Home ဆောင်းပါး ဒုက္ခပိုကြီးတဲ့ စစ်ပြေးဒုက္ခသည်များ

ဒုက္ခပိုကြီးတဲ့ စစ်ပြေးဒုက္ခသည်များ

12991131_193342691061711_3174750978027161301_n

Photo Credit: Nang San San Aye (Facebook)

နန်းခမ်း။      ။

သေနတ်သံတွေကြား ဗုံးသံတွေကြား ကလေးငယ်လေးတဖက်၊ လစေ့ကိုယ်ဝန်ကတဖက်နဲ့ ကြောက်စိတ်ကိုဖျောက်ပြီး အသက်လွှတ်ရာကို တိမ်းရှောင်နေရပါတယ်။

သူမအတွက် သေနတ်သံတွေ တိုက်ပွဲတွေက အထူးအဆန်းမဟုတ်ပေမယ့် ဒီတခါ လစေ့ ကိုယ်ဝန်နဲ့ဆိုတော့ နည်းနည်းစိုးရိမ်မှုရှိနေပါတယ်။

သူမကတော့ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ မေလ(၁၃) ရက်နေ့ကစပြီး ပြင်းပြင်းထန်ထန်ပစ်ခတ်နေတဲ့ သီပေါမြို့နယ် နားတော်ကျေးရွာကနေ ထွက်ပြေးလာ တဲ့ ဒေါ်နန်းအွမ်ပါ။

“ ဒီလမွေးလစေ့ပါပြီ။ မွေးဖို့အတွက် စိတ်ပူနေရတယ်။ ရွာကနေ လမ်းလျှောက်လာရတဲ့အတွက် ဒုက္ခ တော့ ရောက်ပါတယ်။ လမ်းတလျှောက်မှာ တောထဲယာထဲ ပုန်းပြီးလာရတာပါ” ဟု ဒေါ်နန်းအွမ်က ရှမ်းဘာသာစကားနဲ့ ပြောပါတယ်။

ဒေါ်နန်းအွမ်နေထိုင်တဲ့ နားတော်ကျေးရွာကနေ နေမဝင်ခင်ကတည်းက ထွက်ပြေးလာပြီး နမ့်နူးကျေးရွာအထိ ကြောက်စိတ်အပြည့်နဲ့ လမ်းလျှောက်ရလာတယ်လို့ ဆိုပါတယ်။

နမ့်နူးကျေးရွာမှာတော့ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ က ကားနဲ့လာကြိုခဲ့လို့  သီပေါမြို့နယ်၊ ဘုန်းတော်ကြီးစစ်ဘေးဒုက္ခသည်စခန်းကို ရောက်လာခဲ့ရတာပါ လို့လည်း နန်းအွမ်က ဝမ်းနည်းစွာဖြင့် ပြောပါတယ်။

13321826_193321581063822_3113355945125166534_n

Photo Credit: Nang San San Aye (Facebook)

နန်းအွမ်လိုပဲ စစ်ဘေးကနေထွက်ပြေးလာတဲ့သူတဦးကတော့ အသက် (၄၂) နှစ်အရွယ် ဒေါ် နန်းလှခင်ပါပဲ။

ဒေါ်နန်းလှခင်ကလည်း ကလေးငယ်(၃)ဦးနဲ့အတူ သေနတ်သံတွေ၊ ဗုံးသံတွေကြား အိမ်က ပစ္စည်းတွေ ဘာမှမယူနိုင်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကျေးရွာကနေ ထွက်ပြေးလာခဲ့သူပါ။

“လွန်ခဲ့တဲ့ (၅)နှစ်က သေနတ်သံတွေကို ကြုံခဲ့ဖူးပါတယ်။ အဲ့တုန်းက တောထဲတောင်ယာတွေထဲမှာ (၂)ရက်လောက်ပဲ တိမ်းရှောင်ခဲ့တာပါ။ အခုလို တိုက်ပွဲမကြီးခဲ့ဘူး။ ဒီတခါက တိုက်ပွဲက တော်တော် လည်း ပြင်းထန်တယ်” ဟု ဒေါ်နန်းလှခင်က သူ့ဘဝရဲ့ တိုက်ပွဲကြုံတွေ့ခဲ့ရတာတွေ ပြောပြပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲတွေ မဖြစ်နေပေမယ့် သူတို့တွေက ကျေးရွာအခြေအနေကို သွား ရောက် မကြည့်နိုင်၊ မပြန်နိုင်ကြသေးပါဘူး။ စစ်ဘေးဒုက္ခသည်တွေဟာ စခန်းမှာနေရတာ အကူ အညီရပေမယ့် သူတို့ကျေးရွာကို အမြန်ပြန်ချင်နေကြပါပြီ။

“ ဒီအချိန်က လယ်လုပ်ရမယ့်အချိန် အခု လယ်မလုပ်ရဘူး။ ဒီနှစ်လယ်မလုပ်ရင် နောက်နှစ် ကျမတို့ ဘာတွေ ဘယ်လိုစားသောက်ရမှာလဲ” ဟုဒေါ်နန်းလှခင် က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်မှာ (SSPP/SSA)နှင့် အစိုးရ တပ် မတော် တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် ထွက်ပြေးရတဲ့အထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေအများအပြား ပါတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ သီပေါမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းစမ်းစမ်းအေးက ပြောပါတယ်။

13346834_293142564361195_1380864218187858096_n

Photo Credit: Nang San San Aye (Facebook)

“ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် လူဦးရေ(၁ဝ၀၀)ဝန်းကျင်မှာ အမျိုးသမီးဦးရေက (၆၀၀) ကျော် ရှိပါတယ်။ ကိုယ်ဝန်ဆောင်က (၁၀)ဦး ရှိပါတယ်။ လသားကလေးမိခင်တွေပါတယ်။ သူတို့အတွက် တော့ အရေးပေါ် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေနဲ့ ကလေးနို့မှုန့်တွေ လိုအပ်နေပါတယ်” ဟု နန်း စမ်းစမ်းအေးက ပြောပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတွေ လစဉ်အသုံးအဆောင်ပစ္စည်း၊ အမျိုးသမီးအသုံးဆောင်များ လာရောက်ကူညီပေးစေချင်ပါတယ်လို့လည်း နန်းစမ်းစမ်းအေးက ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်ပွားခဲ့ရင် အဓိက ထိခိုက်ခံစားကြရသူတွေကတော့ အမျိုးသမီးတွေနဲ့ ကလေး ငယ်တွေပါ။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ စစ်ဘေးဒဏ်ကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေက စစ်ပြေးဒုက္ခသည်အဖြစ်နဲ့ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲပေါင်းများစွာကြုံတွေ့နေရပါတယ်။

ယခင်နှစ် နိုဝင်ဘာလတွင်လည်း SSPP/SSA နဲ့ အစိုးရတပ်မတော်တို့က မိုင်းရှုးမြို့နယ် အတွင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး တောထဲမှာ မီးဖွားခဲ့ရတဲ့ မိခင်(၄)ဦးရှိခဲ့ဖူးပါတယ်။

မိုင်းရှူးမြို့နယ် ဟိုင်းပါစစ်ဘေးရှောင် စခန်းမှာရောက်နေတဲ့ တောထဲမှာမီးဖွားခဲ့တဲ့ မိခင်တဦးရဲ့ အတွေ့အကြုံကတော့ မလွယ်လှပါဘူး။

“ပြေးလာတုန်းက ကျမကိုယ်ဝန်ရင့်မာကြီးနဲ့ပါ။ သေနတ်သံတွေကြားနေရတဲ့ တောထဲမှာပဲ ကျမဗိုက် နာလာလို့ ကျမယောက်ျားကိုယ်တိုင် ကလေးမွေးပေးခဲ့ရပါတယ်။  ချက်ကြိုးကို ရိုးရိုးကတ်ကြေးနဲ့ ဖြတ်ခဲ့ရတယ်”

 

Related Articles