Home ဆောင်းပါး စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးထုရဲ့ပထမဆုံးပါဝင်မှုနဲ့ထူးခြားတဲ့ကဏ္ဍတချို့ စုစည်းဖော်ပြချက်

စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးထုရဲ့ပထမဆုံးပါဝင်မှုနဲ့ထူးခြားတဲ့ကဏ္ဍတချို့ စုစည်းဖော်ပြချက်

အနှစ်ချုပ်

၁၉၀၀ ခုနှစ်အစောပိုင်းစက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အမျိုးသမီးအလုပ်သမားတွေဟာလုပ်ခလစာမညီမျှမှု၊ မတ ရားခေါင်းပုံဖြတ်ခံရမှု၊လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှု လိင်ကျန်းမာရေးနဲ့ သားဆက်ခြား ခြင်းတွေနဲ့ပတ်သက်တဲ့ စောင့်ရှောက်ခွင့်တွေဆုံးရှုံးခဲ့ကြရပါတယ်။

၁၉၀၈ ခုနှစ်အမေရိကန်နိုင်ငံ နယူးယောက်မှာ အမျိုးသမီးအလုပ်သမားထုတစ်သောင်းခွဲကျော်ကအမျိုးသမီး တွေမဲပေးခွင့်ရရှိရေး၊ မျှတတဲ့အလုပ်ချိန်သတ်မှတ်ပေးရေး၊ လုပ်ခလစာတန်းတူရရှိရေးတို့အတွက်ချီတက်လမ်း လျှောက်ပြီးဆန္ဒပြ‌တောင်းဆိုခဲ့ကြပါတယ်။

အဲ့ဒီလိုတိုက်ပွဲဝင်တောင်းဆိုမှုကိုအသိအမှတ်ပြုတဲ့အနေနဲ့ အမျိုးသမီးတွေ အခွင့်အရေးတန်းတူညီမျှရရှိရေး အတွက် နိုင်ငံတိုင်းမှာ နှစ်စဉ်ရက်တစ်ခုသတ်မှတ်ပြီးကျင်းပဖို့ ဂျာမနီဆိုရှယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီး ဌာနခေါင်းဆောင် ကလာရာဇက်ကင်ဆိုသူက ၁၉၁၀ ခုနှစ် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ မှာပြု လုပ်ခဲ့တဲ့နိုင်ငံ တကာအမျိုးသမီးအလုပ်သမားညီလာခံမှာအဆိုတင်သွင်းခဲ့ပါတယ်။

အဲ့ဒီအဆိုကို နိုင်ငံပေါင်း (၁၇) နိုင်ငံကအလုပ်သမားသမဂ္ဂ၊ဆိုရှယ်လစ်ပါတီ၊အမျိုးသမီးအလုပ်သမား အဖွဲ့တွေ အပါအဝင် အမျိုးသမီး(၁၀၀)ကျော်ကသဘောတူညီခဲ့ကြပါတယ်။

ပြီးနောက် ၁၉၇၅ ခုနှစ်မှာ မတ်လ ၈ ရက်နေ့ကို ကုလသမ္မဂကအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် တရားဝင် သတ်မှတ်ပြီးစတင်ကျင်းပခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်မှာတော့ မတ်လ (၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ် နိုင်ငံပေါင်း(၂၈) နိုင်ငံမှာ တရားဝင် အစိုးရရုံပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ပါတယ်။  အဲ့ဒီနောက်ပိုင်းကစလို့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ရောက်တိုင်း အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက် တဲ့အသိပညာပေးလှုပ်ရှားမှုတွေ ၊ချီတက် လမ်းလျှောက်ပွဲတွေ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကျင်းပလာကြပါတယ်။

အမျိုးသမီးထုရဲ့တိုက်ပွဲဝင်တောင်းဆိုမှုတွေကြောင့် သမိုင်းတလျှောက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေဖြစ်ပေါ် လာခဲ့တာတွေကို တွေ့နိုင်ပါတယ်။

လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ငြိမ်းချမ်းပြီးတရားမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အမျိုးသမီးတွေဟာကျရာ ကဏ္ဍကနေရှေ့တန်းက ပါဝင်နေကြပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ကစ လက်ရှိအချိန်ထိ ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေကြတဲ့ အမျိုးသမီးထုရဲ့ ပါဝင်မှုအခန်းကဏ္ဍတွေထဲကပထမဆုံးနဲ့ထူးခြားတဲ့ကဏ္ဍတချို့ကို ဒီနေ့ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ စုစည်းဖော်ပြပေး လိုက်ပါတယ်။

ပထမဆုံးလမ်းပေါ်ထွက်ခဲ့ကြတဲ့ အမျိုးသမီးများ

စစ်ကောင်စီအာဏာသိမ်းကြောင်းစတင်ကြေညာခဲ့တဲ့ ဖေဖော်ဝါရီလ(၁)ရက်နေ့ပြီးနောက်နေ့ဖြစ်တဲ့ ဖေဖော် ဝါရီလ (၂)ရက်နေ့မှာ လူမှုကွန်ရက်တွေကနေတစ်ဆင့် အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုံဆော်မှုတွေနဲ့ တော်လှန် ရေးခရီးအစပြုခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ မန္တလေးဆေးတက္ကသိုလ်ရှေ့မှာစပြီး တက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ငြိမ်းချမ်းစွာဆန္ဒပြမှုပထမဆုံးပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီသပိတ်မှာ ပါဝင်ခဲ့တဲ့လူငယ်တွေအနက် မအေးမြင့်အောင်အောင် လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးလည်း ပါဝင် ပြီး အမျိုးသမီးသပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် တော်လှန်ရေး တာဝန်တွေကိုပုခုံးထမ်းနေ ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။

မအေးမြင့်အောင်အောင်ဟာ အညာဒေသရဲ့လူထုသပိတ်တွေကိုလက်ရှိချိန်ထိဦးဆောင်နေပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တချို့နဲ့ လူထုကိုနိုင်ငံရေးအသိပညာမျှဝေမှုတွေကိုမြေပြင်မှာဖော်ဆောင်နေသူဖြစ်ပါတယ်။

ဖေဖော်ဝါရီလ (၆)ရက်နေ့မှာတော့ ရန်ကုန်မြို့လှည်းတန်းမှာ အလုပ်သမားထုနဲ့အတူ၊ တက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ လူထုဆန္ဒပြပွဲပြီးစတင်ခဲ့ကြတယ်။ဒီဆန္ဒပြပွဲကအလုပ်သမားထုတွေထဲမှာ ထမင်းချိုင့်ကိုင်ဆွဲပြီး အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေကို သံပြိုင်ဟစ်ကြွေးနေခဲ့ကြတဲ့ အမျိုးသမီးအလုပ်သမားတွေ အများဆုံးပါဝင်ခဲ့ကြပါတယ်။

အဲ့ဒီနေ့မှာပဲ အစောဆုံးလမ်းပေါ်ထွက်ခဲ့ကြသူတွေထဲမှာ တက်ကြွလှုပ်ရှားသူ အမျိုးသမီးနှစ်ဦးဖြစ်တဲ့ အိသဥ္ဇာ မောင်နဲ့အက်စတာဇေနောတို့ ဦးဆောင်တဲ့ လူထုသပိတ်ဟာ နွေဦးတော်လှန်ရေးစာမျက်နှာအဖွင့်ဖြစ်ခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး  လူထုသပိတ်တွေပေါ်ပေါက်ဖို့စတင်တပ်လှန့်တဲ့နေရာမှာ ရှေ့တန်းကပါဝင်ခဲ့တဲ့ အိသဥ္ဇာမောင်ကလက်ရှိမှာ အမျိုးသားညီညွှတ်ရေးအစိုးရ အမျိုးသမီးလူငယ်နဲ့ကလေး သူငယ်ရေးရာ ဝန်ကြီး ဌာနမှာဒုတိယဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေပါတယ်။

အက်စတာဇေနောကတော့လက်ရှိမှာအချိန်ထိလူမှုတရားမျှတရေးတက်ကြွလှုပ်ရှားသူအဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုဆက်လက်ဆောင်ရွက်နေပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာရှေ့ဆုံးကပါဝင်ခဲ့တဲ့ သူမတို့နှစ်ဦးကို TIME မဂ္ဂဇင်းရဲ့ ကမ္ဘာ့လွှမ်းမိုး မှု အရှိဆုံးစာရင်းမှာဖော်ပြခံခဲ့ရပါတယ်။

ပထမဆုံး အမျိုးသမီးသပိတ်

နွေဦးတော်လှန်ရေးအစပိုင်းကာလမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သပိတ်စစ်ကြောင်းတွေတိုင်းနဲ့ပြည်နယ် အနှံ့ရှိခဲ့ကြပါတယ်။ နောက်ပိုင်းမှာစစ်ကောင်စီက ဆန္ဒပြပွဲတွေကိုအကြမ်း ဖက်ဖြိုခွင်းမှုတွေပြုလုပ်လာတဲ့ အတွက် ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ပြောက်ကျားသပိတ်တွေပေါ်ပေါက်လာခဲ့ပါတယ်။ ပြောက်ကျား သပိတ်တွေအနက် အမျိုးသမီးတွေဦးဆောင်ခဲ့တဲ့ပထမဆုံးအမျိုးသမီးသပိတ်တစ်ခုက၂၀၂၁ ခုနှစ်ဇွန်လ (၁၀)ရက်နေ့က မန္တလေးမှာ စတင်ခဲ့တယ်။

“အမျိုးသမီးတွေမပါရင် ဒီတိုက်ပွဲကမအောင်နိုင်ပါဘူး”ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူ ဇွန်လထဲမှာပဲ ရန်ကုန်မှာ လည်း ၂၁ရာစုရဲ့ ပန်ထွာဘုရင်မ သပိတ်စစ်ကြောင်းတစ်ခုကိုအမျိုးသမီးတွေဦးဆောင်ခဲ့ကြပါတယ်။

အဲ့ဒီနောက်ပိုင်းကစပြီး ရန်ကုန်၊မန္တလေးအပြင်၊ အညာဒေသတွေမှာအမျိုးသမီးသပိတ်တွေ ခပ်စိတ်စိတ်ပေါ် ထွက်လာခဲ့ပါတယ်။

ဆန္ဒပြရင်း ပထမဆုံးကျဆုံးခဲ့တဲ့အမျိုးသမီး

စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့်သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ နေပြည်တော်က အသက်(၁၉)နှစ် အရွယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့မမြသွဲ့သွဲ့ခိုင်ဟာပထမဆုံးအမျိုးသမီးဖြစ်ပါတယ်။

 ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၉ ရက်၊ နေပြည်တော်သပြေကုန်း ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာ မမြသွဲ့သွဲ့ခိုင်ရဲ့ဦးခေါင်းကိုကျည်ထိမှန်ခဲ့ပြီး မမြသွဲ့သွဲ့ခိုင် ကိုနေပြည်တော် ကုတင်တစ်‌‌ထောင်ဆေးရုံမှာ ဆေးကုသခဲ့ပေမယ့်သေဆုံးခဲ့ပါတယ်။

ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ ထဘီအလံသပိတ်

နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ ၂၀၂၁ခုနှစ်မတ်လ ၈ ရက်နေ့မှာ မြန်မာနိုင်ငံမှာထဘီအလံနဲ့ ထဘီ ခေါင်း ပေါင်းသပိတ်တွေ နိုင်ငံနဲ့အဝန်းပေါ်ပေါက်ခဲ့တယ်။

ထဘီအလံသပိတ်တွေ မထွက်ခင်အစောပိုင်းရက်မှာလည်း ထဘီတွေ၊ အမျိုးသမီးဝတ် အတွင်းခံတွေကို ကြိုးနဲ့ တန်းကာ လမ်းမတွေပေါ်မှာချိတ်ဆွဲပြီး စစ်ကောင်စီတပ်တွေ အလွယ်တကူမဝင်ရောက်နိုင်အောင် ခံတပ် အဖြစ်အသုံးပြုခဲ့ကြပါသေးတယ်။

အဲ့ဒီနောက်ပိုင်း အမျိုးသမီးထုဦးဆောင်တဲ့ သပိတ်စစ်ကြောင်းတွေမှာလည်း ထဘီအလံတွေအသုံးပြုကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့သပိတ်တွေ ထွက်ခဲ့ကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေကပါ ထဘီအလံတွေကိုင်ဆောင်တာ၊ ထဘီခေါင်းပေါင်းပြီး သပိတ်စစ်ကြောင်းတွေထွက်ခဲ့ကြပါတယ်။

 ၂၀၂၂ခုနှစ်မှာမတ်လ(၈)ရက်နေ့မှာလည်း ထဘီအလံသပိတ်လှုပ်ရှားမှုတွေနဲ့ စစ်အာဏာရှင်ကို တော်လှန်ခဲ့ ကြပါတယ်။

အမျိုးသမီးဝတ်တဘီတွေကို တော်လှန်ရေးနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုး၊ အသွင်ပုံစံအမျိုးမျိုးနဲ့ အသုံးပြုနေကြတဲ့အပေါ်မှာ မတူညီတဲ့ဝေဖန်မှုတွေ ၊ ဝိဝါဒကွဲလွဲတဲ့ထောက်ပြဝေဖန်မှုတွေရှိခဲ့ပါတယ်။

ဒီလိုအမြင်မတူမှုတွေရှိနေပေမယ့်လည်း လက်ရှိအချိန်အထိသပိတ်စစ်ကြောင်းတွေမှာ အမျိုးသမီးဝတ် ထဘီတွေကလွှမ်းခြုံနေဆဲဖြစ်ပါတယ်။

မြန်မာ့သမိုင်းမှာ ပထမဆုံးထဘီအလံသပိတ်တွေအစပြုခဲ့ရာ ပြယုဂ်တစ်ခုဖြစ်ပါတယ်။

အမျိုးသမီးပါဝင်မှုများလာတဲ့ ပထမဆုံးအစိုးရအဖွဲ့

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကအမျိုးသားညီညွှတ်ရေးအစိုးရကို ၂၀၂၁ခုနှစ် ဧပြီလ(၁၆)ရက်နေ့ကဖွဲ့စည်းလိုက်ပါတယ်။

အစိုးရအဖွဲ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုဝန်ကြီး နေရာမှာ အမျိုးသမီး(၃)ဦး၊ဒုတိယဝန်ကြီးနေရာမှာ အမျိုးသမီး(၃)ဦးနဲ့ဖွဲ့စည်းထားပါတယ်။

ပြည်ထောင်စုဝန်ကြီးနေရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါ်ဇင်မာ‌အောင်၊ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် နော်စူစန်နာလှလှစိုး စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါ်ခင်မမမျိုးတို့ဖြစ်ပါတယ်။

ဒုတိယဝန်ကြီးနေရာမှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာရွှေပုံ၊ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဂျာထွယ်ပန်၊အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အိသဥ္ဇာမောင်တို့ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်အစိုးရအဖွဲ့တွေထဲမှာ အမျိုးသမီးပါဝင်မှုအများဆုံးလို့ပြောလို့ရတဲ့ နွေဦးတော်လှန်ရေး အတွင်း ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့တစ်ခုဖြစ်လာခဲ့ပါတယ်။

ပထမဆုံးအမျိုးသမီးပြည်သူ့ကာကွယ်ရေးတပ်

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာမှာ ဆန္ဒပြရုံနဲ့မလုံလောက်တဲ့အခါ စစ်ရေးအရလက်နက်ကိုင်လမ်းစဉ် ကိုရွေး ချယ်လာကြပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေပေါ်ပေါက်လာခဲ့ပြီးလက်နက်ကိုင်ကြသူအများစုကတော့ အမျိုးသားတွေဖြစ်ကြပါတယ်။

ပထမဆုံးအမျိုးသမီးတွေသီးသန့်ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မြောင်အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့ပဲဖြစ်ပါတယ်။

၂၀၂၁ခုနှစ်အောက်တိုဘာလမှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးCDM ဆရာမတွေ၊ကျောင်းသူတွေ၊အိမ်ထောင်ရှင်မတွေ နဲ့ ဖွဲ့စည်းထားသလို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းကာ စစ်ကောင်စီကိုခြေမှုန်းမှုတွေ ဆောင် ရွက်နေပါတယ်။

အဖွဲ့အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွက်လာရေး၊ ကျား၊မတူးတန်းအခွင့်အရေးရရှိရေးတွေဖော် ဆောင် သွားဖို့ ကတိပြုထားပြီး လက်ရှိမှာလည်းစစ်ကောင်စီကိုတိုက်ခိုက်ခြေမှုန်းလျှက်ရှိနေပါတယ်။

ပထမဆုံး အမျိုးသမီးဒရုန်းတပ်ဖွဲ့

T.G.R Women Drone Force ဟာ နွေဦးတော်လှန်ရေးမှာ ပထမဆုံးအမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒရုန်းတပ်ဖွဲ့ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာလည်းခေါင်းဆောင်ဖြစ်နိုင်တယ်။ စစ်ရေးမှာ ဦးဆောင်တိုက်ခိုက်နိုင်တယ် ဆိုတာကိုပြသဖို့ အတွက်၂၀၂၂ခုနှစ်ဇွန်လမှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဒီအဖွဲ့မှာခေါင်းဆောင်အဖြစ်ကျားခင်စိန်အပါအဝင်အမျိုးသမီး ၁၅ ဦးနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိအချိန်ထိလည်း အမျိုးသမီးဒရုန်းတပ်ဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကို ရင်ဆိုင်တိုက်ခိုက် နေဆဲဖြစ်ပါတယ်။

ပထမဆုံးစစ်တပ်ကိုဆန့်ကျင်ခဲ့တဲ့ ပြည်သူ့စစ်သားဇနီးများ

စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေနဲ့အတူ အစိုးရဝန်ထမ်းတွေဟာ လည်း CDM လှုပ်ရှားမှုတွေမှာ တစ်ခဲနက် ပါဝင်ခဲ့ကြပါတယ်။ ဒီလိုပါဝင်မှုကြောင့် မြန်မာနိုင်ငံရဲ့အကြမ်းမဖက် စစ်အာဏာရှင်ဆန့် ကျင်ရေး CDM လှုပ်ရှားမှုကို ၂၀၂၂ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခံ ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။

အစိုးရရုံးဝန်ထမ်းတွေသာမက တပ်မတော်သားတွေကိုလည်း CDM ပြုလုပ်ကာ ပြည်သူလူထုဘက်ရပ်တည်ဖို့ ဖိတ်ခေါ် လှုံ့ဆော်မှုတွေပြုလုပ်ခဲ့ကြသလို ပြည်သူလူထုဘက် ရပ်တည်လာခဲ့တဲ့ တပ်မတော်သား တွေရှိလာခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ ပြည်သူ့ဘက်မျက်မှာမူဖို့အတွက် ဇနီးသည်တွေရဲ့တိုက်တွန်းမှုကလည်း တော်လှန်ရေး မှာအရေးပါခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ ပြည်သူ့စစ်သားဇနီးများ ရဲ့တော်လှန်ရေး အရွေ့မှာပါဝင်မှုကလည်းမေ့ထားလို့မရပါဘူး။

ပြည်သူ့စစ်သားဇနီးတွေကိုယ်တိုင်စစ်ကောင်စီကိုဆန့်ကျင်ကာ ပြည်သူ့ဘက်မျက်နှာမူခဲ့သလို CDM မိသားစုတွေ အချင်းချင်းလည်းထောက်ပံ့ကူညီတာတွေ၊စစ်တပ်ထဲက မိသားစုတွေကို CDMလုပ်ဖို့ တိုက်တွန်းမှုတွေ ဆက်လက် လုပ်ဆောင်နေကြပါတယ်။

……

အထက်ပါဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာစစ်တပ်ကစစ်အာဏာသိမ်းဖို့ကြိုးပမ်းစဉ်ကာလအတွင်းကစပြီး နွေဦးတော်လှန်ရေးကဏ္ဏအသီးသီးမှာဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီးထုတွေထဲ ပထမ ဆုံးပါဝင်ခဲ့ကြသူတွေနဲ့ပထမဆုံး ကျဆုံးခဲ့တဲ့အမျိုးသမီးတချို့အကြောင်းစုစည်းဖော်ပြပေးထားတာပါ။

အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်းမှာတော့ စစ်ကောင်စီကြောင့်နိုင်ငံတစ်ဝန်းအမျိုးသမီး(၇၅၄)ဦးအထိ သေဆုံးခဲ့ ပြီးစုစုပေါင်းအမျိုးသမီး(၃,၂၉၉)ဦးဖမ်းဆီးထိန်းသိမ်းခံထားရသလိုအဲဒီအထဲကအမျိုးသမီး (၇၆၉)ဦး အထိ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Author:

Related Articles