Entries by Administrator

သမိုင်းထဲက အမျိုးသမီးများ

နန်းဆိုင်နွမ်။                 ။ ရောင်စုံရိုးရာ ဝတ်စုံကိုယ်စီ ဝတ်ဆင်ကြပြီး ပြုံးပျော်နေကြတဲ့ အသက်အရွယ်စုံလင်သော အမျိုးသမီးများ ရွှင်လန် စွာ ကြိုဆိုနှုတ်ဆက်နေကြသည်။ အပြုံးမျက်နှာများနှင့်အတူ အမျိုးသမီးထု၏ သမိုင်းအဆက်အဆက် လှုပ်ရှားလာတဲ့ ဓာတ်ပုံများ၊ တိုင်းရင်းသား ကိုယ်စီရိုးရာအစားအစာ၊ ရိုးရာလက်မှုလက်ရာများကို ခုံပေါ်တင်ရောင်းနေကြသလို၊ အမျိုးသမီးများနဲ့ ပတ် သက်သော စာစောင်၊ စာအုပ်များကိုလည်း ဝေငှနေတာ တွေ့မြင်ရသည်။ ထိုပွဲက လွန်ခဲ့သည့် (၁၇)နှစ်ကျော်ကာလ အခက်အခဲမျိုးစုံ ရင်ဆိုင်ကျော်လွှာခဲ့ရသည့်အဖွဲ့ တခုဖြစ်ပြီး၊ စစ် မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပေါ်ထွန်လာရေးနဲ့ အမျိုးသမီး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပိုမို ပါဝင်လာစေ ရေးအတွက် မတူညီတဲ့ တိုင်းရင်းသူပေါင်းစုံ နယ်ပယ်ပေါင်းစုံ အမျိုးသမီးတွေ စုပေါင်းဖွဲ့စည်းထားသည့် အမျိုးသမီးများ အဖွဲ့ချုပ်( မြန်မာနိုင်ငံ) WLB ၏ (၁၇) နှစ်ပြည့် […]

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကြေငြာစေလိုကြောင်း တိုင်းရင်သားအမျိုးသမီးများ၏ ငြိမ်းချမ်းရေး နှစ်သစ် ဆုတောင်းစကားသံများ

မလိခ။             ။ မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၇ ခုနှစ်မှာ အမျိုးသမီးများ၏ ဘဝလုံခြုံမှု ရှိပြီး ငြိမ်းချမ်းသာယာသော နိုင်ငံ ဖြစ်လိုကြောင်း တိုင်းရင်းသား အမျိုးသမီးခေါင်းဆောင်များက နှစ်သစ်ကူး ဆုမွန်ကောင်း တောင်းဆိုလိုက်ကြပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး အပေါ် အမြင်သဘောထားနှင့် လာမည့် ၂၀၁၇ ခုနှစ်မှာ ဖြစ်စေချင်တဲ့ ဆုတောင်းစကားများကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ နော်စီဖိုးရာစိန် ဒုဥက္ကဌ (ကရင်အမျိုးသမီးအစည်းအရုံး-KNU) ကျမတို့ ဒီ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးကာလမှ ကျမတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ မြန်မာပြည် ပြည်သူလူထု အားလုံးရဲ့ မျော်မှန်းနေတဲ့ မြန်မာပြည် ပြုပြင်ပြောင်းလဲမှု တခုရရှိဖို့အတွက် ဆုတောင်းပြီးတော့ ဖြစ်စေချင်ပါတယ်။ အခု ငြိမ်းချမ်းရေး ရရှိဖို့ အများကြီး ကြိုးစားရဖို့ ရှိနေတယ်။ လောလောဆယ် […]

မပြတ်သားသေးတဲ့ မြစ်ဆုံအရေးနဲ့ ေ၀ဝါးနေဆဲ အနာဂတ်တွေ

သွေး (စစ်ကိုင်း)။             ။ သာယာလှပတဲ့ ကချင်ပြည်နယ် မြစ်ဆုံဒေသကို ရောက်ရှိသွားခဲ့ချိန်မှာ ဒေသခံတွေရဲ့ အသံတွေကို ကြားခွင့်ရခဲ့ပါ တယ်။ ကချင်လူမျိုးဒေါ်လုရာက တန်ဖဲရွာကနေ အောင်မြင်သာရွာကို ပြောင်းရွှေ့ခံခဲ့ရတဲ့သူတဦးပါ။ “ကျမတို့မှာ ပညာရေး၊ ကျန်းမာရေး အဘက်ဘက်က ဆုံးရှုံးနေရတယ်။ သူတို့ဆောက်လုပ်ပေးတဲ့ အိမ်တွေကလည်း မကောင်းဘူး။ ရွာဟောင်းမှာ အဆင်ပြေသလောက် ရွာသစ်မှာ ကုန်စိမ်းသည်ကို မျှော်ပြီးစားနေရတယ်။ စိုက်ပျိုးဖို့ မလွယ်ဘူးကိုးနော့။ ကျမတို့ ဖြစ်စေချင်တာက ကျမတို့ ခေါင်းဆောင်က ကျွန်မတို့ဘက်က ရပ်တည်တာကို လိုချင် တာ” လို့ ပြောပါတယ်။ အထူးသဖြင့် ကချင်အမျိုးသမီးတွေအတွက် သူတို့ရဲ့ ရှင်သန်အသက်မွေးဝမ်းကျောင်းမှုဟာ ဧရာဝတီမြစ်ကြီးရဲ့ အနာဂတ်နဲ့ ဆက်စပ်နေသလို မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံခဲ့ရတဲ့ […]

ရွှေမှော်များက အမျိုးသမီးများ၏ လုံခြုံရေးနှင့် ဘ၀ ရပ်တည်ရေးကို ခြိမ်းခြောက်လျက်ရှိနေ

ကချင်မလေး။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းတွင်းမြစ်ရိုးတလျှောက် ရွှေတူးသည့်ကုမ္ပဏီများ ဝင်ရောက်လာခြင်း ကြောင့် ဒေသခံအမျိုးသမီးများ၏ ဘဝရပ်တည်ရေးသာမက အမျိုးသမီးများ၏ ဘဝလုံခြုံရေးကိုပါ ခြိမ်း ခြောက်လာနေသည်ဟု ကျေးရွာပေါင်း (၁၂)ရွာမှ ရှမ်းနီနှင့် ကူကီးတိုင်းသားများက သတင်းစာ ရှင်း လင်းပွဲတွင် ပြောသည်။ ရွှေတူးလုပ်သားများက ဒေသခံအမျိုးသမီးတွေကို အဓမ္မပြုကျင့်လိုက်တဲ့ အမှုပေါင်း(၁၀)မှုကျော်ခန့် ရှိနေပြီး၊ ထိုအမှုများကို ယဉ်ကျေးမှုထုံးတမ်းဓလေ့များဖြင့်သာ လျော်ကြေးပေး ဖြေရှင်းလေ့ရှိရာ ကာ ယကံရှင်အမျိုးသမီးမှာ တစုံတရာပြောပိုင်ခွင့် မရှိကြောင်း ကူကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေး အဖွဲ့ဝင်ဖြစ်သူ ရေကာတာနှင့် ရွှေတူးဖော်မှု စောင့်ကြည့်ရေး တာဝန်ခံ ဒေါ်ဘွိုင်နူးက ပြောသည်။ “ယဉ်ကျေးမှုခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေက ပေါင်းပြီးဖြေရှင်းကြတယ်။ တကယ့်တကယ် ဒီ အမျိုးသမီးက သူတို့ဖြေရှင်းပေးတဲ့အပေါ် ကျေနပ်လား မမေးဘူး၊ ဘယ်လိုဖြေရှင်းနေလဲဆိုတာတောင် မသိလိုက်ဘူး” “အခုရွာမှာ ဗိုက်ထွက်လာမှသိပြီး စုံစမ်းကြည့်တော့ […]

သက်ငယ်မုဒိန်း စွပ်စွဲချက်ဖြင့် ကျောင်းထိုင်ကိုယ်တော်အား ခရိုင်ရဲများ ဖမ်းဆီး

ပစ်တိုင်းထောင်မ (ရန်ကုန်)။             ။ သက်ငယ်မုဒိန်းမှု ကျူးလွန်သည်ဟု စွပ်စွဲခံထားရသည့် ဧရာဝတီတိုင်းဒေသကြီး ညောင်အိုင်ကြီး ရွာ ကျောင်းထိုင်ကိုယ်တော်ကို ဒီဇင်ဘာ (၁၆) ရက်နေ့က ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှ ကား (၅) စီး ဖြင့် လာရောက်ဖမ်းဆီးသွားသည်ဟု မျက်မြင်များက ပြောသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ကျုံတနော်တောင်ကျေးရွာအုပ်စု ညောင်အိုင်ကြီးရွာ ညောင် အိုင်စိတ္တသုခကျောင်းထိုင်ကိုယ်တော်မှာ သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့သည်ဟု ကာယကံရှင် မိ သားစုမှ စွဲချက်တင်ခဲ့ပြီး ကိုယ်ဝန်ရရှိကာ မွေးလာသော ကလေးကို သူနှင့်ရသော ကလေး မဟုတ် ကြောင်း ငြင်းဆိုခဲ့သဖြင့် အမှုဖွင့်ခြင်းခံထားရသည်။ နယ်ခံကိုသက်တင်က ထိုကျောင်းထိုင်ကိုယ်တော်ကို ဖမ်းဆီးသွားခဲ့သည်ကို မြင်ခဲ့ရသည်ဟု ယခု လို ပြောပြသည်။ […]

သက်ငယ်မုဒိမ်း တားဆီးရေး အဖြေရှာ

ပစ်တိုင်းထောင်မ (ရန်ကုန်) ခမ်းနားကျယ်ဝန်းလှတဲ့ နေပြည်တော်(Park Royal Hotel) ခန်းမလိုနေရာမျိုးမှာ အမျိုးသမီးအများစုက ထမီရင်ဖုံး အင်္ကျီပုံစံအမျိုးမျိုး၊ အရောင်အမျိုးမျိုး၊ ဆံပင်ပုံစံအမျိုးမျိုး ဆင်ယင်ထားကြပြီး အားလုံးက အစ ပိုင်းမှာတော့ အပြုံးလေးတွေဝေလို့ စားပွဲဝိုင်းတခုမှာ အနည်းဆုံး(၈)ယောက်ခန့် ထိုင်နေကြပြီး စုစုပေါင်း လူ(၁၀၀) ကျော်ခန့် ရှိကာ သတင်းသမားတွေကိုလည်း တွေ့ရပါတယ်။ ဒါကတော့ သက်ငယ်မုဒိမ်းမှု ကာကွယ်တားဆီးရေးဆိုင်ရာ စီဒေါစည်းရုံးလှုံ့ဆော်ရေးဆွေးနွေးပွဲ (CEDAW Advocacy Seminar)ပွဲ တခုပြုလုပ်နေကြတာဖြစ်ပါတယ်။ ပွဲစပြီး မိနစ်(၂၀)လောက်အကြာမှာတော့ မျက်နှာမှာ ဇာပုဝါအမဲရောင်အုပ်မိုးထားတဲ့ ဦးထုတ်အဝိုင်းလေး တွေဆောင်းလို့ အမျိုးသမီး(၃)ဦးထွက်လာကြပါတယ်။ ဘာကြောင့် ဒီအမျိုးသမီးတွေ အခုလိုမျက်နှာဖုံးပြီး ထွက်လာရသလဲဆိုတဲ့ အကြောင်းရင်းကတော့ ထိုအမျိုး သမီး(၃)ဦးမှာ (၂)ဦးက မုဒိမ်းမှုပြုကျင့်ခံရတဲ့ ကလေးငယ်တွေရဲ့မိခင်တွေဖြစ်ပြီး (၁)ဦးကတော့ ကိုယ်တိုင် မုဒိမ်းပြုကျင့်ခံခဲ့ရတဲ့ မိန်းကလေးငယ်ဖြစ်ပါတယ်။ […]

သက်ငယ်မုဒိန်းမှုတွေကို ဘယ်လိုတားဆီးကြမှာလဲ။

  နန်းခမ်း စက်တင်ဘာ ၁၄၊၂၀၁၆ ယခုရက်ပိုင်း အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေ၊ ကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့အမှုတွေ  မြန်မာတနိုင်ငံလုံး ဖြစ်ပွားနေတဲ့သတင်းတွေ အများအပြားထွက်ပေါ်ခဲ့ပါတယ်။ နိုဝင်ဘာလဆန်းပိုင်းမှာတော့ အတော်ကိုဆိုးရွားတဲ့ အဖြစ်အပျက် တစ်ခုဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်နေ အသက်(၅)နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ဲတဲ့အမှုဖြစ်ပြီး၊ အမှုကို သွားရောက်တိုင်ကြားတဲ့အခါမှာလည်း သက်ဆိုင်ရာရဲဌာနက တရားခံကိုရဲ စခန်းသို့ ခေါ်လာမှ အမှုဖွင့်ပေးမယ် လို့ပြောဆိုခဲ့လို့ ဝေဖန်မှုတွေ လူမှုကွန်ရက်တွေမှာ ပြန့်နှံ့ခဲ့ပါတယ်။ ဖြစ်စဉ်က နိုဝင်ဘာ(၂)ရက်၊ မနက်၂နာရီခွဲခန့်မှာ မိဘဘေးမှာအိပ်နေတဲ့ ကလေးငယ်ကိုလာရောက်ခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း၊ လက်ရှိမှာ ကလေးငယ်ကတော့ မစင်စွန့်ရန်ပင် အဆင်မပြေတဲ့အတွက် ဗိုက်ဖောက် ထားရပြီး မြောက်ဥက္ကလာပဆေးရုံကြီးတွင် ဆေးကုသခံနေရသည်ဟု ကလေးငယ်၏ ဖခင်ဦးရဲထွန်းက ဆိုပါ တယ်။ “ ဒီလိုမျိုးလုပ်ရက်လေခြင်းဆိုပြီး မပြောတတ်အောင် ဖြစ်ရတဲ့အပြင် ဒီလိုကောင်မျိုးကိုလည်း […]

တိုက်ပွဲကထွက်ပေါ်လာတဲ့ အမျိုးသမီးခေါင်းဆောင် (သို့မဟုတ်) ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်

  ကချင်မလေး။                  ။ ကိုးလသားအရွယ်မှာ ဖခင်နဲ့ ဝေးခဲ့ရတယ်။ နည်းပညာတက္ကသိုလ် ပထမနှစ်တက်နေချိန် အသက် (၁၆)နှစ်အရွယ်မှ ဖခင်နဲ့ ပြန်နေခွင့်ရခဲ့တယ်။ သူကတော့ ၂၀၀၇ ကစလို့ တိုက်ပွဲတွေအတွင်း ရုန်းကန်ခဲ့ရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဦးဆောင်ကော်မတီက မဖြိုးဖြိုးအောင် ဖြစ်ပါတယ်။ မိခင်ဒေါ်သန္တာခင်နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်းတို့မှ မွေးဖွားလာသော တဦး တည်းသောသမီးဖြစ်တယ်။ မြန်မာ့နိုင်ငံရေးပြောင်းလဲပစ်ဖို့၊ တပါတီအာဏာရှင်စနစ် ကျဆုံးရေးကြွေး ကြော်သံများအော်ဟစ်နေသော ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးဖြစ်ခဲ့တဲ့  သြဂုတ်လတွင် မွေးဖွားလာ သူဖြစ်တယ်။ ဖခင်ဖြစ်သူ ဦးနေဝင်းဟာ ၈လေးလုံး အရေးတော်ပုံမှာလှုပ်ရှားခဲ့တာကြောင့် စစ်အစိုးရရဲ့ ထောင်သွင်းအကျဉ်းချထားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ […]

ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် ဘယ်သူတွေပိုဒုက္ခရောက်နေသလဲ

မလိခ။             ။ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် အမျိုးသမီးများ တွင် လိုအပ်ချက်များရှိနေပြီး ရေရှည်တွင် အခက်အခဲများ ပိုမိုရင်ဆိုင်လာရနိုင်သည်ဟု ကူညီသူ များနှင့် အမျိုးသမီးအဖွဲ့များက ပြောသည်။ ကချင်အမျိုးသမီးအစည်းရုံး(ထိုင်းနိုင်ငံ) – KWAT မှ အထွေထွေအတွင်းရေးမှူး ဒေါ်မွန်းနေလီက “ဒုက္ခသည်စခန်းတွေမှာ အမျိုးသမီးတွေအတွက် သီးသန့်ဘာမှလုပ်ပေးနိုင်တာ မရှိသေးဘူး။ ဥပမာ ကျန်းမာရေးနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ၊ အိမ်သာ၊ သန့်ရှင်းရေးအပိုင်းတွေက အချိန်ကြာလာ ရင် ခက်ခဲလာမယ်။ ကျန်းမာရေးက စိုးရိမ်ရမယ့် အခြေအနေရှိတယ်” ဟုပြောသည်။ “တရုတ်အစိုးရက စားသောက်တာပေးနေတယ်ဆိုပေမဲ့ ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက် မိခင်တွေအတွက် ခက်ခဲလာနိုင်တယ်။ အခုဆိုရင် ဆောင်းရာသီဆိုတော့ စောင်တွေ၊ အနွေးထည် […]

ဖျော်ရည်တိုက်ပြီး ကာမလိမ်လည်မှု အထောက်အထားမစုံသဖြင့် အခက်တွေ့နေ

ကချင်မလေး(ရန်ကုန်) ဆေးခပ်ထားတယ်လို့ ယူဆရတဲ့ ဖျော်ရည်တိုက်ပြီး ကာမလိမ်လည် ရယူပေါင်းသင်းရုံမက ပြည့်တန် ဆာအဖြစ် စေခိုင်းခံခဲ့ရတဲ့ (၉)တန်းကျောင်းသူလေးရဲ့အမှုကို တရားရုံးတင်နိုင်ခဲ့ပေမယ့် သက်သေ အထောက်အထားများ ပျောက်ဆုံးနေခြင်းက အခက်အခဲတွေ့စေပါတယ်လို့ ကူညီဆောင်ရွက်ပေးသူ များက ပြောပါတယ်။ “ရဲအုပ်ဟန်ထွန်းအောင်လက်ထဲကို အပ်ခဲ့တဲ့ ပထမဆုံးသက်သေခံပစ္စည်းတွေဖြစ်တဲ့  သန်းကိုကိုမောင် ရဲ့ဖုန်း၊ အဝတ်အစားနဲ့ အချိုရည်ဗူးတွေဟာ ပျောက်သွားတယ်” ဟု ဒီအမှုမှာ ကူညီနေတဲ့ ကိုဖိုးလုံးက ပြောပြပါတယ်။ ရဲရဲ့အမှုတည်ဆောက်မှုက အားရစရာမရှိဘူးလို့လည်း ရှေ့နေဖြစ်သူဦးရောဘတ်ဆန်းအောင်က ပြောပါ တယ်။ “ဒီကောင်လေးကို ကူညီပေးတဲ့ အမေနဲ့အစ်မကလည်း အားပေးကူညီမှုထဲမှာ ပါတာပဲ။ ဒါပေမယ့် ရဲက အမှုကို ပြေလည်အောင် မတည်ဆောက်ပေးနိုင်တာပါ” တရားလိုဖြစ်သူ မိန်းကလေး၏မိခင်ကတော့ “တရားစွဲအဖွဲ့အစည်းတွေ ရဲတပ်ဖွဲ့၊ အမှုစစ်၊ သက်ဆိုင် ရာ စခန်းမှူး၊ မြို့နယ်မှူးတွေက […]