ရှုံးပေမယ့် စိတ်ချမ်းသာပါတယ်
ကောကော်။ ရန်ကုန်။ “အမျိုးသားတွေက အဝမှာ တွယ်စီးတယ်၊ ရုံးချိန်မှာဆိုရင် ကားတံခါးတောင် ပိတ်လို့မရဘူး၊ အမျိုးသမီးတွေကတော့ တွယ်စီးမှာမဟုတ်ဘူး၊ ခြေနင်းခုံတောင် စီးမှာမဟုတ်ဘူး။” ကားရဲ့ ရှေ့မှာ အမျိုးသမီးသီးသန့်ဆိုတဲ့ ဗီနိုင်းတပ်ထားသော်လည်း တချို့သော အမျိုးသားများမှာ ယောင်ပြီး ကားပေါ်ပြေးတက်သွားတာကိုလည်း တွေ့ရပါတယ်။ ယူနီဖောင်း ကိုယ်စီဝတ်ထားကြတဲ့ ဝန်ထမ်း အမျိုးသမီးများမှာ အလုအယက်တက်စရာမလိုပဲ တယောက်ပြီးတယောက် အေးအေးဆေးဆေး ကားပေါ်တက်လာနေကြပါတယ်။ ယာဉ်နောက်လိုက် အမျိူးသားများမှာ ချိုသာသော စကားသံဖြင့် ဆက်ဆံပြောဆိုနေပုံမှာလည်း စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။ ၃၁ အမျိုးသမီးခရီးသည် သီးသန့်ယာဉ်လိုင်းကို ၂၀၁၄ အောက်တိုဘာလ ၂၇ရက်နေ့မှာ စတင်ပြေးဆွဲခဲ့ပါတယ်။ ဂိတ်အစမှာ တောင်ဥက္ကလာ ဘေလီမှ စတင်ကာ ၃၁ ဂိတ်ဟောင်း- မေတ္တာလမ်း-ပဒေသာလမ်းဆုံ-၁၄၊ ၁၅လမ်းဆုံ-ရတနာလမ်းအတိုင်း ကျောက်ကုန်း-မှတ်တိုင်းရုံး- တာမွေဈေးဗလီ-အခွန်လွတ်ဈေး-ပလာဇာ -မင်္ဂလာဈေး-စက်ရုံလမ်းအတိုင်း ပုဇွန်တောင်ဈေး-လမ်း၅၀-စံပြအထိ […]


