဦးမျိုးကျော်ကသတိပေးပြောဆိုခဲ့ပါတယ်။

“တို့ဆေးလို့သာပြောတာ တို့တာနဲ့တော့ ဘာမှမဖြစ်ဘူး။ ဒီဆေးရဲ့အာနိသင်က အနံ့ပဲ။ အနံ့ကို ရှုမိလိုက်တာနဲ့ လူ က ချက်ခြင်း အသိသတိလွတ်သွားတဲ့ပုံစံမျိုးဖြစ်တယ်။ စိတ်နဲ့လူ မကပ်တော့ လိုသလိုခိုင်းလို့ရတဲ့ပုံဖြစ် သွားတယ်။”လို့ ရှင်းပြပြောဆိုထားပါတယ်။

ဆေးနာမည်က ကတ်တမင်း(Ketamine)လို့ခေါ်ပြီး ဆရာဝန်တွေက မေ့ဆေးအနေနဲ့အသုံးပြုကြသလို အထူးကု ဆရာဝန်ကြီးတွေရဲ့သီးသန့်ဆေးညွှန်းမပါဘဲ ဆေးဆိုင်တွေမှာ တရားဝင်ရောင်းချခွင့်မရှိတဲ့ဆေး တစ်မျိုးလို့ဆိုပါတယ်။

ကတ်တမင်းက အဆီ၊ အရည်၊ အမှုန့်စတဲ့ပုံစံအမျိုးမျိုးနဲ့လာပြီး ရှာဖွေရခက်တဲ့ ဆေးအမျိုးအစားမျိုး မဟုတ်တာကြောင့် ဒုစရိုက်မှုတွေ ကျူးလွန်ရာမှာ အသုံးများသလို ဆေးအာနိသင်က စိတ်နဲ့ လူနဲ့မကပ်တော့ဘဲ အချိန် ၃ ၊ ၄ နာရီ လောက် သတိလက်လွတ်ဖြစ်သွားတတ်တယ်လို့သူကဆက်ပြောပါတယ်။

အဆိုပါဆေးကစားစရာထဲဖြစ်ဖြစ် အချိုရည်ထဲဖြစ်ဖြစ် ထည့်ကျွေးမှ စားမိမှ ဆေးမိတာမဟုတ်ပဲ အနံကို ရှူမိ လိုက်တာနဲ့ အသိလွတ်သွားနိုင်တဲ့ဆေးဖြစ်တယ်လို့ဆိုပါတယ်။

“တချို့က ထင်တာပေါ့။ သူများကျွေးတာစားမှ တို့ဆေးမိတယ်ထင်ကြတာ။ တကယ်က အဲ့လိုမဟုတ်ဘူး။ လက် ကိုပုတ်လိုက်လို့လည်း မဟုတ်ဘူး။ ပုတ်လိုက်တဲ့လက်မှာ အဲဒီအဆီသုတ်ထားပြီး ရှူမိအောင် လုပ်လိုက်တာပါ” လို့ ပြောပါတယ်။

နောက်အဲ့ဒီဆေးကအနံမရှိတဲ့အတွက် ရှူလိုက်သူက ရှူမိမှန်းမသိပေမယ့် လုပ်တဲ့သူကတော့ ကိုယ့်ကို မျက်ခြေ မပြတ် စောင့်ကြည့်နေနိုင်လို့ သတိထားရမှာဖြစ်သလို ဒုစရိုက်သမားတွေရဲ့ပစ်မှတ်မဖြစ်ဖို့ ကိုဗစ်ရောဂါကို တောင် ကာကွယ်ပေးနိုင်ခဲ့တဲ့ N 95 လို Mask (နှာခေါင်းစည်း)တွေတပ်ပြီး သွားလာကြဖို့သတိပေးထားပါတယ်။

ဆေးဆိုင်တစ်ခုမှာ ဆေးဖိုးငွေသိမ်းပြီးအပြန် သမိုင်းဘတ်စ်ကားဂိတ်မှာ ကားစောင့်နေစဉ် ကလေးငယ် ၂ ယောက် ပိုက်ဆံ လာတောင်းရာ အကြွေမရှိကြောင်းမပါကြောင်း ပြောတဲ့အခါ ကလေးငယ်တွေက ထွက်မသွား ဘဲ ဆံပင်ကိုကိုင်လိုက်၊ ပခုံးကိုပုတ်လိုက်၊ လက်လာကိုင်လိုက် နဲ့လုပ်နေတုန်း  လူလတ်ပိုင်းအမျိုးသား တစ် ယောက်က ကလေးတွေရဲ့ အကျီစကို ကိုင် ဆွဲခေါ်သွားပြီးအော်နေတာကို ကိုယ်တိုင်ကြုံတွေခဲ့တဲ့ အမျိုးသမီး ကခုလိုပြောပါတယ်။

“အဲ့လို(mask)တပ်ထားတဲ့သူကို မလုပ်နဲ့လို့ပြောထားတယ်လေလို့ တိုးတိုးပြောပြီး မလုပ်နဲ့လို့ ပြောထားပြီးပြီ နော်။ နောက်တခါတွေ့ရင် အသေပဲဆိုတဲ့စကားကိုတော့ ကျမကြားအောင်အော်ပြောတယ်။”လို့ ဆေးအရောင်း တာဝန်ခံအမျိုးသမီးမဇင်သူဝင်းက သူမကြုံတွေ ခဲ့တာကို ပြောပြပါတယ်။

သမိုင်းလမ်းဆုံကားဂိတ်အနီးနေထိုင်သူတွေရဲ့ပြောပြချက်အရ ဒီကလေးတွေက ပန်းရောင်းသလိုလို ပိုက်ဆံ တောင်းသလိုလိုနဲ့ ခရီးသွားပြည်သူတွေဆီက တို့ဆေးနဲ့ ပါလာတဲ့ပစ္စည်းတွေယူနေတယ်လို့ သိရကြောင်းပြော ပါတယ်။

အလားတူ သိမ်ကြီးဈေးမှ ဈေးဝယ်ပြန်လာရင်း လမ်းမှာ အမျိုးသမီးတစ်ဦးက ဖုန်းလုခံလိုက်ရလို့ဆိုပြီး ဖုန်းဌား ဆက်ခဲ့ပြီးအဲ့ဒီအချိန်မှာ သူမက  ဆွဲကြိုး၊ လက်ကောက် ၊ နားကပ်၊ လက်စွပ်တကွင်းဝတ်ထားပေမယ့် mask လည်းတပ်ထားတယ်လို့ ဒေါ်မြတ်မွန်ဆိုသူကပြောပါတယ်။

“အဲ့မှာမကြားရဘူးဆိုပြီး ခပ်လှမ်းလှမ်းမှာသွားပြောတယ်။ ကျမလည်း သူ့နောက်ကလိုက်သွားတယ်။ အဲ့မှာ ကျမကြားလိုက် တာကဟိုဟာကြီးတပ်ထားတာ မရဘူးတဲ့။ သူမှာအပြည့်တဲ့။ ပထမတော့ ကျမနားမလည် ဘူး။ ဖုန်းပြောပြီးတော့ သူအိမ်က လာခေါ်မှာ တစ်ယောက်ထဲဖြစ်လို့ကူစောင့်ပေးပါတဲ့။ ငါ့လည်းအလုပ်နဲ့ဆိုပြီး ဖုန်း လှမ်းယူတော့ မပေးဘဲ ခဏလေးပါ။ ခု လာနေပါပြီဆိုပြီးလုပ်တယ်။ ဒါနဲ့ငါမအော်ချင်ဘူး။ ခုဖုန်းပေး ဆိုတော့မှ မပေးချင်ပေးချင်နဲ့ ပေးပြီး အဲ့ဒီမတ်စ်ကြီးတပ်ပြီးသွား နေ အသက်ရှူကြပ်သေသွားအုန်းမယ်လို့ ကျမကို လှမ်ပြောတယ်။”လို့ သူ ဒေါ်မြတ်မွန်ကသူကြုံခဲ့ရတာကို ပြောပြပါတယ်။

ဒေါ်မြတ်မွန်က ဒီအကြောင်း အိမ်ကိုပြောပြတော့ လူမူကူညီရေးလုပ်နေတဲ့တူဖြစ်သူရဲ့ပြောပြချက်အရ တို့ဆေးလို့သိရပြီး mask တပ်ထားလို့ အန္တရာယ်မဖြစ်ခဲ့ကြောင်း သိခဲ့ရတယ်လို့ဆိုပါတယ်။

အခုဆိုရင် အမျိုးသမီးလေးတွေ သင်တန်းသွားရင်း ကျူရှင်သွားရင်း ဈေးသွားရင်းစသဖြင့် ပုံစံမျိုးစုံနဲ့ ပျောက် ဆုံးနေသလိုပျောက်ဆုံးနေသူအများစုဟာ တို့ဆေးနဲ့ ခေါ်သွားခံရပြီး ပစ္စည်းယူ ငွေညှစ်တာတွေလုပ်ပြီး ပြန်လွှတ်ပေးကြတယ်လို့ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေကပြောကြပါတယ်။

သင်တန်းသွားရင်းပျောက်ဆုံးသွားတဲ့အမျိုးသမီးတဦးဆို ရွှေပြည်သာကနေ လှည်းတန်းကို သင်တန်းတက် ဖို့ သွားစဉ် ဒညင်းကုန်းအရောက် ကားပြောင်းစီးချိန် ကားပေါ်မှာ တို့ဆေးမိသွားပြီး ညနေပိုင်း မိုးချုပ်ခါနီးလောက် ပုသိမ်မှာ အဘိုးအဘွားနှစ်ဦးကတွေ့ပြီး စောင့်ရှောက်ပေးထားတာလို့ဆိုပါတယ်။

ဆိုရှယ်မီဒီယာသုံးတဲ့လူတစ်ဦးက လူပျောက်ကြေညာတွေ့ဖူးထားတာကြောင့် အဆိုပါ အမျိုးသမီးရဲ့ မိခင်ကို အကြောင်းကြားခဲ့ပြီး ပြန်တွေ့ခဲ့တာလို့ဆိုပါတယ်။ဒါပေမယ့် ပျောက်သွားတဲ့အမျိုးသမီးရဲ့ ဖုန်း ဆွဲကြိုး ပါသွား တဲ့ပစ္စည်း အားလုံး ဘာတစ်ခုမှ ပြန်မရခဲ့ဘူးလို့လည်း လူမှုကွန်ရက်မှာ ရေးသားထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးက ဆရာဝန်ကြီးတစ်ဦးလည်း ဆေးခန်းမှာတစ်ဦးထဲရှိနေစဉ် အမျိုးသမီးလိုဝတ် ဆင်ထားတဲ့အမျိုးသားနှစ်ဦး လူနာဟန်ဆောင်ပြီး တို့ဆေးသုံး ဖုန်းနဲ့ ငွေကြေးတွေယူဆောင်သွား တဲ့ဖြစ်စဉ်က  ဒုစရိုက်သမားတွေရဲ့အတင့်ရဲလာတဲ့အနေအထားကို တွေ့မြင်နိုင်ပါတယ်။

လက်ရှိတို့ဆေးသမားတွေဟာ လတ်တလောအကျိုးအမြတ်အတွက်ပြန်ပေးပုံဆွဲစံမျိုးလုပ်ဆောင်နေပြီးလူကုန် ကူးမှုအဆင့်ထိတော့ ရောက်လာတာမတွေ့သေးဘူးလို့ဆိုပါတယ်။အသက် ၁၈ ၊ ၂၀ ဝန်းကျင်အရွယ် အမျိုးသား၊ အမျိုးသမီးနဲ့ ၁၀ နှစ်အောက်ကလေးငယ်တွေ ဆက်တိုက်ဆိုသလိုပျောက်ဆုံးနေတာလည်း တို့ဆေး လူပျောက် မှုတွေနဲ့ ဆက်စပ်နိုင်စရာရှိတယ်လို့သံသယရှိကြောင်း တရားလွှတ်တော်ရှေ့ကသုံးသပ်ထားပါတယ်။

တရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန်မှာ ကိုယ်တိုင်၊ မိသားစုနဲ့ ပတ်ဝန်းကျင်ကို ကာကွယ် ရှောက်ဖို့လိုကြောင်း တို့ ဆေးအန္တရာယ်ကို ပေါ့ပေါ့ဆဆမထားဘဲ လူမှုဝန်းကျင်မှုဖြစ်ပေါ်နေတဲ့မသာမာမှုတွေ မူမမှန်တာတွေ တွေ့ရင် အချင်းချင်း ဝိုင်းဝန်းကာကွယ်ကြဖို့ ဆရာဝန် ဦးမျိုးကျော်ကလည်း သတိပေးပြောဆိုထားပါတယ်။

“တို့ဆေးနဲ့ပတ်သက်ပြီး သတိထားရမှာတွေကတော့ မိမိခန္ဓာကိုယ်ကို တစိမ်းတစ်ယောက်အလွယ်တကူမထိ ကိုင်စေဖို့ အနည်းဆုံးအဖော်တစ်ယောက်မပါဘဲ အပြင်မထွက်ဖို့နဲ့မဖြစ်မနေသွားဖို့လိုအပ်ရင် N 95 လို Mask မျိုးတပ်သွားဖို့”လိုတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးမတည်ငြိမ်တာတွေ၊ တရားဥပဒေစိုးမိုးမှုမရှိလို့ ဒုစရိုက်မှုတွေများပြားလာနိုင်တာကြောင့် ကျရောက် လာမယ့် အန္တရာယ်တွေကို ကာကွယ်နိုင်ဖို့သူကအခုလိုအကြံပြု စကားဆိုထားပါသေးတယ်။

“ရုတ်တရတ်မူးလာတာ အိပ်ငိုက်သလိုဖြစ်လာရင် အမြန်လန်းဆန်းနိုင်မယ့်အချိုရည်မျိုးသောက်ပါ။ အဲ့လိုမဟုတ် ရင် မအိပ်မိအောင် ကိုယ့်ကိုကိုယ်နာအောင်တစ်ခုခုလုပ်ပါ။ နောက်ကိုယ့်အိမ်ကို ချက်ချင်းဖုန်းဆက်ပါ။ ကိုယ့်နေ ရာကို သေချာပြောပါ။ဒီလိုအချိန်ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုကာကွယ်နိုင်ဖို့ ဖြန်းတဲ့ ငရုတ်ရည်တို့ လေးညှင်းစေ့ ကထုတ်တဲ့စပရေးဗူးလေး တွေတို့ ဆောင်ထားသင့်တယ်။ mask လည်း တပ်ထားရပါမယ်။”လို့ ဆိုပါတယ်။

Author:

Related Articles