အမျိုးသမီးများအသံ
ကိုယ့်လုံခြုံရေးက မကောင်းဘူး။ ဒါပေမယ့် ကျမ ဒီအလုပ်ကို ဆက်မလုပ်ရင် ဆေးပေးခန်းမရှိတဲ့ ဒေသခံတွေ တော်တော်လေး ခက်ခဲနေလိမ့်မယ်။ ဆေးရုံသွားဖို့ကလည်းဝေး လမ်းခရီးက ကြမ်းဆိုတော့။ ဒါကြောင့်လည်း ဒီအလုပ်ကိုတော့ ဆက်လုပ်နေအုန်းမယ်။ အာဏာရှင် မပြုတ်သရွေ့ ကျမ လုပ်ငန်းခွင်ထဲ ပြန်ဝင်မှာ မဟုတ်ဘူး။