Home သတင်း တပ်မတော်၏ကျူးလွန်မှုများဖော်ထုတ်မည်ဆိုသည့် သတင်းစာရှင်းလင်းပွဲ ပိတ်ပင်ခံရ

တပ်မတော်၏ကျူးလွန်မှုများဖော်ထုတ်မည်ဆိုသည့် သတင်းစာရှင်းလင်းပွဲ ပိတ်ပင်ခံရ

13537668_901073606671079_4050249332120492789_n

“အမျိုးသမီးကို လူသားဒိုင်းအဖြစ် (Human Shield) သုံးတာ၊ ဥပမာ – တနေရာသွားချင်တယ်ဆိုရင် အရှေ့မှာ ဘာရှိမှန်းမသိတော့ အမျိုးသမီးတွေကို ရှေ့ကသွားခိုင်းတာမျိုးရှိတယ်။ ပြီးရင် လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုတွေလည်းရှိတယ်။”

မယ်သုံည။ ၂၀၁၆ ခုနှစ် ဇွန်လ ၂၇ ရက်။

အမျိုးသမီးများအပေါ် တပ်မတော်မှ ချိုးဖောက်ကျူးလွန်မှုများကို ဖော်ထုတ်ထားသည့် “ညှင်း ပမ်းနှိပ်စက်ရန် လေ့ကျင့်ထားသူများ” ဟုအမည်ပေးထားသော အစီရင်ခံနှင့် ပတ်သက်သည့် သတင်း စာရှင်းလင်းပွဲကို အာဏာပိုင်များက (၂) ကြိမ်တိုင် ပိတ်ပင်ခဲ့ခြင်းကို ကန့်ကွက်ရှုံ့ချကြောင်း တအာင်း အမျိုးသမီးအဖွဲ့အစည်းမှ ထုတ်ပြန်ကြေညာလိုက်သည်။

“အပြောင်းအလဲကာလ၊ အစိုးရအသစ်လည်းတက်လာတဲ့ အချိန်အခါကာလမှာ၊ ဒီလိုပိတ်ပင် တားဆီး မှုတွေ မရှိတော့ဘူးလို့ ထင်ခဲ့တာ။ ဒါမျိုးတွေက လုံးဝမရှိသင့်တော့ပါဘူး။ ဒီခေတ်မှာ ပွင့်ပွင့်လင်း လင်းပြောလို့ မရသေးပါလားဆိုတဲ့ မှတ်ချက်လည်း ရလိုက်တယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့ အစည်း၏ အလုပ်အမှုဆောင်ကော်မတီဝင်တဦးဖြစ်သည့် ဒီဒီပိုးစေင်မှ ပြောသည်။

“ညှဉ်းပမ်းနှိပ်စက်ရန် လေ့ကျင့်ထားသူများအစီရင်ခံစာ” သတင်းစာရှင်းလင်းပွဲလုပ်ရန်အတွက် ယခု ဇွန်(၂၅) ရက်တွင် စီစဉ်ထားသော်လည်း နီးကပ်မှ ခွင့်မပြုနိုင်ကြောင်း အာဏာပိုင်များမှ ပိတ်ပင် တားမြစ်ခဲ့သည်။ ထို့ကြောင့် ယနေ့ (၂၇) ရက်နေ့တွင် Excel Treasure ဟိုတည်တွင် ထပ်မံစီစဉ် ထားသော်လည်း (၂၆) ရက်နေ့ ညဉ့်နက်ချိန်တွင် ပွဲခွင့်ပြုမိန့်ရှိမှသာ လုပ်ခွင့်ပြုလို့ရမည့်အကြောင်း ဟိုတည်တာဝန်ရှိသူမှ အကြောင်းကြားလာခဲ့ခြင်းဖြစ်သည်။

ခွင့်ပြုမိန့်မပါသောကြောင့် သတင်းစာရှင်းလင်းပွဲမှာ နှစ်ကြိမ်တိုင်တိုင် အာဏာပိုင်များ၏ ပိတ် ပင်ခံရပြီးနောက် ထိုသတင်းစာရှင်းလင်းပွဲပြုလုပ်မည့်အစီအစဉ် ဖျက်လိုက်ရကြောင်း ဒီဒီပိုးစေင်မှ ပြော သည်။

“ကျမတို့က အမိုးအကာလုံလုံနဲ့ ငြိမ်းငြိမ်းချမ်းချမ်းပဲလုပ်မှာ။ ဆန္ဒပြပွဲတွေ လုပ်တာမဟုတ်တော့ ခွင့်ပြု မိန့်တောင်းဖို့ မလိုအပ်ဘူး။ အဲဒါကြောင့် မတောင်းထားဘူး။ အရင်တုန်းကလည်း ကျမတု့ိလုပ်ဖူး တယ်။ ခွင့်ပြုမိန့်တောင်းစရာ မလိုဘူး”

အစီရင်ခံစာထဲတွင် ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အတွင်း တအာင်းဒေသ (ပလောင်ဒေသ) အတွင်း တပ်မတော်၏ ညှဉ်းပမ်းနှိပ်စက်မှုများ၊ အထူးသဖြင့် အရပ်သားများအပေါ် ပစ်မှတ်ထားသည့် လက် နက်ကြီးပစ်မှုများ၊ အတင်းအဓမ္မပေါ်တာဆွဲမှုများအပြင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို လည်း ထည့်သွင်းရေးသားထားသည်ဟု ဆိုသည်။

 

အမျိုးသမီးများအပေါ် အစိုးရစစ်တပ်မှ ကျူးလွန်ထားသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၈) ခုကိုလည်း ထည့်သွင်းရေးသားထားသည်။

“အမျိုးသမီးကို လူသားဒိုင်းအဖြစ် (Human Shield) သုံးတာ၊ ဥပမာ – တနေရာသွားချင်တယ်ဆိုရင် အရှေ့မှာ ဘာရှိမှန်းမသိတော့ အမျိုးသမီးတွေကို ရှေ့ကသွားခိုင်းတာမျိုးရှိတယ်။ ပြီးရင် လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုတွေလည်းရှိတယ်။” ဟု ဒီဒီပိုးစေင်မှ ပြောသည်။

ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲအားဖျက်သိမ်းလိုက်ရခြင်းကြောင့် တအာင်းဒေသတွင်း ဖြစ် ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာပြည်သူများသာမက နိုင်ငံတကာကပါ သေချာ နားလည်သိရှိမှုလျော့နည်းသွားမည်ကို စိုးရိမ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ပြောပါသည်။

ထိုကဲ့သို့ ပိတ်ပင်တားမြစ်မှုအပေါ် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ယနေ့နေ့စွဲဖြင့် သဘော ထားထုတ်ပြန်ချက်တစ်စောင် ထုတ်ဝေခဲ့ပြီး ထိုကြေညာချက်ထဲတွင် ဒီမိုကရေစီအစိုးရသစ် လက် ထက်တွင် သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စာထုတ်ဖော်ပြောဆိုခွင့် မပိတ်ပင်သင့်ကြောင်းနှင့် ပဋိ ပက္ခဖြစ်ပွားနေသောဒေသများရှိ တိုင်းရင်းသားပြည်သူလူထုအပေါ် မြန်မာ့တပ်မတော်မှ လူ့အခွင့် အရေးချိုးဖောက်ကျူးလွန်မှုများ ရပ်တံ့စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးရန် တိုက်တွန်းတောင်း ဆိုထားသည်။

Related Articles