Home သတင်း မြန်မာအမျိုးသမီးများအခြေအနေနှင့်ပါတ်သက်ပြီး စင်ပြိုင်အစီရင်ခံစာ ၅ စောင်၊ စီဒေါကော်မတီသို့ တင်သွင်းနေ

မြန်မာအမျိုးသမီးများအခြေအနေနှင့်ပါတ်သက်ပြီး စင်ပြိုင်အစီရင်ခံစာ ၅ စောင်၊ စီဒေါကော်မတီသို့ တင်သွင်းနေ

IMG_5913

Photo: WLB

လုဆိုင်း။                ။

ဇူလိုင်လ (၄)ရက်မှ (၂၂)ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံးတွင် ပြုလုပ်ကျင်းပမည့် (၆၄)ကြိမ်မြောက် စီဒေါကော်မတီအစည်းအဝေးသို့ ပြည်တွင်းအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ စင်ပြိုင်အစီရင်ခံစာ(၅)စောင်ကို အစိုးရနှင့် စင်ပြိုင်တင်သွင်းမည်ဖြစ်သည်။

အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများနှင့်ပါတ်သက်ပြီး အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှုအပေါ် အဟန့် အတားဖြစ်စေသည့်အချက်များနှင့် အမျိုးသမီးများအပေါ် အကာအကွယ်ပေးသော ဥပဒေများဆိုင်ရာ အ ကြောင်းအရာများ၊ ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုကိစ္စရပ်များနှင့် ကျေးလက်ဒေသအမျိုးသမီးများအခွင့်အရေးအပါအဝင် အမျိုးသမီးများ၏ လက်ရှိအခြေအနေများကို မြန်မာနိုင်ငံအခြေစိုက် အမျိုးသမီးနှင့် လူ့အခွင့်အရေးအဖွဲ့များက အမျိုးသမီးများ အပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် – စီဒေါ (CEDAW) ကော်မတီအစည်း အဝေးသို့ အဓိက တင်ပြထားသည်ဟု သိရသည်။

စင်ပြိုင်အစီရင်ခံစာများတင်သွင်းသည့် အဖွဲ့များမှာ Cedaw Action Myanmar (CAM)၊ အမျိုးသမီးအဖွဲ့များ ကွန်ယက် (Womem Organization Network-WON)၊ ကျားမရေးရာတန်းတူညီမျှရေးကွန်ယက်(Gender Equality Network-GEN)၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group-KHRG) နှင့်  အမျိုး သမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)(Women’s League of Burma – WLB) တို့ဖြစ်သည်။

အစီရင်ခံစာ (၅)ခုတွင် မတူညီသည့်အချက်များကို ထောက်ပြထားကြောင်း၊ CAM နှင့် WON တို့သည် အမျိုး သမီးများအပေါ် အကြမ်းဖက်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုနှင့် ပတ် သက်၍ အဟန့်အတားဖြစ်စေသည့်အချက်များကို အဓိကရေးသားထားကာ WLB က ပဋိပက္ခဖြစ်ပွားနေ သော တိုင်းရင်းသားဒေသများမှ အမျိုးသမီးများ အကြမ်းဖက်ခံရမှုများကို ပိုမိုဇောင်းပေးရေးသားခဲ့သ လို၊ KHRG က လည်း ကရင်တိုင်းရင်းသားဒေသအတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု များကို မီးမောင်းထိုး ရေးသားထားသည်ဟု ညီမျှခြင်းမြန်မာ (Equelity Myanmar) ၏ ဒါရိုက်တာလည်း ဖြစ်ပြီး GEN တွင် အမှုဆောင်အဖွဲဝင်အဖြစ် ပါဝင်၍ အစီရင်ခံစာရေးသားခဲ့သော ဦးအောင်မျိုးမင်းက ပြောပါ သည်။

“ကျနော်တွေ့ရတာက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိစ္စ၊ စစ်ပွဲအတွင်းမှာ ဖြစ်ပွားနေတဲ့အမျိုးသမီး တွေကိစ္စ၊ တရားဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စတွေ အဓိကထားပြီး ရေးကြတယ်လို့ ယျေဘုယျခြုံပြီးပြော နိုင်ပါတယ်”

ကျားမရေးရာ တန်းတူညီမျှရေးကွန်ယက် (Gender Equality Network-GEN) အဖွဲ့အနေဖြင့် ဦးသိန်းစိန် အစိုးရလက်ထက်က ပြဌာန်းခဲ့သော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အမျိုးသမီးများကို ခွဲခြားထားသည့် ဥပဒေနှင့် မျိုးစောင့်ဥပဒေများကို ပယ်ဖျက်ရန် အဓိကထောက်ပြထားသည်ဟု သူကပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမျိုးသမီးတွေအပေါ် ခွဲခြားမှုအပိုဒ်တွေရှိတဲ့အပေါ် အမျိုးသမီးအလုပ်၊ အမျိုး သားအလုပ်ဆိုတာမျိုး မရှိစေရဘူးဆိုတာကို ကျနော်တို့က ထောက်ပြတယ်။ အမှန်တော့ အရည်အချင်းရှိရင် ရှိသလို၊ လုပ်နိုင်တဲ့အနေအထားမျိုးရှိရမယ်။ အမျိုးသမီးအလုပ်၊ အမျိုးသားအလုပ်လို့ သတ်မှတ်ထားတာက Gender အစွဲမကင်းဘူးဆိုတဲ့အချက်ပေါ့။ နောက်ဒီလို အမျိုးသမီးတွေအပေါ် တခါမှအခွင့်အရေးမပေးခဲ့ဘဲ အခုမှ ဒီလိုအရည်အချင်းရှိရမယ်ဆိုပြီး လုပ်ထားတာမျိုး၊ ဥပမာ နိုင်ငံတော်သမ္မတဆိုတဲ့ သတ်မှတ်ချက်ထဲမှာ စစ်ဘက်ဆိုင်ရာ အတွေ့အကြုံရှိမယ်ဆိုတာပေါ့။ အမျိုးသမီးတွေကို အခွင့်အလမ်းမပေးဘဲနဲ့၊ အမျိုးသမီးတွေ ကို ဒီလိုအရည်အချင်းရှိအောင် လုပ်ဆောင်ပေးထားတာ မရှိဘဲနဲ့၊ ဒီလိုသတ်မှတ်ထားခြင်းဖြင့် ခွဲခြားမှုတမျိုး လို့ အဓိပ္ပါယ်ဖွင့်နိုင်တဲ့အကြောင်းတွေ ကျနော်တို့တင်ပြထားပါတယ်”ဟု သူကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃)၊ ပုဒ်မ ၅၉ (ဃ)တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည် အချင်းများဖော်ပြရာတွင် နိုင်ငံတော်၏အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစ သည့် အမြင်များရှိရမည်ဟု ပြဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁၈)၊ ပုဒ်မ(၃၅၂)တွင် နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံံ့ဝန်ထမ်း ရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံပါက ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့် ထားခြင်းကို ဤပုဒ်မအရ အဟန့်အတားမဖြစ်စေရဟူ၍ ပြဌာန်းထားသည်။

GEN အဖွဲ့နေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စေသည့် မျိုးစောင့်ဥပဒေသည် အမျိုးသမီးတစ်ဦး၏ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ရပ်တည်ခွင့်များကို ထိခိုက် စေသလို၊ အမျိုးသမီးများကို အထင်သေးနှိမ့်ချသည့်စိတ်များကြောင့် ရပ်ရွာများတွင် အမျိုးသမီးများအပေါ် ခွဲခြားသည့် အပြုအမူများ၊ စိတ်ဓါတ်များ၊ ဓလေ့ထုံးတမ်းစဉ်လာအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်အဖွဲ့ အစည်းများအကြား ပဋိပက္ခဒေသအတွင်း အမျိုးသမီးများကို အကြမ်းဖက်မှုစသည့် အချက်(၃)ချက်ကို အဓိ က ဦးစားပေးရေးသားထားသည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ထို့ပြင်အမျိုးသမီးများအပေါ် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အကြောင်းပြ၍ လက်ထပ်ထိမ်းမြားခွင့် ထိခိုက်စေသည့်အရာများ၊ အမျိုးသမီးများ မျိုးဆက်ပွားသည့်ကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ကို တားဆီး သည့် ဥပဒေများကိုလည်း ထောက်ပြထားသည်ဟု သူကဆက်လက်ပြောဆိုသည်။

“မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးတယ်ဆိုတဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတခု၊ ကျနော်တို့ ပြောမယ်ဆိုရင် နာမည်လေးကတော့ လှပါတယ်။ တကယ်တမ်းကျတော့ ဒါတွေက ဗုဒ္ဓဘာသာ မြန်မာအမျိုး သမီးတွေကိုဘဲ ကာကွယ်ပေးတဲ့သဘော၊ တခြားဘာသာကွဲတွေကို ကာကွယ်ပေးရာ မရောက်ဘူး။ အဲဒီလို မြန်မာဗုဒ္ဓဘာသာအမျိုးသမီးဖြစ်မှ ခံစားခွင့်ရပြီးတော့ ကျန်တဲ့အမျိုးသမီးတွေ ခွဲခြားခံနေရတာမျိုးဆိုလို့ ရှိရင် ထောက်ပြထားပါတယ်။ နောက်တခုက မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးထားပေမဲ့ တကယ်တန်း ကျတော့ သူတို့ရဲ့ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားပိုင်ခွင့်ကို ထိခိုက်တဲ့အရာတခုဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ ထောက်ပြထားပါတယ်” ဟုပြောသည်။

“စစ်ပြေးဒုက္ခသည်တွေထဲမှာ အမြဲတမ်းကြုံတွေ့နေကျဖြစ်တဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ အ မျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို မီးမောင်းထိုးထားတယ်။ နောက်ထပ်တခုကတော့ တကယ် လို့ အကြမ်းဖက်ခံရတဲ့ကိစ္စတွေကို တိုင်ကြားရင်တောင်မှ တရားဥပဒေက စစ်တပ်နဲ့ပတ်သက်လာရင် အရေး မယူရဲတာတွေ၊ စစ်တပ်က ဒီကိစ္စမျိုးကို အရပ်သားအပေါ် ကျူးလွန်တာဖြစ်ပေမဲ့ စစ်ခုံရုံးနဲ့ စစ်စည်းကမ်းတွေ နဲ့ပဲ စီရင်ဆုံးဖြတ်ပြီးတော့ ဒီဆုံးဖြတ်တဲ့သတင်းကို အများပြည်သူသိအောင် ထုတ်ဖော်ကြေငြာခြင်း မရှိဘဲနဲ့ အစပျောက်သွားတာတွေကို အဓိကထားတင်ပြပါတယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။

အခြားစင်ပြိုင်အစီရင်ခံစာတစ်ခုတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများရင်ဆိုင်ကြုံတွေ့နေရသည့် အမျိုးသမီးများ အပေါ်အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်ပဋိပက္ခများအတွင်းရှိ အမျိုးသမီးများ၊ အမျိုးသမီးများနှင့် ဦးဆောင်မှု တွင် ပါဝင်ခွင့်၊ အမျိုးသမီးများအပေါ် ဖိနှိပ်နေသည့် ဥပဒေများနှင့် ထုံးတမ်းစဉ်လာများ၊ ပညာရေး၊ ကျန်းမာ ရေး၊ ကျေးလက်ဒေသရှိ အမျိုးသမီးများ၏ အခြေအနေများနှင့် လူကုန်ကူးမှုအခြေအနေများကို တင်ပြထား ကြောင်း မြန်မာအမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB ကလည်း ဇွန်လ၂၉ ရက်က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

ယခင်က ပြည်ပအခြေစိုက် WLB အဖွဲ့သာ မြန်မာအစိုးရနှင့် စင်ပြိုင်အစီရင်ခံစာများကို စီဒေါညီလာခံသို့ တင် သွင်းနေရာမှ ယခုနှစ်တွင် ပြည်တွင်းအခြေစိုက် မြန်မာအမျိုးသမီးအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့အ စည်းများကလည်း ပထမဆုံးအကြိမ် ပါဝင်ကာ စင်ပြိုင်အစီရင်ခံစာတင်သွင်းကြခြင်းဖြစ်သည်။

IMG_5957

Photo: WLB

GEN အဖွဲ့မှ ညွန်ကြားရေးမှူး ဒေါ်မေစပယ်ဖြူက“ မြန်မာနိုင်ငံအစိုးရအနေနဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှု တွေဖြစ်စေတဲ့ ဥပဒေမျိုးတွေကို ပယ်ဖျက်သင့်ပါတယ်။ ကျမတို့အတွက် လိုအပ်နေတာ ဖိနှိပ်တဲ့ဥပဒေမျိုး မဟုတ်ပါဘူး။ ကာကွယ်ပေးတဲ့ ဥပဒေမျိုးသာဖြစ်ပါတယ်။ အခုရေးဆွဲနေတဲ့ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှု တားဆီးရေးဥပဒေထဲမှာ အမျိုးသမီးအားလုံးကို အပြည့်အဝကာကွယ်ပေးတဲ့အချက်တွေပါဖို့ အထူး အရေးကြီးပါတယ်” ဟု ၎င်းထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

WLB မှ အထွေထွေအတွင်းရေးမှူး ဂျုလီယာမရစ်ပ်ကလည်း “စစ်ပွဲဖြစ်တဲ့ဒေသအတွင်းက အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှုကင်းမဲ့နေတုံးပါဘဲ၊ အကြမ်းဖက်ခံရတာတင်မကဘဲ ဥပဒေရဲ့အကူအညီကို မရကြပါဘူး။ ဖြစ် ပျက်ခဲ့တဲ့အမှုတော်တော်များများမှာ ကျူးလွန်သူတွေက အပြစ်ပေးခံရဖို့ လွတ်မြောက်နေတုံးပါဘဲ” ဟု ထည့် သွင်းပြောဆိုထားသည်။

ထို့ပြင် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများသည် နေရာတိုင်းတွင် ဖြစ်ပျက်နေပြီး အမျိုးသမီးများ မဲပေး ခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှု တန်းတူခံစားခွင့်များ မရရှိမှုနှင့် ကျေးလက်ဒေသရှိ အမျိုးသမီးများ ရင်ဆိုင် တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြထားသည်ဟု WON က မဉ္စူက ထည့်သွင်းပြောထားသည်။

စီဒေါကော်မတီအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် အမျိုးသမီးများ၏ အခြေအနေများကို အမှန်အ တိုင်း သိရှိနားလည်သဘောပေါက်ရန် လိုပြီဖြစ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံအပေါ် သုံးသပ်ချက် ထုတ်ပြန် ရာတွင် လက်တွေ့ကျပြီး အကျိုးရှိသည့်အကြံပေးချက်များထုတ်ပြန်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း CAM မှ ဒေါ်မေမေပြုံးက ပြောဆိုထားသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးနှင့် ကျားမရေးရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၂၄)ဦးသည် စီဒေါညီလာခံသို့ တက်ရောက်နေကြဖြစ်ပြီး ၎င်းကိုယ်စားလှယ်များသည် စီဒေါကော်မတီဝင်များနှင့် အလွတ်သဘော ဆွေး နွေးပွဲများကို ဇူလိုင်လ(၄)ရက်နှင့် (၅)ရက်များတွင် ဂျီနီဗာမြို့တွင် ပြုလုပ်ကြမည်ဖြစ်ကြောင်းသိရသည်။

စီဒေါညီလာခံသို့ ဥပဒေအသစ်များ ရေးဆွဲရာတွင် မည်သည့်အချက်များ ပါဝင်သင့်သည်ဆိုသည့် အကြံပြု မှုများကို တင်ပြနိုင်မှုအပေါ် အားရမိပါကြောင်း ဦးအောင်မျုးိမင်းက ပြောသည်။

“ကျနော်ကတော့ အားရတယ်။ နောက်တခုက အမျိုးသမီးအခွင့်အရေးက လူ့အခွင့်အရေးဖြစ်တယ်ဆိုတဲ့ အတွက် အမျိုးသမီးအရေးကို အမျိုးသမီးတွေပဲ ပြောတာမဟုတ်ဘဲနဲ့ အမျိုးသားတွေလည်း ပြောဆိုနိုင်တယ် ဆိုတဲ့သဘောထားအတိုင်း ကျနော်လုပ်ဆောင်ပြသခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုဂုဏ်ယူပါတယ်”ဟု သူက ပြောသည်။

ပြည်တွင်းမှ အမျိုးသမီးအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများက အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုများကို အချက်အလက်များဖြင့် တင်ပြထားသော်လည်း မြန်မာအစိုးရကိုယ်စားလှယ်များဖက်မှ အမှန် အတိုင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဦးအောင်မျိုးမင်းက ပြောဆိုခဲ့သည်။

“စီဒေါကော်မတီက ကျနော်တို့တင်ပြတဲ့အချက်တွေအပေါ် အခြေခံပြီး မေးမြန်းတဲ့အခါမှာ အစိုးရကိုယ်စား လှယ်တွေက တကယ်တမ်း အဖြစ်မှန်အတိုင်း တင်ပြမလား၊ တင်ပြသည့်တိုင်အောင် တကယ်တမ်းပြန်လည် အကောင်အထည်ဖော်ဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုရှိပါ့မလား။ ဒီအချက်တွေအပေါ်မှာ အများကြီးမူတည် ပါတယ်။ ကျနော်တို့ဖက်က အကောင်းမြင်ပြီးတော့ အစိုးရဖက်ကို ကမ်းလှမ်းသည့်တိုင်အောင် အစိုးရက အ ကောင်း မမြင်ခဲ့ရင်တော့ ဘာမှထူးခြားချက်ရှိမှာ မဟုတ်ပါဘူး”ဟု သူကပြောသည်။

၁၉၉၇ ခုနှစ်၊  မြန်မာနိုင်ငံသည် စီဒေါကို အတည်ပြုလက်မှတ်ရေးထိုးခဲ့သည့်နောက်ပိုင်း (၄)နှစ်တစ်ကြိမ် အစီရင်ခံစာတင်သွင်းရန် တာဝန်ရှိသော်လည်း ယခုတစ်ကြိမ်တွင် မြန်မာနိုင်ငံသည် အစီရင်ခံစာနှစ်ခုကို ပေါင်း၍တင်ပြရသဖြင့် (၈)နှစ်တာကာလအတွက် တင်ပြရမည်ဖြစ်ပါသည်။

Related Articles