Home ဆောင်းပါး ၀ဋ်ကြွေးရယ် ကြေပါစေတော့

၀ဋ်ကြွေးရယ် ကြေပါစေတော့

http://drawingartisan.us/wp-content/uploads/2016/06/girls-crying-face-sketch-art-image-crying-face-angeli7-on-deviantart.jpg

Photo: Angeli7 (on Deviantart)

ကချင်မလေး။          ။

ဆံပင်တိုတို၊ ရှပ်အကျီ ၤအကွက်နှင့် ပုဆိုးဝတ်ထားပြီး သစ်သားခုံပေါ်မှာ ဒူးနှစ်ဖက်ထောင်ကာထိုင်လို့ ကွမ်း တမြုံ့မြုံ့ဝါးကာ ဟိုကြည့်ဒီကြည့်နှင့် ပြုံးလိုက်၊ တအောင့်အကြာ ငိုလိုက်၊ ငါ့လက်ဖက်ရည်တိုက်ပါဦးဆိုပြီး အော်လိုက်၊ လမ်းထိပ်ထွက်သွားလိုက်နှင့် ဘဝကိုဖြတ်သန်းလာရာ ယခုဆိုလျှင် မိလုံးအသက်(၂၉)နှစ်ပင် ပြည့် ခဲ့ပြီ။

မိလုံးငယ်ငယ်တုန်းကတော့ အတန်းတွေမှာ ပထမ၊ ဒုတိယအဆင့်တွေ ဝင်တယ်၊ စာအရမ်းတော်ပြီး ဆရာမ တွေရဲ့အချစ်တော်ပင်ဖြစ်ခဲ့တယ်လို့ သူ့အမေဒေါ်ထားက ပြောပြပါတယ်။ ကျောင်းပညာကို (၉)တန်းအထိ အောင်မြင်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်ချိန်မှာပဲ သူ့ဖခင်က နောက်မိန်းမယူလိုက်ပါတယ်။ တချိန်တည်း မှာပဲ မိသားစုစီးပွားရေးပျက်ပြီး မိဘတွေ အိမ်ထောင်ပြိုကွဲသွားခဲ့တဲ့နောက်ပိုင်း သူမဟာ မိခင်နှင့်အတူ အစ်ကို၊ မောင်များနှင့် အိမ်ပိုင်ဘဝမှ တိုက်ပေါ်ကဆင်းပြီး အိမ်ငှားဘဝသို့ရောက်ရှိခဲ့ပြီး အဲဒီအချိန်မှာ စိတ်ဖောက် သွားခဲ့တာလို့ မိခင်ဖြစ်သူကပြောပြပါတယ်။

လောကရဲ့ အနိမ့်အမြင့် အတက်အကျကို ခံနိုင်ရည်မရှိဘူးဖြစ်မယ်။ အဲဒါကြောင့် စိတ်လွတ်သွားတယ်ဟု မိခင် ဒေါ်ထားမှာတော့ဝဋ်ကြွေးတွေသာ ကြေပါစေတော့လို့ ဘုရားမှာ ဆုတောင်း၊ ကုသိုလ်လုပ်ပေးရင်း သူ့ရဲ့ ဝဋ် ကြွေးကို ဆပ်ပေးနေရတယ်လို့သာ ခံယူပြီး သူ့အတွက် အစစအရာရာ စိတ်မတိုတော့ပဲ လုပ်ပေးကြောင်းကို ပြောရင်း တုန်ရီနေသောအသံမှာ စကားမဆုံးခင်ပင် တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

စိတ်ဖောက်နေတဲ့ မိလုံးအတွက် အဆိုးဆုံးနေ့ရက်တွေ ကြုံခဲ့ရတာကိုလည်း ဒေါ်ထားက ပြောပြပါတယ်။ သမီးဖြစ်သူကို တလမ်းတည်းနေ တဖက်ရပ်ကွက်က အမျိုးသား(၃)ယောက်မှ အရက်တိုက်ပြီး ရွာပြင်ခေါ် ထုတ်ကာ သားမယားပြုကျင့်ခဲ့တယ်ဆိုတာ သိလိုက်ရတော့ ဒေါ်ထားတယောက် ခြေဖျား၊ လက်ဖျားများပင် အေးစက်ပြီး၊ ဒူးတုန်ရင်တုန်ဖြင့် သမီးကိုလှမ်းအကြည့် မျက်နှာတခုလုံးဖူးရောင်လို့တွေ့လိုက်ရပါတယ်။

သူ့ကိုခေါ်သွားပြီး(အရက်)တိုက်ထားတော့ ဖြစ်ချင်တိုင်းဖြစ်ပြီး၊ သူရုန်းတော့ လက်သီးနဲ့ထိုးတာထင်ပါရဲ့ မျက်နှာတခုလုံးဖူးေယာင်လို့နောက်မနက်မိုးလင်းအထိ လှော်ကားရဲစခန်းကလည်း စစ်ဆေးမှုများ ပြုလုပ်ကြ တယ်လို့ စိတ်မကောင်းစွာဖြင့် ဘေးတွင်ထိုင်နေသောသမီးကို လှမ်းကြည့်ပြီး ပြန်ပြောင်းပြောပြခဲ့တယ်။

အဲဒီညက သမီးပြန်မရောက်သေးလို့ အိပ်မပျော်တဲ့ မိခင်ကြီးဒေါ်ထား အိပ်ယာထက်မှာ သောကတွေ ပွားနေစဉ် မှာပဲ ခြံရှေ့မှ အိမ်ရှင်တို့၊ အိမ်ရှင်တို့ဆိုပြီးအမျိုးသားတဦး၏ ခေါ်သံကြောင့် မိသားစုအားလုံး ထွက်ကြည့်ရာ ဟိုဖက်ရပ်ကွက်ရုံးကပါ။ မိလုံးရဲ့အုပ်ထိန်းသူလိုက်ခဲ့ပါဆိုလို့ အိမ်မှ အဒေါ်ကြီးကို လိုက်သွားဖို့ လွှတ်လိုက် တာပါ။  မအေကိုယ်တိုင်လာရမယ်ဆိုပြီး အဒေါ်က ပြန်လာပြောတော့ ဒေါ်ထားကိုယ်တိုင် လိုက်သွားခဲ့ရာက နေ သမီးရဲ့အဖြစ်ဆိုးကို သိခဲ့ရတာပါ။

မိလုံးကို တခါမှမဆုံတွေ့ဖူးသူတွေက စတွေ့ရင် အမျိုးသားတယောက်လို့သာ ထင်ရလောက်အောင် ယောက်ျား လေးတစ်ယောက်ကဲ့သို့ ဝတ်စားဆင်ယင်သူဖြစ်တယ်။ ယောက်ျားစိတ်၊ ယောက်ျားပုံဝတ်စားခဲ့တာက သူငယ် စဉ်ကတည်းက ဖြစ်ပါတယ်။ ဒီလိုယောက်ျားစိတ်ပေါက်နေတာဟာ ယောက်ျားလေး (၂)ယောက်ကြားမှာ မွေးလာခြင်းကြောင့် ဖြစ်တယ်လို့ထင်ခဲ့ပြီး ပတ်ဝန်းကျင်ရဲ့ အကြံပေးမှုတွေနဲ့ သမီးမိလုံးကို မိန်းကလေးပုံစံ ပြောင်းရန် ကြိုးစားခဲ့ပုံကို မိန်းခလေးအကျီ ၤတွေကို ဝတ်ခိုင်းတော့ ငြင်းတယ် ဘယ်လောက်ရိုက်ရိုက် အသားသာ အနာခံတယ်၊ မဝတ်ဘူူူူးလို့ ဒေါ်ထားက ပြောပြပါတယ်။ တခါတလေ တံခါးပိတ်ပြီး ဒါဏ်ပေးပေ မယ့်လည်း မရတာနဲ့ပဲ သူ့ကိုခွင့်ပြုခဲ့ရတယ်လို့ ပြောပြပါတယ်။

ဒီလိုနဲ့အစ်ကိုဖြစ်သူမှာလည်း အပြင်ထွက် အလုပ်လုပ်၊ မိခင်ကလည်း အပြင်စက်ချုပ်ဆိုင်တွင် စက်ချုပ်တော့ သမီးကို အနီးကပ်ကြည့်မည့်သူမရှိ၊ မိလုံးတယောက်ကလည်း လမ်းထွက်ပြီဆို ခြေဦးတည့်ရာသွား ပတ်ဝန်း ကျင်က ဒေါ်ထားရယ် မိလုံးကို ဟိုဖက်ရပ်ကွက်လမ်းထိပ်မှာတွေ့လို့ ခေါ်လာပေးတာ” ဆိုပြီး ပို့ပေးသူရှိသလို၊ တခါတရံ ညဘက် တရပ်ကွက်ထဲ ဆိုက္ကာသမားများကမိုးရေထဲမှာ ကျန်ကြောင်းအိတ်ကြီး အပေါက်ဖောက်ဝတ် ပြီးလျှောက်သွားနေလို့ လာပို့ပေးတာဆိုတာမျိုးလည်း ကြုံရခဲ့တယ်။

မိလုံးကို ရွာသာကြီးပို့ပြီး ဆေးကုသတာမျိုး လုပ်ခဲ့သော်လည်း အိမ်ပြန်ရောက်ပြီး ရက်အနည်းငယ်ကြာသော် ပြန်ပြန်ဖောက်ကြောင်း၊ ရွာသာကြီးသို့ ပြန်ပို့မည်ဆိုလျှင်လည်း တရက် (၁၀၀၀)ကျပ်နှင့် အဖော်တယောက် ပါ ရမည်ဆိုတော့ မပို့နိုင်တော့ကြောင်းကို အန်တီကလည်း စက်ချုပ်တော့ လိုက်နေဖို့ဆိုတာ မဖြစ်နိုင်တော့ မပို့ နိုင်ဘူး

မိသားစုက တိုက်ခန်းငှားနေခဲ့ချိန်တွေကလည်း အချိန်ကုန်လို့ ကုန်မှန်းမသိ၊ ရှာသမျှ အိမ်လခနဲ့တင် ကုန်ကုန် သွားခဲ့ရတာကြောင့် တာရှည်အဆင်မပြေကြ။ ၂၀၁၂ ခုနှစ်မှာ ရွှေပြည်သာမှ မိခင်၏အဒေါ်တွေက သူမတို့ အခက်အခဲကို မကြည့်ရက်လို့ ကူညီတဲ့အနေနဲ့ အိမ်ခေါ်တင်ထားလိုက်တော့တယ်။

ရွှေပြည်သာရောက်တော့လည်း အရင်လိုပါပဲ။ ခြေဦးတည့်ရာထွက်သွားတာ တခါကဝါးခယ်မကိုတောင် ရောက် သွားတယ် တလမ်းကျော်အိမ်ကတွေ့လို့ ပြန်ခေါ်လာပေးတယ်လို့ပြောပါတယ်။ တခါကလည်း ဒေါ်ထားသမီး ပျောက်သွားလို့ ရဲစခန်းကို လူပျောက်သွားတိုင်တော့ မရှိကြောင်း၊ မသိကြောင်းသာ ပြန်ပြောခဲ့ရာ ဘယ်ရှာလို့ ရှာရမှန်းလည်း မသိတော့ဘူးထိုသို့ဖြစ်နေချိန် အသိရဲစခန်းမှူးတဦး၏ အကြံပေးမှုကြောင့် (၂)ပတ်ခန့်မျှကြာ မှ အင်းစိန်ထောင်မှာ သွားကြည့်တော့ ရှိနေတယ်ထိုကဲ့သို့ ဖမ်းဆီးထောင်ချထားသော်လည်း သက်ဆိုင်ရာမှ ဘယ်သူဘယ်ဝါဖြစ်ကြောင်း စုံစမ်းပေးမှုလည်းမရှိ၊ ဘာအမှုကြောင့်ဆိုတာလည်း မသိပဲ “()လကျခံလိုက်ရ တယ်၊ စီမံချက်ထဲပါသွားတယ်ဆိုလားပဲလို့ မိခင်တယောက်၏ သမီးပျောက် ရှာပုံတော်အကြောင်း ပြောရှာ တော့ မျက်ရည်ပင်ကျခဲ့မိပါတယ်။ (မှတ်ချက် – စီမံချက်ဆိုတာမှောင်ရိပ်ခိုမှုဖြင့်ဖမ်းဆီးခံရခြင်း။)

မိလုံးရဲ့ ဒုက္ခတွေက ဒီလောက်ပဲ မကပါဘူး။ လောလောဆယ်မှာတော့ နောက်ထပ် ကြုံခဲ့ရတဲ့ မုဒိန်းမှုတစ်ခုအ တွက် တရားရင်ဆိုင်နေရပါတယ်။

Themis 5782

Photo: http://crimeinthesuites.comtagjustice-system

ညနေညနေ မိလုံးတယောက် ရွှေပြည်သာရှိ ဘီယာဆိုင်ရှေ့က ဒန်းပေါ်တွင် ထိုင်နေကျဖြစ်တယ်။ ဆိုင်ရှင် ကလည်း ဘာမှအနှောက်အယှက်မပေးတော့ ထိုင်ခွင့်ပြုနေကျဖြစ်တယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း တည နေမှာတော့ လူရွယ်သုံးဦးက ဟေ့ နင့်အမေခေါ်တယ်ဆိုပြီး ဆိုင်ကယ်တစီးနဲ့ခေါ်ထုတ်သွားတာကို ကိုကျော် စိုးဆိုသူက မြင်လိုက်ပါတယ်။ ညနေ(၈)နာရီလောက်မှာတော့ မိလုံးတယောက် ဒဏ်ရာဘရပွနှင့် အတွင်းခံ လည်း မပါတော့ပဲ ပြန်ရောက်လာပြီး မေးမြန်းရာမှာ သူမကို အတင်းသားမယားပြုကျင့်လိုက်ကြောင်း သိလိုက်ရ ပါတယ်။ မိန်းကလေးချင်း ကိုယ်ချင်းစာလို့ ရပ်ကွက်ရုံးကို သွားပြောခဲ့တယ်လို့ ဒီအမှုကို လိုက်ကူညီလုပ် ဆောင်ပေးတဲ့ ရှေ့နေ(အမည်မဖော်လို)က ပြောပြပါတယ်။

ဆက်ပြီးရှေ့နေက ရပ်ကွက်လူကြီးတွေနဲ့ အခင်းဖြစ်တဲ့နေရာကို လိုက်ပြပေးတယ် တကယ်ပဲ ဖိနပ်တဖက် ရှိ နေတယ်ရပ်ကွက်လူကြီးမှလည်း မျက်မြင်သက်သေ ကိုကျော်စိုးမြင်လိုက်တဲ့ တရားခံသုံးဦးအား ဆင့်ခေါ်ပြီး စစ်ဆေးမေးမြန်းရာဟုတ်ပါတယ်လို့ ဝန်ခံတယ်လို့ မျက်မြင်သက်သေရဲ့ ပြောပြချက်ကို ရှေ့နေက ပြန်ပြောင်း ပြောပြပါတယ်။ ဒါပေမယ့် တရားရုံးသို့ အမှုတင်လိုက်ချိန်မှာတော့ တရားခံများဘက်မှ ခုခံမှုလမ်းကြောင်းကို ပြင်ခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။ တရားခံအဖြစ် စွပ်စွဲခံရသူတွေက မဟုတ်ဘူး။ ကောင်မလေးက အိမ်ပြန် ချင်လို့ မိုးတွေလည်း ရွာနေလို့ အိမ်ပြန်ပို့ပေးတာ၊ ဒဏ်ရာကလည်း သူဆိုင်ကယ်ပေါ်က ကျမှာစိုးလို့ ဆွဲမိတာ လို့ပြန်ပြီး ငြင်းဆိုနေတယ်လို့ ရှေ့နေက ပြောပါတယ်။

မိလုံးတယောက်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့အတွက် ကာယကံရှင်အဖြစ် စစ်ဆေးအမေးခံဖို့ရန် အခက် အခဲရှိနေတယ်လို့ သိရပါတယ်။

အမှုအခြေအနေက စစ်ရင်းစစ်ရင်းပေါ်မယ်လို့ ယူဆတဲ့အကြောင်း အခုက တရားလို၊ လိုပြသက်သေတွေကိုပဲ စစ်နေတဲ့အဆင့်မှာပဲရှိသေးတယ်၊ ဆေးမှတ်တမ်းတွေလည်းရှိတယ် ဒါပေမယ့် ဆရာဝန်တွေ၊ ရဲတွေကိုတော့ မစစ်ရသေးဘူးလို့ ရှေ့နေကပြောပါတယ်။

ကျူးလွန်သူဟု စွပ်စွဲခံထားရသူများတွင် နှစ်ဦးမှာ အိမ်ထောင်ရှိသူများဖြစ်ပြီး၊ မိလုံးအိမ်သို့ လာရောက်ပြီး အမှု ပိတ်ပေးရန် တောင်းဆိုမှုများရှိကြောင်းလည်း သိရတယ်။

အဆိုပါအမှုကို လိင်တူချစ်တူများအရေး လုပ်ဆောင်နေတဲ့ (Colors Rainbow) မှ ကူညီဆောင်ရွက်ပေးနေပါ တယ်။

မိလုံးတို့လို ယောက်ျားစိတ်ပေါက်နေသူ (Lesbian) တွေရဲ့ အဖြစ်အပျက်တွေဟာ တရားမျှတမှု ရရှိနိုင်ဖွယ် အနည်းဆုံးဖြစ်ကြောင်းကို “Lesbian တွေရဲ့အမှုတွေ တရားရုံးအထိ တက်လာနိုင်တာ ရှားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ဖြစ်လာပြီဆိုရင် တိတ်တိတ်လေးပဲ နေလိုက်တာတို့၊ နေရပ်စွန့်ခွာသွားတာတို့၊ အဆက် အသွယ်ဖြတ်သွားတို့ လုပ်သွားကြတယ် Colors Rainbow ရဲ့စီမံကိန်းမန်နေဂျာဖြစ်တဲ့ ကိုလှမြတ်က ပြောပါ တယ်။ ရုံးတိုင် ဘာတိုင်နဲ့လုပ်ရင် ပိုပြီးအရှက်ရစရာဖြစ်မယ်။ အလုပ်ရှုပ်တယ်လို့ ထင်မြင်ကြတယ်

 ဒီလိုမတရားမှုကို ဖော်ထုတ်ပြီး အပြစ်ပေးမှသာ နောက်လူတွေအတွက် သင်ခန်းစာဖြစ်မယ်အကယ်၍ ငွေဖြင့် သာ ကြေအေးလိုက်ပါက ကျူးလွန်လို့ရပါလားဆိုသည့် အတွေးမျိုးပြန့်ပွားသွားမည်ကို စိုးရိမ်ကြောင်းကို ဒေါ် ထားက ပြတ်သားစွာပြောပါတယ်။

အခုတော့ အိမ်သားတွေက မိလုံးကို အိမ်အပြင်ပေးမထွက်တော့ပဲ အချိန်ပြည့်ခြံသော့ခတ်ပြီး ဝင်းအတွင်းမှာ သာ ထားပါတော့တယ်။ မိလုံးအတွက် တရားမျှတမှုတွေရရှိဖို့ ဒေါ်ထားကတော့ ဆက်လက်မျှော်လင့်နေဆဲပါ။

(မှတ်ချက်- မိလုံးနှင့် ဒေါ်ထားသည် အမည်လွှဲများသာဖြစ်ပါတယ်။)

Related Articles