Home ဆောင်းပါး အမျိုးသမီးယဉ်နောက်လိုက်များကြောင့် ခရီးသွားအမျိုးသမီးများဘဝလုံခြူံမှု ပိုရှိလာ

အမျိုးသမီးယဉ်နောက်လိုက်များကြောင့် ခရီးသွားအမျိုးသမီးများဘဝလုံခြူံမှု ပိုရှိလာ

???????????????????????????????ကောကော်။

“ကိုယ့်မိသားစု စားဝတ်နေရေးလဲ အဆင်မပြေဘူး၊ နေထိုင်ရတာ၊ ပြီးတော့ အမျိုးသမီးတွေ လုပ်တာမြင်တော့ အမျိုးသားတွေ စွမ်းဆောင်နိုင်တဲ့ အရာကို အမျိုးသမီးတွေက လုပ်နိုင်ပါလား ဆိုပြီးတော့ အားကျပြီး ဝင်လုပ်တာပါ” လို့ ၄၈ အထူးလိုင်းမှာ  ယဉ်နောက်လိုက်နေတဲ့ မကေသီက ပြောပါတယ်။ တခြား တဦးတယောက်ရဲ့ တိုက်တွန်းမှုကြောင့် အလုပ်ဝင်တာမဟုတ်ပဲ မိသားစု အခြေအနေကြောင့်နှင့် လစာကောင်းမွန်ခြင်းကြောင့် ဝင်ရောက်ရခြင်းဖြစ်တယ်လို့ သူမကပြောပါတယ်။

???????????????????????????????၄၈ ကားအထူးလိုင်းသည် အဲယားကွန်း (လေအေးစက်တပ်) ဘတ်စ်ကားဖြစ်ပြီး အင်းစိန်ဒညှင်းကုန်းမှ စတင်ကာ အင်းစိန်-ရန်ကုန်လမ်းမကြီးတလျှောက် ဆူးလေ ဗိုတ်တထောင်အထိ ဂိတ်ဆုံးပြေးဆွဲပါတယ်။ ယဉ် ၁၅စီးလောက်ရှိပြီး ကားအစီးရေတိုင်းတွင် အမျိုးသမီးယဉ်နောက်လိုက်တွေ ပါရှိကြောင်း သိရပါတယ်။

“ကျမကို တထောင့်တနေရာကနေပြီးတော့ ဒီလို အခွင့်အလမ်းတွေပေးတာမြင်တော့ အရမ်းကောင်းတယ်။ ဘယ်လိုပဲပြောပြော အမျိုးသားတွေနဲ့ ယှဉ်တွြဲပီး အလုပ်လုပ်ရတော့”  လို့ မကေသီက သူမရဲ့ ခံစားချက်နဲ့ ခံယူချက်ကို ပြောပြပါတယ်။

ကားပေါ်မှာတွင်လည်း သူမတို့ကို အမျိုးသမီးမို့လို့ ခွဲခြားဆက်ဆံခံရတာ မရှိကြောင်းလည်း သိရပါတယ်။  “ကားပေါ်မှာ သက်သာတယ်။ အရမ်းကြီး အခက်အခဲ မရှိပါဘူး”

အမျိုးသမီး တဦးဖြစ်တာကြောင့် ခရီးသည် အမျိုးသမီးများကြား လုံခြုံမှုကို ပေးနိုင်ကြောင်းလည်း သူမကိုယ်သူမ ထင်မြင်မိတယ်လို့လည်း ပြောပါတယ်။

“ပြောဆိုဆက်ဆံတဲ့အခါမှာ အမျိုသားတွေပွင့်ပွင့်လင်းလင်းကြီး ပြောရင် ရိုင်းတယ်လို့ထင်ရတယ်။ အမျိုးသမီးတွေကျတော့ နှုတ်နဲ့ ချိုချိုသာသာ ပြောတဲ့အခါကျတော့ ခရီးသည်တွေက ပြောတယ်၊ ပြောဆိုတာတွေ ယဉ်ကျေးတယ်။ ကားစီရတာလည်း အဲယားကွန်းလေးနဲ့ ကောင်းတယ် စိတ်ချမ်းသာတယ်ဆိုပြီး အပြောဆိုခံရပါတယ်” လို့ သူမတို့ကို ခရီးသည်တွေရဲ့ တုံ့ပြန်မှုကို ပြောပြပါတယ်။

“တချို့ခရီးသည်တွေက ပြောကြတယ်၊ ငါတို့ ဟိုခေတ်တုန်းက အမေညတို့လား၊ ရုပ်ရှင်မင်းသမီးတွေပေါ့၊ ထမီတွေဝတ်၊ ခါးပတ်ကြီးတွေ ဝတ်ပြီး ကားလိုက်စီးတာကိုပဲမြင်ဖူးတယ်၊ အခု ၂၀၁၄ ခေတ်ကကျမှ ဒီလိုမျိုး အမျိုးသမီးတွေ ၄၈ အထူးမှာ ပြန်ခေါ်တာ တွေ့ဖူးတယ်။ ကောင်းတယ် သမီးအဲလို ပြန်ခေါ်တာ ၊ ဦးတို့က မမြင်ရတော့ဘူးထင်တာ၊ အမျိုးသမီး ယဉ်နောက်လိုက်ကို ခုမှ ဒီကားပေါ်မှာ ပြန်တွေ့ရတာ ဝမ်းသာတယ်၊ အဲလိုပြောဆိုခံရတာ” လို့ မကေသီက သူမကို ချီးကျူးပြောဆိုခဲ့တဲ့ စကားသံများကို ပြန်ပြောပြပါတယ်။
???????????????????????????????
နောက်ထပ် ယဉ်နောက်လိုက် မချိုချိုခိုင်ကလည်း သားသမီးရဲ့ ပညာရေး၊ စားဝတ်နေရေးကြောင့် ဝင်ရောက်လုပ်ကိုင်ရခြင်းဖြစ်တယ်လို့ ပြောပါတယ်။ “အလုပ်ခေါ်တဲ့အချိန်နဲ့ ကျမအလုပ်မရှိသေးတဲ့အချိန်နဲ့ တိုက်နေတော့ ဝင်လုပ်ဖြစ်တာပါ။ ခုတော့ သားသမီး စားဝတ်နေရေးအတွက်တော့ အဆင်ပြေပါတယ်။ ထို့အပြင် အမျိုးသမီး ယဉ်နောက်လိုက်တွေ ရှိလာခြင်အားဖြင့်လည်း ခရီးသွား အမျိုးသမီးတွေရဲ့ဘဝများလုံခြုံမှု ပိုရှိလာနိုင်ပါတယ်” လို့  သူမရဲ့ ခံယူချက်ကို ပြောပြပါတယ်။ ခရီးသွားအမျိုးသမီးများကို ကားပေါ်တွင် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှု ရှိလာခဲ့သော် ယဉ်နောက်လိုက် အမျိုးသမီး တယောက်အနေဖြင့် မားမားရပ်ရပ် ရပ်တည်ပေးရန် လိုအပ်ကြောင်းလည်း ပြောသွားခဲ့ပါတယ်။

ယဉ်မောင်းသက်တမ်း ၂၂နှစ်ရှိပြီဖြစ်သော ဦးကျော်စိုးက ယခု ၄၈အထူး အဲယားကွန်းကားသည် ပြိုင်မောင်းရသော ကားမဟုတ်သလို အလုပ်အကိုင်မရှိသော အမျိုးသမီးများအတွက် စားဝတ်နေရေးကို အဓိက ဦးစားပေးပြီး လုပ်ကိုင်ပေးနေကြောင်းပြောပါတယ်။ “အမျိုးသမီးတွေက သူ့ခေတ်နဲ့သူ၊ စက်ရုံအလုပ်ရုံတွေမှာလုပ်တယ်ဆိုရင်လည်း လစာရတာနဲ့ လုပ်ကိုင်ရတာနဲ့ မကာမဘူး၊ ဒီမှာတော့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်တဲ့အခါ သူတို့ မိသားစု စားဝတ်နေရေးအတွက် ပြေလည်တယ်ဆိုတဲ့ အကြောင်းပြောပြတယ်” လို့ သူက အမျိုးသမီး ယဉ်နောက်လိုက်ဘဝတွေကို ပြောပြပါတယ်။

အမျိုးသားနှင့် အမျိုးသမီး ယခုလိုမျိုး ရင်ဘောင်တန်းပြီး အလုပ်လုပ်တဲ့အခါတွင် အင်မတန်ကောင်းမွန်သော အကျိုးကျေးဇူးကိုခံစားရကြောင်း ဦးကျော်စိုးက ဂုဏ်ယူပြီး ပြောနေပါတယ်။ ယဉ်မောင်းလာသော သက်တမ်းတလျှောက်တွင် လည်း သောကများရပြီး ပြိုင်မောင်းရကြောင်း၊ ယဉ်နောက်လိုက်များကလည်း ခရီးသည်များကို ဆွဲချဆွဲတင်လုပ်နေခြင်းဖြင့် ခရီးသည်များနှင့် မချေမငံဖြစ်ခဲ့ရပြီး ယခု ၄၈အထူးလိုင်းမှာတော့ သောကကင်းဝေးရကြောင်း ယဉ်လိုင်းများရဲ့ ကွာခြားချက်ကို ပြောပြပါတယ်။

အမျိုးသမီး ယဉ်နောက်လိုက်များသည် သမာအာဇီဝနှင့်် အလုပ်လုပ်နေသည်ကို တွေ့ရသောအခါတွင် အလွန်ကောင်းမွန်ကြောင်း ခရီးသည် ဖြစ်သူ ကျော်မင်းထိုက်က ပြောပါတယ်။

“ကားစီးတဲ့အခါမှာ အဲယားကွန်းနဲ့ ခရီးသည်တွေကိုလည်း အလုအယက်မတင်ဘူးဆိုတော့ စိတ်ချမ်းသာတယ်။ တခုပဲပြောစရာရှိတယ်။ လမ်းကြောင်းကိုတော့ တချို့ယဉ်နောက်လိုက်တွေ မကျွမ်းသေးဘူး။ မှားပြီး အော်နေတာတွေ့တယ်။ မှတ်တိုင်နာမည်ကိုပေါ့”

Related Articles