Home ဗီဒီယို မုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ စစ်ရှောင်အိမ်တွေ ကိုယ်ထူကိုယ်ထပြန်ဆောက်နေရ

မုန်တိုင်းကြောင့် ပျက်စီးခဲ့တဲ့ စစ်ရှောင်အိမ်တွေ ကိုယ်ထူကိုယ်ထပြန်ဆောက်နေရ

ရိုက်ကူး – HI (ရုပ်သံဆောင်းပါး)

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ ဘူးသီးတောင်မြို့က စစ်ရှောင်စခန်းတွေမှာ သူတို့ရဲ့တဲအိမ်တွေကိုကိုယ်ထူကိုယ်ထပြန်လည်တည်ဆောက် နေရပါတယ်။

မိုးရာသီနီးကပ်လာပြီဖြစ်တဲ့အတွက် အလှူရှင်တွေ တည်ဆောက်ပေးမယ့်အချိန်ကို မစောင့်ဆိုင်းနိုင်တော့ဘဲပြိုပျက်သွားတဲ့ တဲအိမ်တွေက ဝါးအဟောင်း၊ သစ်အဟောင်းတွေကောက်ပြီး ပြန်ဆောက်နေရတယ်လို့ ဘူးသီးတောင်မြို့ ရန်အောင်မြေစစ်ရှောင်စခန်းက သမီးသုံးဦး၊ သားတစ်ဦးမိခင် ဒေါ်မြသိန်းက ပြောပါတယ်။

မုန်တိုင်းအပြီးမှာ သစ်၊ ဝါးနဲ့ ဓနိဈေးတွေ အဆမတန်ဈေးမြင့်တက်နေပြီး ဝါးအလုံးတစ်ရာကို တစ်သိန်းခွဲကျပ်ထိဈေးတက်နေတာကြောင့် စစ်ရှောင်မိသားစုတွေအနေနဲ့ လိုအပ်တဲ့ သစ်၊ ဝါး၊ ဓနိတွေ မဝယ်နိုင်ဘူးလို့ နေအိမ်ပြိုကျခဲ့တဲ့ စစ်ရှောင်တွေက ပြောပါတယ်။ သမီးသုံးဦးရဲ့ မိခင်ဖြစ်တာကြောင့် သားသမီးတွေ သူများအိမ်မှာ သွားအိပ်နေရတာဟာ လုံခြုံမှုမရှိသလို ခံစားနေရတဲ့အတွက် နေအိမ်အမြန်ပြီးဖို့ သူကိုယ်တိုင်ဝိုင်းဝန်းတည်ဆောက်နေတယ်လို့ ရန်အောင်မြေစစ်ဘေးရှောင်စခန်းက ဒေါ်မြသိန်းက ပြောပါတယ်။

မေလ ၁၄ ရက်မှာ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်တပြည်နယ်လုံးမှာလူသေတာ၊ နေအိမ်အဆောက် အဦးပျက်စီးတာတွေဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီကတော့ လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို မစနိုင်သေးတဲ့အတွက်လတ်တလောနေထိုင်စရာမရှိတဲ့သူတွေကတော့ ကိုယ့်အစီစဉ်နဲ့ကိုယ် ပြန်လည်တည်ဆောက်တာတွေ ပြုလုပ်နေကြပါတယ်။

Author:

Related Articles