Entries by Administrator

ကလေးသေဆုံးသည့် အမှု တရားလွှတ်တော် အယူခံ တက်မည်

ကချင်မလေး။ မိခင်နှင့် ဆရာဝန် တလှည့်စီ အနိုင်ရနေသည့် လမစေ့မီ ခွဲစိတ်မှုကြောင့် ကလေးသေဆုံးမှုအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ရှုံးနိမ့်ခဲ့သည့် မိခင်ဖြစ်သူက အမြင့်ဆုံးဖြစ်သည့် တရားလွှတ်တော်တွင် အယူခံ ထပ်မံ တင်သွင်းမည်ဟု ပြောသည်။ အမှုကို အဆင့်ဆင့် တရားရုံးများတွင် အယူခံ ဝင်ခဲ့ရာ မြို့နယ်နှင့် တိုင်း တရားရုံးများက မိခင် ဖြစ်သူအား အနိုင်ပေးခဲ့ပြီး ခရိုင်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့က ဆရာဝန်ဖြစ်သူအား အနိုင်ပေးထားခြင်းဖြစ်သည်။ ၂၀၁၁ခုနှစ် မြောက်ဥက္ကလာပမြို့နယ် ရွှေလမင်းပုဂ္ဂလိကဆေရုံးတွင် ခွဲစိတ်မွေးဖွားခဲ့သည့် ကလေးငယ်သည်  သေဆုံးရခြင်းမှာ ဆရာဝန်က ခန့်မှန်းမွေးဖွား ရက်တွက်ချက်ရာတွင် မှားယွင်းခြင်းကြောင့်ဟု ကလေးမိခင် ဒေါ်သဲဖြူဖြူအောင်က သားဖွားမီးယပ်ဆရာဝန် ဒေါက်တာဒေါ်မီမီသိန်းအား တရားစွဲဆိုထားသည့်အမှုကို မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အဆင့်ဆင့်တွင် […]

လူထုမှ လူထုအတွက်ဆိုတဲ့ ရန်ကုန်ဘိတ်ဟောက်(စ်)

ရေးသူ- ကချင်မလေး။ ဆိုင်အနေအထားလေးက ကျဉ်းတယ်လို့မဆိုနိုင်ပေမယ့်လည်း စနစ်တကျနဲ့ဖွဲ့စည်းထားတော့ မျက်စိပသာဓ ကျပါတယ်။ မုန့်ဖုတ်တဲ့ သူတွေက ဖုတ်၊ ဆလတ်ရွက်တွေကို တရွက်ခြင်း ဆေးနေသူနဲ့ ပုဇွန်ဆိတ်လေးတွေကို လက်အိတ်လေးတွေနဲ့ အသေအချာ သန့်စင်နေသူနဲ့ စားဖို တခုလုံး အလုပ်ရှုပ်နေကြတယ်။

မိခင်မေတ္တာ

ရေးသူ- Anna “ကလေးတွေကငယ်သေးတော့ ဘယ်လိုများဖြစ်နေမလဲ၊ နေများမကောင်းဘူးလား၊ တွေးပြီး အိပ်လို့ကမရ ကလေးတွေကို သွားတွေ့မယ်ဆို ရွာမှာ ဘီယာပုလင်းခွန်တွေ၊ သံတိုသံစတွေ ဝယ်စုထားပြီး မြို့ပေါ်ရောင်းတဲ့ အလုပ်လည်းလုပ်ခဲ့တယ်။”

လောကဓံတရားကို ကြံ့ကြံံ့ခံသူ (သို့မဟုတ်) အလွတ်သတင်းထောက်ကိုပါကြီး ဇနီး မသန္တာ

ကောကော်။ “ခေါင်းထဲမှာ အမျိုးသမီးတယောက်အနေနဲ့ ခံစားချက်မျိုးမရှိခဲ့ဘူး၊ လူသားတယောက်ဆိုတဲ့ ခံစားချက်မျိုးပဲ ရှိတယ်။ အစ်မလဲရင် ပြန်ထမှာပဲ၊ လဲလို့ဆက်ပြီး ထိုင်နေရင်သာ အရှုံးသမားတဦးလို့ ယူဆတယ်။ အဲဒီခါမှာ မိန်းမ၊ ယောကျ်ား ဆိုတဲ့စိတ်နဲ့ ခွဲခြားတဲ့အမြင် အစ်မခေါင်းထဲမှာ မရှိဘူး၊ လူသားတယောက်လို သတ္တိနဲ့ ပြန်ထတယ်” ဒါကတော့ လောကဓံတရားကို အံတုခဲ့တဲ့ မကြာခင်က မတရားဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ ဇနီး မသန္တာ ပြောတဲ့စကားပါ။ သူ့ရဲ့ခင်ပွန်းအတွက် ပူဆွေးသောကရောက်နေပေမယ့်လည်း အမျိုးသမီးဆိုတဲ့ စိတ်နဲ့ အားငယ်မှုတွေမရှိပဲ ခင်ပွန်းသည်အမှု ဆက်လက်ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ ပေါ်မူတည်ပြီး (၁၉)ချက် ကန့်ကွက်ထားကြောင်း၊ ထို့အပြင် သမ္မတနှင့် ဌာန(၉)ခုကို တင်ထားကြောင်းပြောပြပါတယ်။ “အဲဒါကတော့ မြန်မာနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ တပ်မတော်အနေနဲ့ […]

ကရင်နီပြည်အရေး အမျိုးသမီးများ ပိုမိုလုပ်ဆောင်မည်

နော်မေ။ ကရင်နီ(ကယား) ပြည်နယ် အရေးတွင် အမျိုးသမီးပါဝင်မှု ပိုမိုမြင့်မားလာစေရန်နှင့် ပြည်နယ်တွင်း အမျိုးသမီးများ ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန်အတွက် ကရင်နီပြည်နယ် အရပ်ဘက်ဆိုင်ရာ အမျိုးသမီးအဖွဲ့အစည်းများစုပေါင်း၍ တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရွှေ့ပြောင်းအလုပ်သမားများအရေးကို လုပ်ဆောင်နေသော စကူးဘားအဖွဲ့မှ ဒေါ်နန်းနှင်းရီမှ တွေ့ဆုံပွဲကို အမျိုးသမီးများအကြား ချိတ်ဆက်မှု အားကောင်းစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောသည်။ “အမျိုးသမီးတွေ ချိတ်ဆက်မှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် စုစည်းမှု အားကောင်းလာစေတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ထင်းတစ်ချောင်းတည်းဆို ချိုးဖို့လွယ်ကူတယ် ထင်းစည်းလိုက်မယ်ဆိုရင် ချိုးဖို့ခက်တယ် အဲဒါကြောင့် အမျိုးသမီးတစ်ဦးတည်းမဟုတ်ဘဲ အားလုံးစုစည်းပြီး လုပ်ဆောင်ဖို့” တွေ့ဆုံပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ဟိုတယ်လွိုင်ကော်တွင် ဒီဇင်ဘာလ ၁၂ မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် ပြည်နယ်လူမှုဝန်ထမ်းမှ လက်ထောက် ညွန်ကြားရေးမှူးဦးမြင့်ဇော်မှ ကယားပြည်နယ်တွင်း […]

အမျိုးသမီးအခွင့်အရေး နားမလည်သူ များပြားနေဆဲ

ကောကော်   မြန်မာနိုင်ငံတွင် တချို့သူများသည် လူ့အခွင့်အရေးကို နားလည်သော်လည်း အမျိုးသမီး အခွင့်အရေးကို နားမလည်သေးပဲ ရှိနေကြောင်း ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဖြစ်သူ အောင်မျိုးမင်းက ပြောကြားခဲ့ပါတယ်။ လူ့အခွင့်အရေးဟု ပြောဆိုသတ်မှတ်ကြသော လူတွေကြားထဲတွင် အမျိုးသမီး အခွင်အရေးကို ထူးထူးခြားခြား ပေးစရာမလိုအပ်ဟု ထင်နေကြသော အယူအဆရှိကြောင်း အောင်မျိုးမင်းက ပြောပါတယ်။ “အမျိုးသမီးအခွင့်အရေးဆိုတာ ထူးထူးခြားခြား အခွင့်အရေး မဟုတ်သလို အမျိုးသားတွေ ခံစားခွင့် ရရှိတဲ့ အခွင့်အရေးလိုမျိုး တန်းတူခံစားခွင့်ရရှိအောင် တောင်းဆိုရခြင်းဖြစ်တယ်၊ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပိုမိုပြီး ကာကွယ်နိုင်အောင် အသိပေးတာဖြစ်တယ်” ပြည့်တန်ဆာ အမျိုးသမီးများသည်လည်း အခွင့်အရေးချိုးဖောက်ခံနေရကြောင်း Top Centre မှ community supervisor ဖြစ်သူ မလှလှထွေးက ပြောပါတယ်။ “ဧည်သည်တွေနဲ့ တွေ့တဲ့အခါကျရင် […]

ကချင် အမျိုးသမီးငယ်သေဆုံးမှု အမှုမှန်ပေါ်ရေး တောင်းဆို

ကချင်မလေး။ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၊၁၃ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆွတ်ငိုင်ယန်ရှိ (၉)တန်းကျောင်းသူမလေး ကျောင်းအပြန် မြန်မာ့တပ်မတော်မှ ပစ်ခတ်လိုက်မှုကြောင့် သေးဆုံးသည့်အမှုမှန်ပေါ်ရန် စုံစမ်းစစ်ဆေးမှုတရပ်ပေါ်ပေါက်ရန် ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “မဂျာဆိုင်းအိန်သေဆုံမှုအားဖြင့် မြန်မာ့တပ်မတော်စစ်သားတွေ အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ် လက်လွတ်စပယ် ပစ်ခတ်မှုတွေ လုပ်လေ့လုပ်ထရှိတယ်ဆိုတာကို ညွန်းပြနေတယ်” လို့ ကိုမုန်းန် (မဂျာဆိုင်းအိန်သေဆုံးခြင်းဖြစ်ရပ်မှန် ဖော်ထုတ်ရေးကော်မတီ) ကပြောပါသည်။ ပြောပြချက်အရ မဂျာဆိုင်းအိန်အပါအ၀င် သူငယ်ချင်း ၄ယောက်နှင့်အတူ ဆရာမနန့်ဆန့်တို့ ကျောင်းမှအပြန် သေနတ်သံ၊ ဗုံးသံများကြား၍ အနီးဆုံးရှိ အိမ်တအိမ်တွင် ၀င်ရောက်ပုန်းအောင်းနေစဉ်တွင် ခြေမြန်တပ်ရင်း(၃၈၉)မှ စစ်သားတစ်ဦးမှ အနီးကပ်ပစ်ထည့် လိုက်သည့် ကျည်ဆံကြောင့် သေဆုံးသွားသည်ဟု မှတ်တမ်းဗီဒီယိုနှင့် အစီရင်ခံစာတွင် ဂျာဆိုင်းအိန်သူငယ်ချင်းများက မျက်မြင်သေများက ထွက်ဆိုခဲ့တယ် ။ ဖခင်ဖြစ်သူ […]

အမျိုးသမီးငယ်များ လူ့အခွင့်အရေးချိုးဖောက်မှု ပိုခံနေရ

ကောကော် အမျိုးသမီးတွေထဲမှာမှ ကလေးသူငယ်အမျိုးသမီးတွေဟာ ယခုအချိန်တွင် အဓမ္မပြုကျင့်ခံရမှု အရမ်းများနေပြီး ၊ ဒီလိုများနေခြင်းမှာလည်း အမျိုးသမီးငယ်များရဲ့ ဘဝလုံခြုံခြင်းမရှိလို့ဖြစ်သလို၊ လိင်ပိုင်းဆိုင်ရာ လုံခြုံမှုအရ အခွင့်အရေး ချိုးဖောက်ခံနေရကြောင်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က (၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဦးမြင့်အေးက ပြောပါတယ်။ “လူ့အခွင့်အရေးနေ့ဆိုတာ လူတိုင်းနဲ့ သက်ဆိုင်တာပဲလေ၊ HRDP တဖွဲ့ထဲအတွက် မဟုတ်ပါဘူး။ လူတိုင်းအသက်ရှင် နေခိုင်ခွင့်ဟာ လူအခွင့်အရေးပါပဲလို့” လူတိုင်းကိုလဲ သိစေချင်ကြောင်း ဦး မြင့်အေးက ပြောပါတယ်။ စစ်ဖြစ်နေသောဒေသနှင့် မြို့ပြတွင် စီမံကိန်းများကြောင့် တရားမျှတရေးအတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေသော အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးနေကြကြောင်း ဖန်တီးအိမ်မှ အမှုဆောင်ဒါရိုက်တာ ဖြစ်သူ ရွှေစင်ဇင်လှက ပြောပါတယ်။ “ကျမတို့ခုလို လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူ့အခွင့်အရေးတွေ ပြောနေကြတယ်၊ […]

မြေနိမ့်ရာ လှံစိုက်

ကောကော် “မိသားစုတွေနဲ့ မနေချင်ဘူး၊ ဒုက္ခရောက်မှာကို အရမ်းကြောက်သွားပြီ၊ ယောကျ်ားဆိုတာကိုလည်း အရမ်းကြောက်သွားပြီ ” လို့ ပတ်ဝန်းကျင်က စိတ်ကျန်းမာရေးမကောင်းသူလို့ သတ်မှတ်ပြီး ပစ်ပယ်ထားကြတဲ့ မအေးချောက ပြောပါတယ်။ “လမ်းထဲက ကောင်မလေးက အကြော်သွားစားမယ် ဆိုပြီး ဟိုအဝေးကြီးကို ခေါ်သွားတယ်။ အဲဒီအချိန်မှာ ယောကျ်ားသုံးယောက်က ငါတို့လဲလိုက်မယ်ဆိုပြီး နောက်ကလိုက်လာတယ်။ အကြော်စားပြီး ပြန်လာတော့ အခင်းတခင်းထဲအရောက်မှာ ကျမကို စော်ကားလိုက်ပါတယ်” သူမဟာ အဲဒီအချိန်တုန်းက အသက် ၁၆နှစ်မပြည့်တတ်သေးပဲ အဓမ္မပြုကျင့်ခံရပါတယ်။ ဘဝသက်တမ်းတလျှောက်တွင် မိဘမဲ့အဖြစ်၊ မောင်နှမစွန့်ပစ်ခံရပြီး ပတ်ဝန်းကျင်တွင်လည်း စိတ်မနှံ့သူ၊ စိတ်ကျန်းမာရေး မကောင်းသူဟု ယခု အသက်၃၉နှစ်အထိ သတ်မှတ်နေကြဆဲပင် ဖြစ်ပါတယ်။ ဆံပင်ပုံက တိုတိုလေးနှင့် ခန္ဓာကိုယ်ကလည်း ပိန်ပိန်ပါးပါး၊ ရှေ့က သွားတွေမှာ မတွေ့ရတော့ပဲ စကားပြောရင်လည်း မပီမသနှင့် […]