မြန်မာပြည်မြောက်ပိုင်းက မူးယစ်ဆေး အန္တရာယ်
Anna “ကျွန်မယောကျာ်းဆေးသုံးဖို့လိုနေတဲ့အခါကျွန်မကိုဓားနဲ့ခြိမ်းခြောက်တယ်။အိမ်ထောင်မပြုခင်တုန်းကလည်းကျွန်မအဖေကနှိပ်စက်တယ်။အိမ်ထောင်ပြုပြီးတော့လည်းကျွန်မယောကျာ်းကအနိုင်ကျင့်ပြန်တယ်။ကျွန်မခနခနထွက်ပြေးဖူးတယ်။ကျွန်မအရမ်းဆာပေမယ့်စားစရာမရှိဘူးဖြစ်ပါတယ်” ဟု မူဆယ်က မူးယစ်ဆေးသုံးစွဲသူ တဦး၏ ဇနီးက ပြောသည်။ အမျိုးသားများ မူးယစ်ဆေးဝါး သုံးစွဲသည့် အခါ ဒုက္ခအခက်အခဲတွေ ကြုံတွေ့ရသည်မှာ အမျိုးသားများသာ မဟုတ်ပဲ အမျိုးသမီးတွေက နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ကြရပါသည်။ မိသားစုဝင်များကမူးယစ်ဆေးစွဲသူကိုပိုက်ဆံမပေးသည့်အခါ၊၎င်းတို့သည်ကြမ်းတမ်းခက်ထန်လာကြပြီးတခါတရံတွင်ကိုယ်ထိလက်ရောက်ကျူးလွန်ကြသည်။မိခင်များ၊ဇနီးများနှင့်သမီးများသည်မူးယစ်ဆေးသုံးစွဲသူများ၏ရိုက်နှက်ခြင်းတိုက်ခိုက်ခြင်းခံရသည်။ “ကျွန်မကိုယ်ဝန်ရှိတဲ့အချိန်မှာ၊ကျွန်မယောကျာ်းအိမ်ကပစ္စည်းတွေစခိုးတယ်။တခါတော့သူ့ကိုမိဖူးတယ်။ကျွန်မတို့ရန်ဖြစ်ကြတာပေါ့။ကျွန်မဆံပင်ကိုသူဆွဲတော့၊ကျွန်မလည်းသူ့ကိုတုတ်နဲ့ရိုက်တယ်။တခါသူကလည်းကျွန်မကိုတုတ်နဲ့ပြန်ရိုက်တယ်။ကျွန်မသတိတောင်လစ်သွားတယ်။သတိရတော့ဆန်အိတ်ဝက်ကမရှိတော့ဘူး” ဗန်းမော်ခရိုင်၊မန်းစီမြို့နယ်တွင်းရှိ၊ရွာတရွာမှအသက်၂၈နှစ်အရွယ်အမျိုးသမီးတဦးကသူ့ယောကျာ်းအနေဖြင့်မူးယစ်ဆေးသုံးစွဲရန်အတွက်သူနှင့်ကလေးများအားမည်သို့ရိုက်နှက်၊ငွေညုစ်သည်ကိုပြောပြသည်။သူမသည်ကြံခင်းတွင်နေ့စားအလုပ်လုပ်ရပြီးမိသားစုတစုလုံးနှင့်ကလေးများ၏ပညာရေးအတွက်တာဝန်ယူနေရသည်။ “သူ့မှာမူးယစ်ဆေးအလုံအလောက်ရှိနေရင်ဘာမှမလုပ်တော့ဘူး၊ဒါပေမယ့်သူ့မှာသုံးစရာမူးယစ်ဆေးမရှိတော့ရင်နည်းအမျိုးမျိုးနဲ့ကျွန်မတို့ကိုရိုက်တော့တာဘဲ။တညတော့ပထမတန်းရောက်နေတဲ့သမီးကစာဖတ်နေတယ်၊ကျွန်မနဲ့ကျွန်မသားကသူ့နားမှာထိုင်နေတာပေါ့။ကျွန်မယောကျာ်းပြန်လာတဲ့အချိန်မှာသားကသမီးဆီကနေစာအုပ်တောင်းတယ်ပြီးတော့သူငိုတယ်။ဒါကိုကျွန်မယောကျာ်းမြင်တော့မင်းဘယ်လိုကလေးလဲသေသွားချင်လားဆိုပြီးမေးတယ်၊သားကိုခြေထောက်နဲ့ကန်ပြီးခြေထောက်နဲ့နင်းထားတယ်။ကျွန်မသားကငိုတောင်မငိုတတ်တော့ဘူး။” ဟု ပြောပြသည်။ သားသာမက သမီးလည်း နှိပ်စက်သည့်ဒဏ်က မလွတ်ဟု သူမက ဆက်ပြောသည်။ “သမီးတကိုယ်လုံးကိုလည်းတုတ်နဲ့ရိုက်တယ်။ကျွန်မကကလေးတွေကိုဒီလိုမရိုက်ဖို့ပြောပြီးတောင်းပန်တယ်။သူကနင်တို့အားလုံးသေလိုက်ကြလို့ပြောတယ်။သူကပြောလည်းပြောဆံပင်ကိုလည်းဆွဲကန်လည်းကန်တယ်။ကျွန်မတို့အားလုံးငိုကြတာပေါ့။အိမ်နီးချင်းတွေကလည်းဘာမှမပြောရဲတော့သူ့စိတ်ကြိုက်ကျွန်မတို့ကိုနှိပ်စက်တာပေါ့။ကျွန်မလည်းသားကိုဆွဲပြီးမီးဖိုထဲပြေးသွားလိုက်တယ်။အဲဒီမှာကျွန်မတို့ငိုကြပြန်တယ်။သူတော့လိုက်မလာတော့ဘူး။တညလုံးကျွန်မတို့အိမ်ထဲပြန်မဝင်ရဲတော့ဘူး။နောက်ကျတော့ကလေးတွေနံနက်စာတောင်မစားနိုင်ကြတော့ဘူး။သူတို့တကိုယ်လုံးရိုက်ထားတဲ့ဒဏ်ကြောင့်အညိုအမဲစွဲနေတာဘဲ။” အဆိုပါ ဒုက္ခများမှာ တနေ့တရက် ဒုက္ခမဟုတ်ပဲ နေ့စဉ်ကြုံတွေ့နေရသည့် ဒုက္ခများဖြစ်သည်ဟု သူမက ပြောသည်။ “ကျွန်မယောကျာ်းညဖက်ပြန်ရောက်တဲ့အခါကလေးနှစ်ယောက်ကိုနှိုးပါတယ်။ကလေးတွေနှာခေါင်းကိုပိတ်လိုက်တော့ကလေးတွေလည်းငိုတဲ့အခါဘာလို့ငိုရလဲလို့အော်ပြီးကလေးတွေကိုပစ်ထုတ်လိုက်တယ်။ကျွန်မသားကကြောက်နေပြီးသေးထွက်တဲ့အထိအရိုက်ခံရတယ်။” မူးယစ်ဆေးဝါး သုံးစွဲရန် ငွေကြေးပေးနိုင်သည့် အခါတွင် ပြဿနာ မရှာသော်လည်း ပိုက်ဆံမပေးနိုင်သည့်အခါ အကြမ်းဖက်ခံရသည်ဟု သူမက ပြောပြသည်။ ကလေးများကို နှိပ်စက်ခြင်းကို ငွေတောင်းခံသည့် […]


