Home သတင်း သုံး နှစ်ကြာ ပျောက်ဆုံးနေသည့် ကချင်အမျိုးသမီးအမှု စုံစမ်းပေးရန် လူမှုအခြေပြုအဖွဲ့ ၁၀၀ ကျော် တောင်းဆို

သုံး နှစ်ကြာ ပျောက်ဆုံးနေသည့် ကချင်အမျိုးသမီးအမှု စုံစမ်းပေးရန် လူမှုအခြေပြုအဖွဲ့ ၁၀၀ ကျော် တောင်းဆို

ကချင်မလေး။ အောက်တိုဘာ ၂၇ ရက်။ ၂၀၁၄ ခုနှစ်

IMG_2370

သုံး နှစ်ကြာ ပျောက်ဆုံးနေသော ကချင်အမျိုးသမီး ဆွမ်းလွတ်ရွယ်ဂျာ အမှုကိုဖြေရှင်းရန်အတွက် လွတ်လပ်၍ တရားမျှတသော လွတ်တော် ကော်မရှင်တစ်ရပ်ကိုဖွဲ့စည်းပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူပေးရန် ပြည်တွင်း၊ ပြည်ပ လူမှုအခြေပြုအဖွဲ့ ၁၂၃ ဖွဲ့မှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို တိုက်တွန်းလိုက်သည်။

ဆွမ်းလွတ်ရွယ်ဂျာ ပျောက်ဆုံး သွားသည်မှာ အောက်တိုဘာ ၂၈ ရက်တွင် ၃ နှစ်တင်းတင်းပြည့်ပြီ ဖြစ်သော်လည်း စုံစမ်းအရေးမှုမရှိသည့်အတွက် ယခုလို မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အဖွဲ့သို့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခြင်းဖြစ်ကြောင်း ကိုဂျော်ဂွမ်းမှ ပြောသည်။

“လူ့အခွင့်ရေးကော်မရှင်ဟာ ပြည်သူပြည်သားတွေကို ကာကွယ်ဖို့၊ ပြည်သူပြည်သားတွေမှာဖြစ်လာမည့် လူ့အခွင့်းအရေးချိုးဖောက်မှုတွေ ကို တကယ်အကာအကွယ်ပေးမည့် နေရာလေးတနေရာဖြစ်တယ်ဆိုလို့ ရှိရင် ဒီကိစ္စကို အမြန်ဆုံးဖော်ထုတ်စုံစမ်းပြီးမှ အရေးယူဆောင်ရွက်ဖို့အထိကို မျှော်လင့်ပြီးလာတာဖြစ်တယ်”

ဆွမ်းလွတ်ရွယ်ဂျာအား အတင်းအဓမ္မခေါ်ဆောင်သွားချိန်တွင် သူမ၏ ကလေးငယ်မှာ ၁နှစ်ကျော်ခန့်သာရှိ ခဲ့သည်။ ဆွမ်လွတ်ရွယ်ဂျား၏ မိသားစုဝင်များသည် သူမဖျောက်ဖျက်ခံရမှုကို စုံစမ်းပေးရန် အတင်းအဓမ္မခေါ်ဆောင်သွားသည့် စစ်သားများကို အမှုဖွင့်ပေးရန် အာဏာပိုင်များကို အကြိမ်ပေါင်းများစွာ အသနားခံခဲ့သော်လည်း အစိုးရတပ်မတော်နှင့်တကွ ဒေသဆိုင်ရာ အာဏာပိုင်များက တညီတညွတ်တည်း ငြင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ကြေညာချက်တွင်ထည့်သွင်းထားသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သွားရောက်တွေ့ဆုံပြီး တောင်းဆိုချက်များ တင်ပြရသည့် အပေါ်တွင် “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှာလည်း စိန်ခေါ်မှုတွေအများကြီးရှိနေတယ် လို့ သူတို့ကိုယ်တိုင်ဖွင့်ပြောလာပါတယ်”ဟု ကိုဂျော်ဂွမ်းက ပြောပါသည်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမရ က “ ကျွန်တော်တို့က တိုင်စာရတယ်ဆိုလို့ရှိရင် ဒါကိုစိစစ်ပြီးတဲ့အခါမှာကျတော့ အကောင်အထည်ဖော်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို ဆက်ပြီး ပို့ပေးတာတွေမျိုးပဲ လုပ်လို့ရပါတယ်” ဟု ပြောသည်။

လူအခွင့်အရေးကော်မရှင်အနေဖြင့် တိုင်တန်းလာသည့် ကိစ္စရပ်များအား ဖြေရှင်းရာတွင် အောင်မြင်မှုရှိသလို အချို့မှာလည်း သက်ဆိုင်ရာဌာနမှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်လည်း လိုအပ်ကြောင်း ဦးဝင်းမရက ပြောသည်။

ဆွမ်းလွတ်ရွယ်ဂျာနှင့် သူမခင်ပွန်း၊ ယောက္ခမ (အမျိုးသား၏ဖခင်) သုံးဦးအား ၂၀၁၁ခု၊ အောက်တိုဘာလ ၂၈ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ခိုင်ဘန် ကျေးရွားအနီးရှိ တောင်ယာခင်းမှ  မြန်မာတပ်မတော် ခြေလျင်တပ်ရင်း အမှတ်(၃၂၁)မှ စစ်သားများက အတင်းအဓမ္မခေါ်ဆောင်ခဲ့သည်။ ယောက်ျားသားများဖြစ်ကြသည့် ခင်ပွန်းသည်နှင့် ယောက်ခမတို့ ၂ ဦးက လမ်းခုလတ်တွင် ထွက်ပြေးသိမ်းရှောင်းနိုင်ခဲ့သော်လည်း ရွယ်ဂျာမှာ စစ်သားများခေါ်ဆောင်သွားခြင်းခံခဲ့ရသည်။ ယခုအချိန်ထိ ဆွမ်းလွတ်ရွယ်ဂျာ ပျောက်ဆုံးနေသည့်အပေါ် မည်သည့် အရေးယူလုပ်မှုများ မရရှိသည့်အပြင် သူမ သေလား၊ ရှင်လား ဆိုသည့်သတင်းအစအနပင် မရပဲ ဖြစ်နေသည်။

Related Articles