သတင်းဆောင်းပါး
“ရခိုင်မှာရရှိထားတဲ့ ရခိုင်နဲ့ မွတ်ဆလင်တွေအကြား ချစ်ကြည်ရင်းနှီးမှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ အတွက် လူမျိုးပေါင်းစုံဟာ စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြဖို့လိုပြီး အယူသည်း၊ အစွဲအလန်းကြီးတာတွေကို လျှော့ချ ဖို့လိုတယ်။”
သတင်းဆောင်းပါး
“ရခိုင်မှာရရှိထားတဲ့ ရခိုင်နဲ့ မွတ်ဆလင်တွေအကြား ချစ်ကြည်ရင်းနှီးမှုတွေကို ဆက်လက် ထိန်းသိမ်းထားဖို့ အတွက် လူမျိုးပေါင်းစုံဟာ စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြဖို့လိုပြီး အယူသည်း၊ အစွဲအလန်းကြီးတာတွေကို လျှော့ချ ဖို့လိုတယ်။”
“အုတ်နံရံမှန်းတော့သိတယ်။ ခေါင်းမာလို့တိုက်နေတာမဟုတ်ဘူး။ အသည်းမာလို့တိုက်နေတာ။ ဒီစနစ်ကို အပြီး တိုင်တိုက်မှဖြစ်မှာမို့ နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပေမယ့် ဆီဖြစ်မယ့်အထဲမှာ၊ နှမ်းစေ့မြောက်များစွာထဲမှာ ကိုယ်ပါဝင် ခွင့်လေးတော့ ရချင်မိတယ်”
” ပွဲဈေးရှိတဲ့ကာလတွေကတော့ ဈေးသည်တိုင်း ငွေရွှင်တာပေါ့။ ဘာရောင်းရောင်း စားကြဝယ်ချမ်းကြတာပါပဲ။ ပွဲမရှိတဲ့ကာလကတော့ တော်တော်ခက်ခဲတာပေါ့။ ဈေးတွေမှာ သွားရောင်းလည်း ရောင်းရတဲ့ပိုက်ဆံက စားလို့မလောက် ဘူး။ လမ်းစရိတ်တောင် ရှုံးတယ်”
“စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သလို ကျနော်တို့ သင်ခန်းစာယူစရာ အဖြစ်အပျက်လည်း ဖြစ်ပါလိမ့် မယ်။ ဘာကြောင့်လည်းဆိုတော့ အရပ်သားတွေ ပါဝင်မှုလည်း ရှိတယ်။ နောက်တစ်ခါ မိသားစုတစ်စုထဲ ကလေး သူငယ်ပါ ပါဝင်နေတဲ့ကိစ္စလည်း ဖြစ်တယ်။ ဒါက ကျနော်တို့ ဘယ်လိုမှ မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်မျိုး ဖြစ်ပါတယ်”
“အရပ်သားတွေ ဖမ်းဆီးတာတော့ မလုပ်စေချင်ဘူး။ အထူးသဖြင့် အမျိုးသမီးတွေကိုပါ ဖမ်းဆီးလာတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးဟာ ပိုပြီး စိုးရိမ်စရာဖြစ်လာတယ်။ ဖမ်းဆီးရင်လည်း အကျိုးနဲ့အကြောင်း မေးပြီးပြန် လွှတ်စေချင်တယ်။ မိသားစုတွေ နစ်နာမှုမဖြစ်စေချင်ဘူး။ ဒီလိုသာမဖြေရှင်းရင် ရေရှည်မှာလူမျိုးရေး ပြဿနာ တွေ ပိုကြီးထွားလာမယ်”
” အဓိက ကတော့ ကလေးတွေစိတ်ဒဏ်ရာဖြစ်မယ့်ဟာကို စိုးရိမ်ရတယ် ဘာဖြစ်လို့တုန်းဆို အရွယ်အားဖြင့် လေးနှစ်ငါးနှစ်ကျော် ဆယ်နှစ်ကျော်ကလေးတွေက တောက်လျှောက် အတူနေခဲ့ပြီး မြင်လိုက်ရတော့လေ။ ကျောင်းဆောင်တွေထဲမှာ ကလေးတွေရဲ့ သွေးအိုင်တွေ စာအုပ်တွေကအစကျန်နေသေးတဲ့အတွက်သူတို့ အတွက် အိမ်မက်ဆိုးကြီးဖြစ်မှာစိုးရိမ်မိတယ်”
“ကျမတို့က တိုက်ပွဲတွေကြောင့် ပြေးလာရတဲ့စစ်ရှောင်တွေလေ။ ကျမတို့ကိုယ်တိုင်က ဘာသာမတူ၊ လူမျိုးမတူ လို့ ရန်သူလို့ သဘောထားပြီး ရန်ဖြစ်နေရင် ဘယ်လိုသွားငြိမ်းချမ်းမလဲ။ ကိုယ်က အေးအေးချမ်းချမ်းနေချင်ရင် သူများလည်းငြိမ်းချမ်း အောင်လုပ်ပေးရမယ်လေ”
“အိမ်မှာနေလည်း ကျွန်မပဲဦးဆောင်ရတယ်။ ကလေးလည်းများတယ်။ ငွေရေးကြေးရေး၊ စားဝတ်နေရေး အခုစစ်ဘေးရှောင်ရတဲ့အချိန်မှာလည်း ကိုယ်ပဲ ဦးဆောင်ရတယ်”
မိသားစုဝမ်းရေးအတွက် ဒီအလုပ်ကို လုပ်နေရတဲ့ ဒေါ်မိညိုအဖို့ တစ်လကိုရတဲ့ လစာငွေဟာ ကိုးသောင်းကျပ်သာ ဖြစ်တဲ့အတွက် ဆန်တစ်အိတ်ဖိုးသာရရှိနေပြီး ထမင်းကို ဆားဖြူးပြီးစားရတဲ့နေ့တွေလည်း မနည်းတော့ဘူးလို့ ဒေါ်မိညိုက ဆက်ပြောပါတယ်။
“ ဖိုးသားရေ .. ထမင်းစားမယ်လေ”လို့ မိခင်ဖြစ်သူက သားကို ထမင်းစားဖို့ခေါ်တာက သာမာန်ကိစ္စမို့အထူးအဆန်းမဟုတ် ပါဘူး။ သို့ပေမဲ့ ဒေါ်ဌေးရဲ့အိမ်မှာတော့ အခုလိုတွေခေါ်လိုက်တိုင်း ကျန်တဲ့မိသားစုဝင်တွေမှာ မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြ ရပါတယ်။