Entries by Administrator

အမျိုးသမီးအဖွဲ့များဦးဆောင်၍ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လမ်းလျှောက်ပွဲ ရန်ကုန်မြို့တွင် ပြုလုပ်

ကောကော်။ အမျိုးသမီးများ အဖွဲ့ချုပ်( မြန်မာနိုင်ငံ) နှင့် အမျိုးသမီးများကွန်ယက် မြန်မာနိုင်ငံတို့မှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့တွင် အမျိုးသမီးများ၊ အမျိုးသားတချို့များနှင့်အတူ လူဦးရေ ၄၀၀ ကျော်ခန့်သည် မနက် ၈နာရီခွဲမှ ၁၀ နာရီခွဲအထိ ရန်ကုန်မြို့ ပုလဲကွန်ဒိုရှေ့၊ အားကစားကွင်းမှစတင်ပြီး ကမ္ဘာအေးဘုရားလမ်းပေါ်တလျှောက် ကန်တော်ကြီးအထိ ငြိမ်းချမ်းရေးအတွက် တောင်းဆိုသံများကို ကြွေးကြော်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်ပွဲတွင် ပါဝင်ကြသော ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော သူများသည် အပြာရောင်အင်္ကျီပေါ်တွင် No Women No Peace စာသားနှင့်အတူ အမျိုးသမီးစွမ်းဆောင်အား ငြိမ်းချမ်းရေး အတွက် စုစည်းထား ဆိုသော ဆောင်ပုဒ်စာသားကို တွေ့ရပါတယ်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများငြိမ်းချမ်းရေးအတွက် ယခုလို လမ်းလျှောက်ချီတက်ပွဲသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း အမျိုးသမီးများကွန်ယက် မြန်မာနိုင်ငံမှ မာမာချိုက […]

ငြိမ်းချမ်းရေးအကြို အခမ်းအနားကျင်းပခြင်းနှင့်အတူ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့်အတူ လမ်းလျှောက်ချီတက်ပွဲတွင်ပါဝင်ခဲ့သော Women’s Galaxy

ကောကော် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အကြို အခမ်းအနားတရပ်ကို စက်တင်ဘာ၂၀ရက်နေ့တွင် ရန်ကုန်မြို့ပြည်လမ်းရှိ ယုဒသန်ခန်းမ  Women’ Galaxy မှ ဦးဆောင်ပြီး ငြိမ်းချမ်းရေး စကားဝိုင်းများတွင် ပါဝင်ခဲ့ကြသော အမျိုးသမီး၊ အမျိုးသားများ၊ အမျိုးသမီး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး တေးသံရှင်နှင့်အတူ လူဦးရေ ၁၀၀ကျော်ခန့်ဖြင့် ကျင်းပခဲ့ပြီး စက်တင်ဘာလ ၂၁ရက်နေ့မှာတော့ အမျိုးသမီး အဖွဲ့ချုပ်(မြန်မာနိုင်ငံ) နှင့်အတူ ပူးပေါင်းပြီး ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲတွင် ပါဝင်ခဲ့ကြပါတယ်။ “အမျိုးသမီးများ လက်တွဲထား ငြိမ်းချမ်းရေးအတွက် တို့အင်အား” ဆိုသော ခေါင်းစဉ်ဖြင့် မနက် မနက် ၁၀နာရီမှ၁၂နာရီအထိ  ကျင်းပပြီး ငြိမ်းချမ်းရေး သင်္ကေတအရောင်ဖြစ်သော အပြာရောင်ထီးများမှာ စင့်မြင့်အောက်တွင် နေရာယူထားလျက်ရှိကြပါတယ်။ Women’s Galaxy အမျိုးသမီး အဖွဲ့မှ ဦးစီးသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် […]

အမွေမလိုချင်ပါ အရင်းအနှီးသာပေးပါ

နော်မေ။ အကျယ်အဝန်း ၁၀ပေခန့်ရှိသော ဈေးဆိုင်လေးက ကုန်းသာရွာမှ ကလေးငယ်များ၏အကြိုက် မုန့်များကို ရောင်းနေသည်။ ကလေးများ ငါးဆယ်၊ တစ်ရာ၊ နှစ်ဆယ်ကျပ်တန်တို့ဖြင့် ချိုချဉ်၊ ဝေဖာနှင့် နေကြာစေ့များကို ကလေးငါးယောက် အလုအယက်ဝယ်ယူနေကြသည်။ ဆိုင်ရှင်ကလည်း ကယန်းစကားဖြင့်  လုယက်ဝယ်ယူနေသော ကလေးများကို ဖြည်းဖြည်းချင်း ရောင်းပေးနေပါသည်။ သူမကတော့ စေတနာအပြည့်ဖြင့် ကလေးငယ်များကို ဆက်ဆံနေပါသည်။ ထိုဆိုင်ရှင်မှာ အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး အမည်မှာ ဒေါ်ကာ ဖြစ်ပါသည်။ မုန့်ဆိုင်အသေးစားကလေးဖြစ်သော်လည်း လူကတော့ အမြဲလိုလို တစ်ယောက်စနှစ်ယောက်စ ရှိနေတတ်သည်။ ယခုလည်း ဆိုင်ရှေ့ ခုံတန်းပေါ်တွင် ပတ်ပတ်လည်လည် ထိုင်နေသော ကယန်းအမျိုးသမီး လေးဦးနှင့် ကယန်းအမျိုးသားတစ်ဦးတို့သည် ကယန်းစကားဖြင့် ဝိုင်းဖွဲ့၍စကားဖောင်ဖွဲ့ ပြောဆိုနေကြပါသည်။ တချို့သောသူများက “ကယန်းတွေ စကားပြောရင် တုတ်ဓားတွေနဲ့ ရန်ဖြစ်နေကြသလိုပဲ” […]

ကွတ်ခိုင်က အမျိုးသမီးငယ် ပျောက်ဆုံး

ကောကော်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲတွင် အသက်(၁၃)နှစ်အရွယ် လွေအေးကြမ်းဟာ သူမ၏ ဆွေမျိုးတော်စပ်သူ ဖြစ်သည့် ဦးယန်ကြုံး နေအိမ်တွင် အိမ်ဖော်အဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ဒီဇင်ဘာလ၊ ၂၉ရက်နေ့တွင် ပျောက်ဆုံးသွားကာ ၊ ပျောက်ဆုံးမှုအတွက် လွေအေးကြမ်း၏မိဘများ၊ တအောင်းဝ်စာပေနှင့် ယဉ်ကျေးမှုအဖွဲတို့မှ တာမိုးညဲ ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း ယနေ့တိုင်ဖြေရှင်း အရေးယူမှုမရှိပဲ လျစ်လျူမှု ရှိနေကြောင်း တအေင်းဝ်စာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးခမ်းညွန့်က ပြောပါတယ်။ “ကလေးမလေး ပျောက်သွားတာ လေးငါးလရှိပြီ၊ အဲဒါအိမ်ရှင်က ရဲစခန်းကို မတိုင်ဘူး၊ ကောင်မလေးရဲ့ ဆွေမျိုးတွေ ကျတော်တို့ စာပေကို လာပြောမှ ကျတော်တို့က တာမိုးညဲ ရဲစခန်းကို သွားတိုင်တယ်။ ခုလည်းရဲတွေ ပြောတာကတော့ ရှာတော့ရှာတယ်။ အရေးမယူတာတော့မဟုတ်ဘူး။ အိမ်ရှင်က ရိုးသားတယ်လို့ ကျနော်တို့ […]

မြစ်ဆုံတန်ဖဲကျေးရွာ လုံးဝဖျက်သိမ်းရေးကို ဒေသခံအမျိုးသမီးများ လက်မှတ်ထိုး ဆန့်ကျင်

ကချင်မလေး အောင်မြင်သာစံပြကျေးရွာ အုပ်ချုပ်ရေးရုံးတွင် တန်ဖဲကျေးရွာဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲကျင်းပရာ အစည်းအဝေးတွင် အမျိုးသမီးထက်ဝက်ခန့် တက်ရောက်ပြီး  ကျေးရွာဖျက်သိမ်းရေးဆန့်ကျင့်ခဲ့ကြောင်း သိရသည်။ “ဒီနေ့အစည်းအဝေးမှာက ထက်ဝက်(၁၀၀)ခန့်က တက်ရောက်တယ်၊ တက်ရောက်လာတဲ့ အမျိုးသမီးတွေကလည်း ကျွန်မတို့ဘိုးစဉ်ဘောင်ဆက်ကတည်းက နေထိုင်တဲ့ မြစ်ဆုံ တန်ဖဲရွာကို ပျောက်ကွယ်သွားမှာကို မလိုလားဘူးလို့ တင်ပြကြတယ်” ဟု အစည်းအဝေးတက်ရောက်သူ ဒေသခံ  ဒေါ်ဂျာခေါ်န်က ပြောပါတယ်။ အစည်းအဝေးအား စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အဓိကခေါင်းစဉ် (၃)ခုဖြစ်သည့် (၁) တန်ဖဲ ကျေးရွာအမည်ကို ဖျက်သိမ်းပြီး အောင်မြင်သာစံပြကျေးရွာအမည် (မြစ်ဆုံရေကာတာကြောင့် ရွေ့ပြောင်းထားသော ရွေ့ပြောင်းစခန်း) ကို ကျေးရွာအဖြစ်အတည်ပြုမလား၊ (၂) တန်ပဲရွာကို မူလကျေးရွာအတိုင်းထားရှိပြီး အောင်မြင်သာကျေးရွာကိုသာ တန်ဖဲကျေးရွာ၏ တိုးချဲ့ရွာအဖြစ် ထားရှိမလား၊ (၃)အောင်မြင်သာကျေးရွာကို (နီးစပ်ရာ ကျေးရွားအုပ်စု) […]

ကန့်ဘလူမြို့နယ်မှ လယ်ယာမြေသိမ်းဆည်းမှုကြောင့် ငိုကြွေးနေသော အမျိုးသမီးများ၏အသံများ

ကောကော်။ “အဖွားက လယ်တောထဲမှာပဲ တဲလေးထိုးပြီးနေတယ်။ စစ်သားတွေက ဖယ်ရှားတယ်။ လယ်ကိုသိမ်းလိုက်တော့ တဲမှာတယောက်ထဲမနေရဲ တော့ အဖွားကို သတ်ပစ်မှာ စိုးလို့ ရွာထဲကို ပြေးနေရတယ်။ ခုစားစရာလဲမရှိဘူး။ ရွာထဲကလူတွေအလှည့်ကျ အဖွားကိုကြည့်ပေးနေရတယ်” လို့ အဖွားတင်အိက ပုဝါနဲ့မျက်ရည်သုတ်ပြီး ပြောပြပါတယ်။ မုဆိုးမဖြစ်သူ အဖွားတင်အိမှာ လယ်ဧက ၄ ဧက ပိုင်ဆိုင်ပြီး သားသမီးလည်း မရှိတဲ့အတွက် သူမရဲ့ မြေကို ရွာသားများက အလှည့်ကျ ထွန်ယက်စိုက်ပျိုးပေးနေရတယ်လို့ပြောပါတယ်။

ဝိုင်းမော်လယ်သူမများ လယ်ယာမြေရရှိရေး ဆန္ဒပြတောင်းဆို

ကချင်မလေး။ စက်တင်ဘာ ၁၀ရက်နေ့တွင် ဝိုင်းမော်မြို့နယ် နမ့်ဝါကျေးရွာ၊ မုတ်ကျိတ် ကျေးရွာ၊ လမြန်ကျေးရွာမှ တောင်သူလယ်သမားများ လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းမှုပြုလုပ်ခဲ့ကြသည်။ ထိုထဲတွင် အမျိုးသမီး လယ်သူမများ ၁၇၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။ ဆန္ဒပြမှုကို မနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဝိုင်းမိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် ဆောက်လုပ်ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာနမှူးရုံး ရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်အမျိုးသမီးအဖွဲ့ လွိုင်ကော်တွင် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးပြုလုပ်

ဖူးမော်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အမျိုးသမီးပိုမိုပါဝင်ရေးအတွက် ရန်ကုန်အခြေစိုက် အမျိုးသမီးအဖွဲ့များကွန်ယက်(မြန်မာ)မှ ဦးစီး၍ ကယားပြည်နယ် လွိုင်ကော်မြို့တွင် သင်တန်းတစ်ခု ပြုလုပ်ခဲ့ပါသည်။ ထိုသင်တန်းကို၂.၉.၂၀၁၄ မှ ရ.၉.၂၀၁၄ထိ (၆) ရက်တာ ပြုလုပ်သွားခြင်းဖြစ်ပြီး “Civic Education Training” နှင့်”Women Peace and Security” ဟူ၍ ခေါင်းစဉ်နှစ်ရပ်ခွဲကာ ပြုလုပ်သွားပါသည်။ သင်တန်းလာရောက်ပို့ချပေးသော မြန်မာငြိမ်းချမ်းရေးနှင့်လုံခြုံရေးသိပ္ပံအဖွဲ့မှ ဒေါ်ခင်မမမျိုးကလည်း တစစီပြန့်ကျဲနေသော အမျိုးသမီးအဖွဲ့အစည်းများအားလုံး တူညီသော political platform တစ်ခုရှိရန် လိုအပ်ကြောင်းကို ပြောကြားသွားပါသည်။ ထို့ပြင် Peace Building အခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်ပါတ်သက်မှုကို အားပေးရန်လိုအပ်ပြီး Peace Process အခန်းကဏ္ဍတွင်လည်း အမျိုးသမီးများ လက်တွေ့ဆုံးဖြတ်ချက်ချနိုင်မှုတွင် ပါဝင်နိုင်ရန် မြှင့်တင်ရမည်ဖြစ်ကြောင်း သူမမှ ပြောကြားသွားပါသည်။ ထိုအမျိုးသမီးများအဖွဲ့(မြန်မာ)သည် ပြီးခဲ့သည့် ဇူလိုင်လ […]

အသိမ်းဆည်ခံလယ်မြေပြန်လည်ရရှိရေးထားဝယ်လယ်သူမများဆန္ဒထုတ်ဖော်

ကောကော်။ လယ်ယာမြေရရှိရေးကြိုးပမ်းခဲ့ကြသည့် လယ်သမားများ ဖမ်းဆီးခံနေရခြင်းကြောင့် လယ်တောထဲကျန်ရစ်ခဲ့သည့် လယ်သူမများ၏ လုံခြုံရေးနှင့် စားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်နေရသောကြောင့် အဖမ်းဆီးခံလယ်သမားများကို လွှတ်ပေးရန် ထားဝယ်လယ်သမများက ဆန္ဒပြ တောင်းဆိုလိုက်သည်။

မိခင်တွေကို စိန်ခေါ်နေတဲ့ ကြံစိုက်ပျိုးရေး

ကချင်မလေး။ မိုးသားဖွေးဖွေးတွေကကောင်းကင်ပြာကြီးကိုဖုံးလျက်ရှိနေသဖြင့်ရာသီဥတုကမပူ-မအေးနဲ့အင်မတန်မှနေလို့ကောင်းတဲ့နေ့ဖြစ်တယ်။တောင်တွေနဲ့ပတ်ပတ်လည်ဝိုင်းရံပြီး