Home အမျိုးသမီးများအသံ
Category:

အမျိုးသမီးများအသံ

အမျိုးသမီးများအသံ

  • သတ္တုတွေ တူးဖော်တော့ ထွက်လာတဲ့ အညစ်အကြေးတွေကို ချောင်းထဲ မြစ်ထဲတွေမှာ ပစ်တာတို့ဆိုရင် ဒေသခံတွေ ပြည်သူတွေကို ရောဂါကူးစက်မှုတွေ ဖြစ်စေတယ်။

  • “တပ်ထဲက ထွက်လာတော့ ကောင်းကောင်းခံစားလိုက်ရတာက လွတ်လပ်မှု ရှိတယ်။ တစ်ခုခု လုပ်မယ်ဆိုရင် ဟိုလူ့ကို ကြည့်ရ ဒီလူ့ကို ကြည့်ရတာမျိုး မလုပ်ရဘူး။ စကားပြောရင်လည်း အထက်အောက် မဟုတ်ဘူး။ တန်းတူ ဆက်ဆံတာ ခံရတယ်။”

  • စိတ်ကို ဘယ်လိုအားတင်းပြီးနေရသလဲဆိုတော့ တော်လှန်ရေးမှာ မိသားစု မစုံတော့တဲ့ သူတွေရယ်၊ ကိုယ်လက်အင်္ဂါ မရှိတော့တဲ့ သူတွေရယ်၊ ကိုယ့်သားအရွယ် သမီးအရွယ်လေးတွေ တောထဲ၀င်ပြီး အသက်စွန့်ပြီး တိုက်ပွဲ၀င်နေတဲ့ သူတွေရယ်နဲ့ စာရင် ကျမတို့ ဒုက္ခဆိုတာ ဘာမှ မဟုတ်ပါဘူး။

  • ဂျဲန်ဒါဒိုင်ယာလော့အစီအစဉ်ရဲ့ ကဏ္ဍတခုအဖြစ် အမေးအ ဖြေကဏ္ဍတွင် ဆရာမချောစုဟန်ရဲ့ ဆွေးနွေးချက်တွေကို နားထောင်ရမှာဖြစ်ပါတယ်

  • ကျမတို့ နေတဲ့ နေရာက မြွေပေါတယ်။ ဘယ်မှ မသွားရဲဘူး။ တောမှာက မီးကလည်း မရှိဘူးလေ။ ဆိုလာမီးလေးတွေနဲ့ပဲ နေကြတာဆိုတော့။ ဘယ်လောက်ပဲ နီးနီး မီးမပါပဲ လုံးဝ မသွားရဘူး။ ဘယ်သူမှလည်း မသွားရဲကြဘူး။ ဒါပေမယ့် စစ်ကြောင်းထိုးလာပြီဆိုရင်တော့ မြွေတွေ ဘာတွေ ကြောက်ချိန် မရဘူး။ လွတ်တဲ့နေရာ တွေ့တဲ့ နေရာ ပြေးရပြန်တာပါပဲ။

  • ဂျန်ဒါတန်းတူညီမျှမှုအတွက်လုပ်ဆောင်နေကြတဲ့ အမျိုးသမီးခေါင်းဆောင်များပါဝင်ဆွေးနွေးထားတဲ့ Gender Dialogue ဆွေးနွေးပွဲမှ ပြောစကားတချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

  • CDM စလုပ်ပြီးကတည်းက အမေတို့နဲ့ ခြံလုပ်နေတာ အခုထိပဲ။ အရင်ကတော့ ကျောင်းဖွင့်ရင် အဖြူစိမ်းလေးနဲ့ ကျောင်းသွားတာပေါ့။ အခုတော့ ပေါက်ပြားကိုင်တယ်။ ခြံသွားပြီး တောင်ယာပေါက်တယ်။ ပေါင်းနုတ်တယ် အကုန်လုပ်တယ်။
    နေ့စားလိုက်သင့်ရင်လည်း လိုက်တယ်။ အနည်းဆုံးတော့ စစ်အာဏာရှင် စနစ်အောက်မှာ ကျွန်မခံရဘူးလေ။

  • ဂျန်ဒါ ဒိုင်ယာလော့အစီအစဉ်ဟာဆိုရင် ဂျဲန်ဒါအရေးကို ပြည်သူလူထုတွေက အမျိုးသမီးနဲ့ပဲ ဆိုင်တယ်လို့ မမြင်ပဲ အားလုံးနဲ့ ဆိုင်တာကို အတွေးအခေါ် /အမြင်တွေ မြင်လာစေဖို့နဲ့ တော်လှန်ရေး ကာလအတွင်းမှာ ဂျဲန်ဒါအရေးကိုလည်း အရေးကြီးသည့်ကဏ္ဍတခုအဖြစ် ထည့်သွင်းစဉ်းစားလာဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

  • ကလေးကျောင်းတက်နေတာ ၃ ယောက်တော့ ရှိတယ်။ စစ်‌ရှောင်လာတာကလည်း ဘာမှ မပါလာတော့ ဘာမှမ မရှိဘူးလေ။ အလုပ်လည်း မရှိ ခြံလည်း မရှိတော့ ဘာလုပ်စားရမှန်း မသိ။ စားဝတ်နေရေးက တစ်ဖက်နဲ့ ကျောင်းစရိတ်ကလည်း များတော့ မလွယ်ဘူး။
    ကျမတို့မှာ ရွေးချယ်စရာ များများစားစား မရှိဘူး။ သားသမီးအတွက် ကျောင်းစရိတ်က တစ်ဖက်နဲ့ဆိုတော့ တော်တော်လေးတော့ ရုန်းကန်နေရတယ်။ အိမ်လည်း ဘယ်အချိန်မှ ပြန်ရမှာလဲ မသိဘူး။

  • ကိုယ့်လုံခြုံရေးက မကောင်းဘူး။ ဒါပေမယ့် ကျမ ဒီအလုပ်ကို ဆက်မလုပ်ရင် ဆေးပေးခန်းမရှိတဲ့ ဒေသခံတွေ တော်တော်လေး ခက်ခဲနေလိမ့်မယ်။ ဆေးရုံသွားဖို့ကလည်းဝေး လမ်းခရီးက ကြမ်းဆိုတော့။ ဒါကြောင့်လည်း ဒီအလုပ်ကိုတော့ ဆက်လုပ်နေအုန်းမယ်။ အာဏာရှင် မပြုတ်သရွေ့ ကျမ လုပ်ငန်းခွင်ထဲ ပြန်ဝင်မှာ မဟုတ်ဘူး။