Home သတင်း နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဆုရှင်ပြော

နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ ငြိမ်းချမ်းရေး ဆုရှင်ပြော

မော်ကောကော်။ ရန်ကုန်။
DSC02386
“Thinking Outside the Box (ဒီမိုကရေစီအရေး တီထွင်ကြံဆမှုဆု)” ဆိုသည့် ဂုဏ်ပြုဆုကို လက်ခံရရှိခြင်းသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးထောက်ခံရမှုများ ဆက်လက်ရှိနေသေးကြောင်းကို အထင်အရှား ပြသလိုက်ခြင်းဖြစ်ကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးကွန်ယက်မှ နော်အုန်းလှက ယမန်နေ့ ရန်ကုန်မြို့ယုဒသန်ရိပ်သာ တွင် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP)-အာရှပစ္စဖိတ်ရေးရာဌာန မှ ချီးမြှင့်သော ဆုအတွက် ဂုဏ်ပြု ဧည့်ခံပွဲတွင်  ပြောခဲ့ပါသည်။

“ခုက “Thinking outside the box” ဆိုတဲ့ ဂုဏ်ပြုဆုကို ကြည့်လိုက်မယ်ဆိုရင် ကျမတို့ နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ သိသာတယ်။ ဒီဆုက အာဏာရှင်လက်အောက်က ထိုးထွက်လာတယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်ပြီး အန်တီတို့ အမျိုးသမီးကွန်ယက်ရဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီ ရရှိရေး၊ ငြိမ်းချမ်းရေး ရရှိရေး၊ လူ့အခွင့်အရေး ရရှိရေး၊ ဖိနှိပ်ခံ အမျိုးသမီး စောင့်ကြည့်ရေး၊အဲဒါတွေကို ကြည့်ပြီး ပေးတာလည်းပါပါတယ်”

UNDP မှ ထို ဂုဏ်ပြုဆုကို နိုင်ငံအားလုံးမှ လူပုဂ္ဂိုလ် 12 အား ပေးအပ်ခဲ့ပြီး အဖွဲ့လိုက်အဖြစ် တစ်ဖွဲ့လျှင် ၃ ယောက် ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ သူမတို့ကိုမူ အဖွဲ့အလိုက်အဖြစ် ပေးခြင်းဖြစ်သည်ဟု နော်အုန်းလှမှ ပြောသည်။

ဆုချီးမြှင့် ခံရတဲ့အဖွဲထဲတွင် သူမ၏ အမျိုးသားဖြစ်သူမှာ မကြားသေးမီက မတရားဖမ်းဆီးအသတ်ခံရသည့် မသန္တာလည်း အပါအဝင်ဖြစ်သည်။ သူမ၏ မိခင်အဖွဲ့အစည်းဖြစ်သည့် ဒီမိုကရေစီနှင့် အမျိုးသမီးများကွက်ယက်အဖွဲ့သည် သူမနှင့်အတူ တသားတည်းရှိနေကြောင်း မသန္တာမှ ပြောသည်။

“ကျမတို့က အမျိုးသမီးတွေရဲ့ ပြသာနာတွေ ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ၊ တခြားလယ်ယာမြေ ပြသာနာတွေ ဖြေရှင်းပေးတာ။ ကျန်တဲ့ အမျိုးသမီးတွေ အဖွဲ့လည်း ကျမနဲ့ ထပ်တူ ခံစားပြီး ကျမကို ကူညီပေးကြပါတယ်။ ခုလဲ ကျမတွေ့ရတာတာက အမျိုးသမီး အဖွဲ့ အစည်းများအကုန်လာနေကြတာ တွေ့တော့ ကျမနဲ့ တသားထဲ ခံစားရမှာပါ။ မြန်မာနိုင်ငံသားအားလုံးဟာ လုံခြုံမှု မဲ့နေတဲ့သဘော ပဲ။ လူမသိ ပိုးစိုးပက်စက် မုဆိုးမ ဖြစ်ခဲ့တဲ့ အမျိုးသမီးတွေ  ဘယ်လောက်ရှိနေပြီလဲ။ ဒီအတွက် ကျမနည်းတူ ကြုံတွေ့နေရတဲ့သူတွေအတွက် ကျမတို့ လုပ်ပေးရတော့မယ် ”

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးကွန်ယက်ကို ၂၀၁၂ ခုနှစ် မေလ၃၀ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသူဟောင်းများအနေနှင့် နိုင်ငံရေး အကျဉ်းသားလူငယ် ဆုတောင်းသူများအဖွဲ့တို့က နိုင်ငံရေး လိုအပ်ချက်အရ အမျိုးသမီး ကွန်ယက်အဖွဲ့ခဲ့ကြောင်း နော်အုန်းလှက ပြောသည်။ သူမတို့ အဓိက လုပ်ဆောင်နေသော လှုပ်ရှားမှုများမှာ အခွင့်အရေး ချိုးဖောက်ခံနေရသူများ၊ လယ်ယာမြေအသိမ်းခံရသူများ၊ အိမ်မဲ့ယာမဲ့သူများ၊ အမျိုးသမီး လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရသူများ၊ စသည်တို့အတွက် ကူညီ လုပ်ဆောင်နေကြောင်း သိရပါသည်။

Related Articles