နိုင်ငံတော် ဘတ်ဂျက်ရေးဆွဲရာတွင် အမျိုးသမီးများ ပါဝင်ရန် လိုအပ်
၃၀၊ ၃၊ ၂၀၁၆။ ရန်ကုန်။ “ဘတ်ဂျက်ဆိုတာ အစိုးရတရပ်အတွက် ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တုံ့ပြန်နိုင်ဖို့အင်အားအကောင်းဆုံး ကိရိယာတစ်ခု ဖြစ်ပြီးတော့ တကယ်လို့အမျိုးသမီးတွေကို ဒီဘတ်ဂျက်တွေ စီစဉ်ရေးဆွဲရာမှာ ပါဝင်ခွင့် မပေးဘူး ဆိုရင် လူဦးရေထက်ဝက်ကို လစ်လျူရှုတာနဲ့အတူတူပါပဲ” လို့ နော်ထက်ထက်အောင်လို့ ခေါ်တဲ့ အမျိုးသမီးအဖွဲ့များ ကွန်ယက်ရဲ့ ပဲ့ကိုင်ကော်မတီဥက္ကဌက ပြောပါတယ်။ ၂၄ရက်၊ မတ်လ၊၂၀၁၆ ခုနှစ် ရန်ကုန်မြို့စိမ်းလန်းစိုပြေ ဥယျာဉ်မှာ မြန်မာနိုင်ငံရဲ့ ကျား၊ မရေးရာ အလေးပေး တဲ့ ဘတ်ဂျက် (ရသုံးမှန်းခြေ) လေ့လာခြင်း သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲကို လုပ်ဆောင်ခဲ့တယ်။ အဓိကအားဖြင့်တော့ အုပ်ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်ရဲ့ ဘတ်ဂျက်ရေးဆွဲရာမှာ အမျိုးသမီးတွေ ပါဝင်ခွင့် နည်းပါးနေပြီး အမျိုးသားတွေကသာ ဘတ်ဂျက်တွေ ရေးဆွဲတဲ့အတွက် အမျိုးသမီးတွေ လိုအပ်တဲ့ […]


