Entries by Administrator

အိမ်တွင်းအကြမ်းဖက်မှုမှသည် အသက်အန္တရာယ်သို့

Cherry/ Anna။ “ကျွန်မသားသမီးတွေနဲ့ အတူအိပ်ပျော်နေတုန်း ကျွန်မယောက်ျားက အရက်မူးပြီး ဓားနှစ်လက်ကို လက်တဖက် တလက်စီကိုင်ထားတယ်။ အခန်းထဲ ဝင်လာပြီး ဒီညတော့ မင်းတို့သားအမိ သုံးယောက်ကို သတ်ကို သတ်တော့မယ် အရှင်မထားတော့ဘူး ဆိုပြီး ကျွန်မရဲ့ လည်ပင်းပေါ် လာဖိထားတယ်”

တရားရုံး ရောက်ခဲ့ပေမယ့် လည်း…

Cherry/ Anna။ “သမီးဘဝတစ်လျှောက်လုံး အမဲစက်က ရှိနေတော့မှာဘဲ သမီးကအခုဆိုရင် ကျောင်းမတက်ချင်တော့ဘူး အိမ်မှာဘဲ စာသင်တော့မယ်ဘဲပြောနေတယ် သမီးကိုသိပ်သနားတယ်။”

စာမတတ်တာ အပြစ်လား

နော်မေ။ သူမပြန်လာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက သူမရင်ကို တုန်လှုပ်စေခဲ့တယ်။ သမီးလေးရဲ့ အနာဂတ်ကိုလည်း တွေးပြီး ရင်လေးမိသွားတယ်။ ဘာကြောင့် အဖေအရင်းဖြစ်သူက အဲလိုလုပ်ရတာလဲ သူမနားမလည်နိုင်ဘူး။ “သူက ကလေးတအားငိုလို့ ထမကြည့်နိုင်လို့ဆိုပြီး သူ့ရဲ့ တန်ဆာကိုပေးကိုင်ထားတာ သမီးလေးကကိုင်ပြီး ဆော့ပြီးငိုတိတ်သွားတာပေါ့ ဘာဖြစ်လို့အဲလိုလုပ်ရတာလဲလို့မေးတော့ ကလေးတအားငိုနေလို့ ငါလည်းမထနိုင်တာနဲ့ အဲလိုပဲပေးကိုင်လိုက်တာတဲ့” လို့ မနှင်းဖြူက ပြောပြပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ မနှင်းဖြူဟာ ညအိပ်ရာဝင်တိုင်း အမြဲတမ်းဘုရားဆုတောင်းပြီး သူမလိုချင်တဲ့ ဆုတစ်ဆုကို တောင်းနေမိတယ်။ သူငယ်တန်းသာ တက်ခဲ့ရတဲ့ သူမမှာ မိသားစုစီးပွားရေးအဆင်မပြေတဲ့အပြင် မိခင်က နောက်အိမ်ထောင်ပြုသဖြင့် လွိုင်ကော်မြို့မှ မန္တလေးသို့ မိခင်နှင့်အတူ ဖခင်ကိုထားပြီး ညီအစ်မသုံးဦးစလုံး လိုက်သွားခဲ့ပါတယ်။ မနှင်းဖြူအရွယ်ရောက်လာတော့ သူဌေးတွေရဲ့အိမ်မှာ အိမ်ဖော်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့တယ်။ သူမဟာ ဆင်းရဲစွာနဲ့နေထိုင်လာခဲ့ရပေမဲ့ အကျင့်စာရိတ္တပျက်ပြားသူ မဟုတ်ပါဘူး။ […]

“အမျိုးသမီးငယ် (၇) ဦး ကယောင်ကတမ်းဖြစ်ကာ ဆေးရုံရောက်“

ဖုမော်။ လွိုင်ကော်။ ကယားပြည်နယ်လွိုင်ကော်မြို့စစ်ဆေးရုံသို့ မော်ချီးဒေသရှိ မိန်းကလေး(၇)ဦး အောက်တိုဘာ ၁ ရက်နေ့က ပုံစံတူ ကယောင်ကတမ်းပြောဆိုကာ ရောက်ရှိလာကြသည်။ ”သူတို့က စဖြစ်တုန်းကဆို ပိုဆိုးတယ် အခုက (၄)ယောက်တော့ နည်းနည်းသက်သာလာပြီး သူတို့ဖောက်ပြီဆိုရင် ငါ့ကိုလာမခေါ်နဲ့ သွား ငါမလိုက်ဘူး လို့ဘဲပြောနေတယ် ပြီးတော့ အဖိုးကြီးတစ်ယောက်က သူတို့ကို လာခေါ်နေတယ်  လည်ပင်းလည်း ညစ်တယ် လို့ ပြောတယ် တစ်ယောက်ဖြစ်ပြီဆိုရင် ကျန်တဲ့သူလည်း တစ်ချိန်တည်းလိုက်ဖြစ်တယ် ပြီးတော့ သူတို့ ပြောတာတွေလည်း အတူတူဘဲ လို့ “ လူနာစောင့်တဦးက  ပြောသည်။ ထိုမိန်းကလေး (၇) ဦးမှာ ထိုကဲ့သို့ကယောင်ကတမ်းမဖြစ်ခင် တောထဲသို့ထင်းခွေရန်အတူတကွသွားခဲ့ကြပြီး တစ်ရက်နှစ်ရက်အတွင်း ကယောင်ကတမ်းများ ပြောကာကြောက်ရွံနေကြကြောင်းကို လူနာစောင့်မှ ပြောသည်။ လွိုင်ကော်စစ်ဆေးရုံးမှ အထွေထွေရောဂါကုသမားတော်ကလည်း “ စိတ်ရောဂါလို့ […]

အမျိုးသား ဥယျာဉ် စီမံကိန်း ဒေသခံများအတွင်း သဘောထားကွဲလွဲ

ကချင်မလေး။ ကချင်ပြည်နယ်ရှိ မြစ်ဆုံဒေသတွင် “အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်” ပြုလုပ်မှုအပေါ် ဒေသခံ ပြည်သူများကြား သဘောထားကွဲလွဲနေကြောင်း သိရပါတယ်။ မြစ်ဆုံတန်ဖဲ(ဧရာဝတီ)မြစ်(၁)မိုင်အကွာမှစပြီး အင်ခိုင်ဘွမ်တောင်တန်း ၇၄၂၆၀ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အမိန့်ကြေငြာစာအမှတ် ၅၂/၂၀၁၄အရ “အင်ခိုင်ဘွမ်အမျိုးသားဥယျာဉ်” အဖြစ်သတ်မှတ်ရန် ကြေးတိုင်အရာရှိက ယခုလ (၁)ရက်နေ့က ထုတ်ပြန်ခဲ့ပါ တယ်။ မြစ်ဆုံဒေသခံများက မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မူလရွာနဲ့ တောင်ယာမြေတွေကိုစွန့်ခဲ့ရပြီး ယခုထပ်မံ အမျိုးသားဥယျာဉ် စီမံကိန်းထပ်မံရောက်လာတာကြောင့် အမျိုးသမီးတွေအတွက် စားဝတ်နေရေး ပိုမိုခက်ခဲနိုင်ကြောင်း ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။ “ကျမတို့က မြစ်ဆုံစီမံကိန်းကြောင့် တခါအိမ်ရာ၊ ခြံမြေတွေ သိမ်းခံလိုက်ရပြီ၊ အခုထပ်ပြီးအမျိုးသားဥယျာဉ်ဆို ကျမတို့ လုပ်ကိုင်စားသောက်ဖို့နေရာ ပိုပြီးခက်ခဲ စေလာနိုင်တယ်” “အခုမြစ်ဆုံစီမံကိန်းကြောင့် ကျွဲ၊ နွာ စားကျက်မြေမရှိအခက်အခဲပြဿနာတွေရှိတယ်၊ ကျနော်တို့ ကျွဲ၊ နွဲ တွေက […]

“ရင်ထဲက စကားသံများ”

ဖူးမော်။ ခန်းမကြီး ထဲသို့ဝင်လိုက်သည်နှင့် ရောင်စုံပန်းများ ဖူးပွင့်နေသလိုပင် တောင်ပေါ်မြေပြန့် ဒေသပေါင်းစုံမှပန်းများ အပြိုင်လှနေကြသည်။ ပန်းတိုင်းမှာ လန်းဆန်းလှပနေပြီး ရနံများဖြင့်ထုံသင်းနေသည်။ ထိုပန်းများ စုပေါင်း ထားသော နေရာမှာအခြားမဟုတ် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ် ပင်ဖြစ်သည်။ သူတို့အချင်းချင်း ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြသည်။ နှုတ်ဆက်ကြသည်။ အမှန်တကယ် ငြိမ်းချမ်းသော အချိန်လေး ဟု ခံစားမိသည်။ အမျိုးသမီးခေါင်းဆောင်များ သွက်သွက်လက်လက်နှင့် အခမ်းအနား အစပြုနိုင်ရန်အတွက် ပြင်ဆင်နေသည်။ တိုင်းရင်းသူလေးများလည်း မိမိရိုးရာဝတ်စုံများဖြင့်အပြိုင်လှနေသည်။ သို့သော် ထိုအလှများနှင့်အတူ ရင်ထဲမှ အပြိုင်မလှနိုင်သေးသော အရာများအတွက် သူတို့ရောက်ရှိလာခြင်းဖြစ်သည်။ သူတို့ရင်ထဲတွင် မငြိမ်းချမ်းသော အရာများကို ဖွင့်ဟပြောဆိုလိုက်သည့်အခါမှာ ခန်းမတစ်ခုလုံး အမျိုးသမီးများ   အတူတကွ ခံစားခဲ့ကြရသည်။ တအောင်း ပလောင်ဒေသ ကိုယ်စားပြု အမျိုးသမီးမှ “ ကျွန်မတို့ ဒေသမှာ […]

ဥပဒေပင် ရှိငြားသော်လည်း

ကောကော်။ ရန်ကုန် “ကလေးတယောက်ရစဉ်ခါထိ ကျမအပေါ်မှာကောင်းသေးတယ်။ ဒုတိယ ကလေးမွေးပြီးတော့ တောက်လျှောက် ကျမအပေါ်မှာ မကောင်းတော့ဘူး။ အရက်သေစာလည်း သောက်လာတယ်။ မယားငယ်၊ ပြည့်တန်ဆာထားလာတယ်။ ခဏခဏ စိတ်ဖိစီးမှုတွေ များခဲ့တယ်” အိမ်တွင်းအကြမ်းဖက်မှုတွင် စိတ်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုခံရတယ်လို့ သန်လျင်မြို့မှ မစန်းစန်းအေးက  ပြောပါတယ်။ သူမဟာ မိဘ၊တွေမျိုးများ မရှိတော့တွက်အတွက် အမျိုးသားရဲ့ မိသားစုတွေနဲ့ အတူ မှီခိုနေရပါတယ်။ “ကျမက ဘာမှမပြောဘူး။ အချိန်တန်ရင် ကိုယ့်ဆီပြန်ရောက်မှာပဲလို့ သဘောထားလိုက်တယ်။ သားသမီးတွေ အရွယ်ရောက်လာတော့လည်း ဒီတိုင်းပဲ။ ကျမကလုပ်ကျွေးရတာ များတယ်။ သူ့လုပ်စာစားရတာ နည်းတယ်” စန်းစန်းအေးဟာ အိမ်တကာ အဝတ်လျှော်တဲ့အလုပ်၊ ပဲပြုတ်ရောင်းတဲ့အလုပ်တွေနဲ့အတူ အမျိုးသားနဲ့ ကလေးနှစ်ယောက်ကို လုပ်ကျွေးနေရပါတယ်။ စိတ်ပိုင်းဆိုင်ရာသာမက  ရုပ်ပိုင်းဆိုင်ရာအရလည်း ကိုယ်ထိလက်ရောက်ကျူးလွန်ခံရပါတယ်။ “ပါးစပ်ထဲက သွေးတောင်ကျဖူးတယ်” ပတ်ဝန်းကျင်ရဲ့ ဖိအားက […]

ဟူးကောင်းတောင်သူများမှ ယုဇနကုမ္ပဏီအားအလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပ

ကချင်မလေး။ ကချင်ပြည်နယ်၊ ဟူးကောင်းဒေသရှိ အောင်ရွာကျေးရွာနှင့် ဝရာဇွပ်ကျေးရွာတွင် စက်တင်ဘာ ၂၂ ရက်နေ့၌ ကချင်ပြည် ဟူးကောင်းတောင်သူများမှ ယုဇနကုမ္ပဏီအားအလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပရာ ၉၇%က ကုမ္ပဏီကို အလိုမရှိကြောင်း ဆန္ဒမဲပေးခဲ့ကြသည်။ ဆန္ဒမဲစုစုပေါင်း  ၇၅၅ မဲ အနက် ၇၂၆ က ယုဇနကုမ္ပဏီကို အလိုမရှိကြောင်း ကန့်ကွက်မဲဖြစ်ပြီး၊ ၁၉ မဲက ထောက်ခံမဲ၊ ၁၀ မဲက ပယ်မဲဖြစ်သွားပြီး မဲထည့်သူများတွင် ၆၀%ခန့်သည် အမျိုးသမီးများဖြစ်ကြသည်။ ယုဇနကုမ္ပဏီက ၂၀၀၆ ခုနှစ်မှစ၍ ကချင်ပြည်နယ် ဟူးကောင်းဒေသသို့ရောက်ရှိလာပြီး၊ တောင်သူများ၏ လယ်မြေ၊ ခြံမြေများကို သိမ်းဆည်းခဲ့သည်။ ရွာများကိုလည်း အတင်းအဓမ္မပြောင်း ရွေ့ခိုင်းသည့်အပြင် ကမ္ဘာ့ကျားထိန်းသိမ်းရေးနေရာများကိုပါခုတ်ထွင်းရှင်းလင်းပြီး အကြီးစား ပီလော်ပီနံ စိုက်ခင်း အဖြစ်လုပ်ဆောင်နေခဲ့သည်။ ဟူကောင်းတောင်သူများက ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ […]

ကချင်ပြည် ဟူးကောင်းတောင်သူများနှင့် တောင်သူမများ ယုဇနကုမ္ပဏီအလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပ

ကချင်မလေး။ ကချင်ပြည် ဟူးကောင်းတောင်သူများမှ ယုဇနကုမ္ပဏီအား အလိုရှိ မရှိ ဆန္ဒခံယူပွဲကျင်းပရာ ၉၇% က ကုမ္ပဏီကို အလိုမရှိကြောင်း ဆန္ဒမဲပေးခဲ့ပြီး ထိုထဲတွင် အမျိုးသမီးမဲထည့်သူ တဝက်ကျော်ရှိတယ်လို့ သိရပါတယ်။ ဆန္ဒမဲစုစုပေါင်း  ၇၅၅ မဲ အနက် ၇၂၆ က ယုဇနကုမ္ပဏီကို အလိုမရှိကြောင်း ကန့်ကွက်မဲဖြစ်ပြီး၊ ၁၉ မဲက ထောက်ခံမဲနဲ့ ၁၀ မဲက ပယ်မဲဖြစ်သွားပြီး မဲထည့်သူများတွင် ၆၀% ခန့်မှာ အမျိုးသမီးများဖြစ်ကြပါတယ်။ “ဒီနေ့ဆန္ဒမဲလာထည့်တဲ့သူတွေမှာ ကျွန်မတို့မိခင်တွေပိုများတယ်၊ တဝက်ကျော်ကျော်လောက်ရှိတယ်”လို့  လို့ ဒေါ်ဂျာတောင်ကပြောပါတယ်။ စက်တင်ဘာ ၂၂ ရက်က ပြုလုပ်တဲ့ ဆန္ဒခံယူပွဲမှာ ဆန္ဒမဲလာထည့်သူ တောင်သူတဦးဖြစ်သူ ဒေါ်မရမ်ထုက “ အခုလိုကိုယ့်ဆန္ဒရှိတဲ့အတိုင်းမဲလာထည့်ရလို့ ဝမ်းသာတယ်၊ ရလာတဲ့မဲရလာဒ်တွေကလည်း ဟူးကောင်းတောင်းသူတွေရဲ့ အသံ အစစ်အမှန်ဖြစ်တယ်၊ […]

စက်တင်ဘာ ၂၁ ရက်နေ့ ငြိမ်ချမ်းရေးလမ်းလျှောက်ချီတက်ပွဲ (ရန်ကုန်မြို့)

ကောကော်။ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် အမျိုးသမီးများကွန်ယက် မြန်မာနိုင်ငံတို့မှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့တွင် အမျိုးသမီးများ၊ အမျိုးသားတချို့များနှင့်အတူ လူဦးရေ ၄၀၀ ကျော်ခန့်သည် မနက် ၈နာရီခွဲတွင် ရန်ကုန်မြို့ ပုလဲကွန်ဒိုရှေ့၊ အားကစားကွင်းမှစတင်ပြီး ကမ္ဘာအေးဘုရားလမ်းပေါ်တလျှောက် ကန်တော်ကြီးအထိ ငြိမ်းချမ်းရေးအတွက် တောင်းဆိုသံများကို ကြွေးကြော်ကြပြီး လမ်းလျှောက်ချီတက်ခဲ့ကြပါတယ်။