Home သတင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထိရောက်ဖို့အတွက် အမျိုးသမီးများ ပါဝင်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထိရောက်ဖို့အတွက် အမျိုးသမီးများ ပါဝင်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဖုမော်။ နိုဝင်ဘာ ၉ ရက် ၂၀၁၄ ခုနှစ်။

???????????????????????????????

ငြိမ်းချမ်းရေးဆွေးနွေးပွဲ (သို့) နိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများတွင် အမျိုးသမီးများ ပါသင့် သလောက်ပါဝင်နိုင်ခွင့်ပေးမှ ထိရောက်မှုရှိမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ကယားပြည်နယ်ရှိလူထုများနှင့် တွေ့ဆုံသည့် လူထုအစည်းအဝေးတွင် ပြောဆိုခဲ့သည်။

“ကျွန်မတို့နိုင်ငံမှာ တကယ်ဘဲ အမျိုးသမီးတွေကို ပညာရေးအရ  အလုပ်အကိုင်အရ တန်းတူညီမျှမှုပေးထားသလား အဲဒီဟာအရေးကြီးတယ် အဲဒီလိုမပေးဘဲ နဲ့ လွတ်တော်ထဲမှာ ဘယ်နှစ်ရာခိုင်နှုန်းကအမျိုးသမီးတွေဖြစ်ရမယ်ဆိုရင် အမျိုးသမီး ရွေးလိုက်တဲ့အခါမှာတော့ လွတ်တော်ထဲမှာ အမျိုးသမီးတွေအရည်အချင်းက အမျိုးသားတွေထက် နိမ့်နေတာကိုမြင်ရတော့ ပိုပြီးတော့အမျိုးသမီးတွေကို အထင်သေးတဲ့ သဘောမျိုးလည်းဖြစ်နိုင်တယ် အဲတော့ ကျွန်မတို့ဟာ ဘယ်လိုပုံစံနဲ့သွားမယ်ဆိုတာကို ဟိုဘက်ဒီဘက် အများကြီးချိန်ဆရတယ်  ကျွန်မတို့ အဖွဲ့ချုပ်ကတော့ ဒီလို အမျိုးသမီးတွေကို တတ်နိုင်သမျှ ထည့်ပြီးတော့ နိုင်ငံရေးမှာ ပါဝင်ဖို့ တကယ် အရေးပါတဲ့နေရာတွေမှာ ပါဝင်ဖို့ ကျမတို့ကြီုးစားပါတယ်”

 

??????????????????????????????? ???????????????????????????????

 

 

 

 

 

 

 

အမျိုးသမီးများ နိုင်ငံရေး  ဦးဆောင်မှု အပိုင်းနှင့် ပတ်သက်ပြီး သူမအနေဖြင့် အမျုးိသမီးများ နိုင်ငံရေးအတွင်းပါဝင်ရန် လိုလားကြောင်း ပြောခဲ့သည်။

ထို့နောက် ကယားပြည်နယ်၏ အမျိုးသမီးများအခန်းကဏ္ဍနှင့်ပါတ်သက်၍လည်း  အိမ်တွင်းအကြမ်းဖက်မှု၊ အဓမ္မပြု ကျင့်မှုများနှင့်အတူ မူးယစ်ဆေးဝါးကြောင့် အမျိုးသမီးများ ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြပြောဆိုသွားခဲ့သည်။ ထိုသို့ ပြောကြားရာတွင် သားသမီးရှိသော အမျိုးသမီးများ အနေဖြင့် မိမိတို့၏သားများ ကိုအလိုမလိုက်သင့်ကြောင်း မိခင်၏သွန်သင်ဆုံးမမှု ပြုစုပျိူးထောင်မှုအလျောက် မိမိ၏သားများသည် သူတို့၏သားမယားအပေါ်ဆက်ဆံသွားမည်ကို သဘောပေါက်ရန် လိုကြောင်း နှင့် မိမိ၏သားသမီးများကို ညီမျှစွာ ပြုစုပျိုးထောင်ရန်လိုကြောင်းပြောကြားသွားပါသည်။

ဆက်လက်၍သူမမှ  ̏̏အမျိုးသမီးများအနေဖြင့် အခွင့်အရေးချိုးဖောက်ခံရမှုများကို ဖော်ထုတ်ရန်လိုကြောင်း ပြောခဲ့သည်။

“အမျိုးသမီးသမီးတွေကို ကာကွယ်ဖို့ဆိုပြီး တရားဝင်နိုင်ငံတော်ကနေပြီးတော့ ထောက် ပံ့ပြီး ဖွဲ့စည်းထားတဲ့အဖွဲ့တွေကနေပြီးတော့ ဘာလို့ သူတို့အလုပ်ကို သူတို့မလုပ်လဲ အဲဒါကိုဖော်ထုတ်ရမယ် နောက်ရာဇဝတ်မှုကို ကျူးကျွန်လာတဲ့အမျိုးသားတွေကိုလည်း ဒါကိုရှက်စရာမဟုတ်ဘူးဆိုပြီး တိုင်သင့်တဲ့နေရာ တိုင်ရမယ် ဒါကို အရေးယူမှုတွေ လုပ်ရမယ် သို့မဟုတ်ရင်ဆက်ပြီးတော့လုပ်နေဦးမှာဘဲ ကြိတ်ပြီး ခံရင်တော့ဆက်ခံရမှာဘဲ အန်တီတို့ဘက်ကလည်း အမျိုးသမီးအခွင့်အရေးတွေ ဘက်ကနေရပ်တည် ပေးပါတယ်”

ကယားပြည်နယ်၊လွိုင်ကော်မြို့ ကယားဒေး ကွင်း ညနေ ၄ နာရီခွဲအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လူထုများနှင့်တွေ့ဆုံပြီး မေးမြန်းဖြေကြားမှုများပြုလုပ်ခဲ့ကာ ထိုလူထုတွေ့ဆုံပွဲသို့ လူသောင်းနှင့်ချီကာ တက်ရောက်ခဲ့ကြသည်။ ညပိုင်းတွင် လွိုင်ကော် ဟိုတယ်တွင် ရပ်မိရပ်ဖ၊တိုင်းရင်သား ငြိမ်းချမ်းရေးအဖွဲ့နှင့် NLD ပါတီဝင်များနှင့်တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ ကယားပြည်နယ်သို့ လာရောက်ကာ လူထုနှင့်တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

Related Articles