သတင်းဆောင်းပါး
“ စည်းနဲ့ဘောင်နဲ့အထိန်းအကွပ်တွေရှိဖို့လိုအပ်တယ်။ အထိန်းအကွပ်တွေမဲ့သွားမယ်ဆိုရင် အပြစ်မဲ့ဥပဒေမဲ့ လူသတ်မှုတွေ ဖြစ်လာမယ်။ အပြစ်မဲ့ပြည်သူတွေကို ဥပဒေမဲ့သတ်ဖြတ်မှုတွေလုပ်လာနိုင်စရာရှိတယ်။ ဒါကိုထိန်းကျောင်းချင်တယ်။ အရမ်း လည်းစိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်တော်လှန်ရေးဖြစ်တာကိုး။ ကိုင်ထားတာသည် လက်နက်တွေဖြစ်နေ တာကို ကျွန်တော်တို့အနေနဲ့ Gun Control (လက်နက်ထိန်းချုပ်ရေး)နဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိတယ်။”