Home သတင်း အမျိုးသမီးများအတွက် အချို့ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်း အမျိုးသမီးအဖွဲ့များဆို

အမျိုးသမီးများအတွက် အချို့ဥပဒေများကို ပြင်ဆင်ရန်လိုအပ်ကြောင်း အမျိုးသမီးအဖွဲ့များဆို

ကောကော်။

???????????????????????????????
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလအတွင်း အချို့သော ဥပဒေများမှာ အမျိုးသမီးများအတွက် အကြီးမားဆုံး စိန်ခေါ်မှုတွေဖြစ်နေကြောင်း ရန်ကုန်မြို့အတွင်း ပထမဆုံးအကြိမ်ပြုလုပ် သည့် အရပ်ဘက်လူမှုအစည်းအဝေး (CSOs Forum) တွင် အမျိုးသမီးအဖွဲ့များက ပြောသည်။

“ခုလွယ်လွယ်နဲ့ ပြောနေတဲ့ မျိုးစောင့်ဥပဒေပေါ့ ၊ အဲဒီအောက်မှာရှိနေတဲ့ ဥပဒေလေးခုပေါ့ ၊ အဲဒီဟာ အသက်ဝင်လာရင် ကျမတို့အတွက် အကာအကွယ်မပေးနိုင်တော့ဘူး၊၊ ခွဲခြားဆက်ဆံခြင်းကို စိန်ခေါ်နေတယ်လို့ ပြောလို့ရတယ်။ နောက်တခုက တည်ဆဲဥဒေထဲမှာရှိတဲ့ အမျိုးသမီးတွေကို ကာအိန္ဒြေထိခိုက်အောင် လုပ်တာပဲဖြစ်ဖြစ် အရေယူနိုင်တဲ့ ဥပဒေရှိပေမဲ့ အဲဒီဥပဒေက တကယ်အားကောင်းမနေဘူး။ အဲဒါကို ပြန်ပြုပြင်ဖို့ လိုတယ်။ ရှိနေတဲ့ ဥပဒေက အားကောင်းနေမှု မရှိေတော့ အမျိုးသမီးတွေ ပိုပြီး အကြမ်းဖက်မှုတွေ ဖြစ်တယ်” ဟု ု Triger Women support Group မှဒါရိုက်တာ ဖြစ်သူ မခင်လေးက ပြောသည်။

ပြည်သူလူထု၏ သဘောထားရယူရန်အတွက် ပထမဆုံးအကြိမ် အရပ်ဘက် လူမှုအဖွဲ့အစည်း အစည်းအဝေးတရပ် (CSOs Forum) ကို လူထုအခြေပြု အဖွဲ့အစည်းများနှင့်အတူ အမျိုသမီး အဖွဲ့အစည်းများ တွေ့ဆုံခြင်း ဖိုရမ်ကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ခဝဲခြံ၊မျက်မမြင်ကျောင်းတွင် အောက်တိုဘာလ ၁၄ရက်နေ့မှ ၁၆ရက်နေ့အထိ (၃)ရက်တာတိတိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိကြုံတွေ့နေရသော  စိန်ခေါ်ချက် ပြသာနာများကို  အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဖော်ထုတ်ကာ ပြသာနာကို အခြေခံပြီး ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို အသီးသီးဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလအပေါ် လူထုရဲ့ အမြင်ကို ရယူခြင်းဖြစ်ကြောင်း CSOs Forum တွင် logistic  တာဝန်ယူသည့် စိုင်းဦးက ပြောပါတယ်။

“တက်ရောက်လာတဲ့ ကိုယ်စားလှယ် ထုတ်မှ ကျနော်တို့အမြင်တွေ ရလာမှာပါ။ အမျိုးသမီး ကဏ္ဍမှာလည်း ကျနော်တို့ နိုင်ငံမှာ မရှိမဖြစ်လိုအပ်တယ်။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ပါဝင်နေတာကိုလည်း တွေ့ရတယ်။ အမျိုးသမီးနဲ့ အတူ အားလုံးက ပါဝင်ပူးပေါင်းမှုလိုအပ်တယ်”

လက်ရှိမြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ပြသာနာများထဲတွင် အထူးသဖြင့် လယ်ယာမြေသိမ်းဆည်းမှုများ၊ ဥပဒေပြင်ဆင် ရေးဆွဲရေး၊ ငြိမ်းချမ်းရေးနှငိ့ လုံခြုံရေး၊ လူငယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျားမအခန်းကဏ္ဍ၊ မီဒီယာနှင့် နည်းပညာ၊ ပညာရေး၊ ဘာသာရေး၊ အလုပ်သမားရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအကြောင်းတို့ ကဏ္ဍပေါင်းစုံများစုံလင်စွာ ဆွေးနွေးခဲ့ကြသည်။

အမျိုးသမီး၊ လူငယ်များနှင့် လူ့အခွင့်အရေး အဖွဲ့များ ဆွေးနွေးကြသည့်အထဲတွင် အမျိုးသမီးများ တောင်းဆိုချက်များမှာ ဖွဲ့စည်းပုံ ရှိရင်းစွဲ ဥပဒေများကို ကျားမတန်းတူမှု ရှိမရှိ စိစစ်ပြင်ဆင်ရန်လိုအပ်ခြင်း၊ ဥပဒေမူကြမ်းများကို ကျားမတန်းတူ စိစစ်ပြုပြင်ရန်၊ ကျားမမူဝါဒနှင့် ကျားမ ကော်မရှင်ဖွဲ့စည်းရန်၊ ကော်မရှင်တွင် လွတ်လပ်သော ပညာရှင်များနှင့် ဆောင်ရွက် ရန်၊အစိုးရ ကိုယ်စားပြုမှု မရှိရန်၊ ပုဒ်မ ၃၇၇ ကို ပယ်ဖျက်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်တားဆီးရေး ဥပဒေကို အစိုးရတဖွဲ့လုံး ပူးပေါင်းပြီး ထိရောက်စွာ အကောင်အထည် ဖော်ရန်၊အမျိုးသားအဆင့် အမျိုးသမီးများဖွ့ိဖြိုးတိုးတက်ရေး စီမံချက် (NSPAW (2013-2022) ကို အသက်ဝင်အောင်ဆောင်ရွက်ရန်၊ အစိုးရမှ ထိုစီမံချက်များအတွက် ငွေကြေးချပေးရန်၊ အမျိုးသမီးများအတွက်ချမှတ်ထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အကောင်အထည်ဖော်မှု (UNSCR 1325- Action Plan) ကို နိုင်ငံတော် အဆင့် စီမံချက်  ရေးဆွဲရန်စသည့် ၇ ချက်တို့ကို တောင်းဆိုထားခဲ့ပါတယ်။

Related Articles