Home အမျိုးသမီးများအသံ
Category:

အမျိုးသမီးများအသံ

အမျိုးသမီးများအသံ

  • ဂျန်ဒါ ဒိုင်ယာလော့အစီအစဉ်ဟာဆိုရင် ဂျဲန်ဒါအရေးကို ပြည်သူလူထုတွေက အမျိုးသမီးနဲ့ပဲ ဆိုင်တယ်လို့ မမြင်ပဲ အားလုံးနဲ့ ဆိုင်တာကို အတွေးအခေါ် /အမြင်တွေ မြင်လာစေဖို့နဲ့ တော်လှန်ရေး ကာလအတွင်းမှာ ဂျဲန်ဒါအရေးကိုလည်း အရေးကြီးသည့်ကဏ္ဍတခုအဖြစ် ထည့်သွင်းစဉ်းစားလာဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

  • ကလေးကျောင်းတက်နေတာ ၃ ယောက်တော့ ရှိတယ်။ စစ်‌ရှောင်လာတာကလည်း ဘာမှ မပါလာတော့ ဘာမှမ မရှိဘူးလေ။ အလုပ်လည်း မရှိ ခြံလည်း မရှိတော့ ဘာလုပ်စားရမှန်း မသိ။ စားဝတ်နေရေးက တစ်ဖက်နဲ့ ကျောင်းစရိတ်ကလည်း များတော့ မလွယ်ဘူး။
    ကျမတို့မှာ ရွေးချယ်စရာ များများစားစား မရှိဘူး။ သားသမီးအတွက် ကျောင်းစရိတ်က တစ်ဖက်နဲ့ဆိုတော့ တော်တော်လေးတော့ ရုန်းကန်နေရတယ်။ အိမ်လည်း ဘယ်အချိန်မှ ပြန်ရမှာလဲ မသိဘူး။

  • ကိုယ့်လုံခြုံရေးက မကောင်းဘူး။ ဒါပေမယ့် ကျမ ဒီအလုပ်ကို ဆက်မလုပ်ရင် ဆေးပေးခန်းမရှိတဲ့ ဒေသခံတွေ တော်တော်လေး ခက်ခဲနေလိမ့်မယ်။ ဆေးရုံသွားဖို့ကလည်းဝေး လမ်းခရီးက ကြမ်းဆိုတော့။ ဒါကြောင့်လည်း ဒီအလုပ်ကိုတော့ ဆက်လုပ်နေအုန်းမယ်။ အာဏာရှင် မပြုတ်သရွေ့ ကျမ လုပ်ငန်းခွင်ထဲ ပြန်ဝင်မှာ မဟုတ်ဘူး။

  • “အမေများနေ့မှာ အမေနဲ့ အတူမရှိပေးနိုင်တာက ကျမအတွက် အရမ်းဝမ်းနည်းဖို့ အရမ်းကောင်းတယ်။ စိတ်ဓာတ်တွေ ကျရင် အမေနဲ့ စကားပြောပြီး ခွန်အားပြန်ယူတယ်။ အမေက ကျမတွက် အကောင်ဆုံးပါ။ အမေကို ချစ်တယ်လို့ ပြောချင်တယ်။”

  • ကျမတို့က ကိုယ့်အိမ်မှာ နေတုန်းကလည်း သေနတ်တွေ၊ လက်နက်ကြီးတွေကြောင့် အသက်ရှင်ဖို့ ထွက်ပြေးလာကြတယ်။ ဒီရောက်တော့လည်း ရာသီဥတု ဖောက်ပြန်ပြီး မိုးသီးတွေကျတော့ ထပ်‌ပြေးပြန်ရတယ်။ ဘဝကလည်း မလွယ်လိုက်တာ။

  • ရေကို ချွေတာနေရတယ်။ တနေကုန်ရေမသောက်ရတဲ့ ရက်ရှိတယ်။ ရေကို ပုံမှန်မသောက်ရတော့ ဆီးအောင့်တာလည်း ဖြစ်တာပဲ။ ‌ရေရှားတော့အမျိုးသမီးတွေ အတွင်းခံအဝတ်တွေ အဝတ်ပုံမှန် မလျှော်နိုင်ဘူး။

  • နေအိမ်ကိုစွန့်ခွာပြီး စစ်ရှောင်စခန်း၊ တောထဲ တောင်ထဲမှာ စစ်ရှောင်နေကြရတဲ့ စစ်ရှောင် အမျိုးသမီးတွေရဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရင်တွင်းခံစားချက်တွေကို စုစည်းကောက်နုတ် ဖော်ပြလိုက်ပါတယ်။

  • “ အမျိုးသမီးတွေရဲ့ခွန်အားကို ယုံကြည်လေးစားပြီး သူတို့လုပ်နိုင်တဲ့နေရာ၊ စွမ်းဆောင်နိုင်တဲ့နေရာတွေ တိုက်ခွင့်ပေးစေ ချင်တယ်။ လုပ်နိုင်ရင်လုပ်နိုင်သလောက် အခွင့်အရေးပေးတာမျိုးဖြစ်စေချင်တယ်။ အသက်တွေရင်းတိုက်ရတဲ့ စစ်ပွဲတွေကို သေမှာကြောက်ရက်နဲ့ ကိုယ်တိုင်လက်နက်ကိုင်တိုက်နေ တိုက်ပွဲဝင်နေတယ်ဆိုတာ တော်ရုံသတ္တိမဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီးစစ်မေတွေကို ခွဲခြားပြီးမဆက်ဆံစေချင်ဘူး။”

  • စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့နေရာမှာ အမျိုးသမီးတွေပါဝင်ခဲ့ကြသလို လက် နက်ကိုင်တိုက်ပွဲဝင်ဖို့ စစ်သင်တန်းတက်ကြတဲ့နေရာမှာလည်း အမျိုးသမီးတွေပါဝင်ခဲ့ကြတယ်။ ယခုဆိုရင်တော့ အမျိုးသမီး အချို့ဟာ ရှေ့တန်းစစ်မြေပြင်ကိုရောက်ရှိနေပါပြီ။

  • မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပြီး ဒီလိုနေ့တွေရောက်တိုင်း နိုင်ငံတကာမှာပြုလုပ် ကျင်းပသလို မြန်မာနိုင်ငံမှာလည်း အမျိုးသမီးအဖွဲ့အစည်းတွေဟာ မြို့ကြီးပြကြီးပေါ်မှာပြုလုပ်တဲ့ လှုပ်ရှားမှုတွေအပြင် ကျေးရွာထိဆင်းပြီး ဟောပြောပွဲတွေ၊…