Home ဆောင်းပါး ဇနီးသည်နဲ့ မိခင်တွေ အပူမိနေတဲ့ခေတ်

ဇနီးသည်နဲ့ မိခင်တွေ အပူမိနေတဲ့ခေတ်

use-2 

ကချင်မလေး။                ။

အန်တ့ီယောကျ်ား သူ့ရုံးကတစ်ယောက်နဲ့ ဘာညာဘာညာသတင်းကြားတော့ ဗေဒင်တွေလည်းမေးပေါ့။ သူ တို့ပေးတဲ့ ယတြာတွေလည်း လိုက်လုပ်ခဲ့တယ်၊ လုပ်လိုက်ရတဲ့ ယတြာတွေစုံလို့ပါပဲလို့ ဒေါ်ထားထား တစ်ယောက် လင်ယောက်ျားကြောင့် အပူမိပြီး ဗေဒင်ဆရာထံ ပြေးလွှားအပူကပ်ခဲ့ရကြောင်းကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

ရန်ကုန်၊ ရွှေပြည်သာမှာနေတဲ့ ဒေါ်ထားထားတို့မိသားအသိုက်အမြုံလေးဟာ ခင်ပွန်းသည် တပ်ကထွက်ပြီး အပြင်ဆေးရုံတစ်ခုမှာ မန်နေဂျာရာထူးလေးရတော့ အတော်လေးကို အဆင်ပြေခဲ့ပါတယ်။ ဒီလိုနဲ့ ဒေါ်ထား ထားတယောက်လည်း သားသမီးရေးနှင့် အိမ်မှုကိစ္စအ၀၀ကို နိုင်နိုင်နင်းနင်းလုပ်ကိုင်ရင်း အိမ်တွင်းပုန်း (သိုမဟုတ်) အိမ်ထောင်ရှင်မကောင်းပီသစွာ ဖြင့် ဆွေမျိုးအသိုင်းအဝိုင်းကြားတွင် မျက်နှာပွင့်ခဲ့ရသူတစ်ယောက် ဖြစ်ခဲ့တယ်။

နောက်ပိုင်း ခင်ပွန်းသည်အပြင်မှာ ခြေရှုပ်နေတာ အတော်ကြာမှသိခဲ့ရချိန်မှာတော့ အိမ်ထဲမှာတင် အိမ်အလုပ် တွေနဲ့ပဲ လုံးချာလိုက်နေတော့ အပြင်ကိစ္စတွေ ဘာမှမသိခဲ့ဘူးလို့ ပြောပြတယ်။

အပြင်က တစွန်းတစသတင်းတွေကြားတော့လည်း ခင်ပွန်းသည်ကို မမေးရဲဘဲ ဒေါ်ထားထားတယောက် သူ များအကြံပေးသလို ဗေဒင်လေးမေးပြီး သူအိမ်ပြန်ကပ်လာအောင် ယတြာတွေချေခဲ့ရတယ်လို့ တုန်ရင်နေတဲ့ အသံဖြင့် ပြောပြခဲ့တယ်။

ဒေါ်ထားထားလို အိမ်ထောင်ရှင်မတော်တော်များဟာ အိမ်တွင်းအပူမိလာပြီးနောက် ပတ်ဝန်းကျင်က သိသွား ရင် မိသားစုဂုဏ်သိက္ခာထိခိုက်မှာရယ်၊ သားသမီးတွေရဲ့အနာဂတ်ကို အမည်းစက်စွန်းထင်သွားမှာ စိုးရိမ်တာ ရယ်ကြောင့် ခင်ပွန်းသည်အိမ်ပြန်လာအောင် ဗေဒင်ဆရာ၊ နတ်ကတော်တို့ထံ တိုးတိုးတိတ်တိတ်ပြေးကြလေ့ ရှိကြောင်းကိုယောက်ျားတွေ အိမ်ထောင်ရေးဖောက်ပြန်လာရင် ကိုယ့်ယောက်ျားကို ကိုယ့်မိသားစုနဲ့ အတူ ရှိနေစေချင်လို့၊ အိမ်ထောင်ရေးမြဲချင်လို့၊ သားရေးသမီးရေးနဲ့ လင်ယောက်ျားအိမ်ကပ်ရေးတို့အတွက် နတ်ကို တိုင်ပင်ဖို့လာကြတယ်လို့ ကိုစည်သူ(နတ်ကတော်)က ပြောပြပါတယ်။

နတ်ကိုလာပြီး အကူအညီတောင်းကြတဲ့ ပူဇော်သူတွေထဲက လူ(၁၀)ယောက်မှာ (၈)ယောက်လောက်က အမျိုး သမီးများဖြစ်ပြီး ကျန်(၂)ယောက်ခန့်မျှသာ အမျိုးသားများဖြစ်လေ့ရှိတယ်လို့ နတ်ကတော်တွေက ပြောပါ တယ်။

အမျိုးသားတွေက အများဆုံး စီးပွားရေးနှင့်ပတ်သက်တဲ့ အကြောင်းအရာတွေကို မေးလေ့ရှိကြောင်းကို စီးပွား ရေးနဲ့ပတ်သက်ပြီး အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာ သိချင်လို့တချို့ကလည်းစီးပွားရေး ဖြစ် မလား၊ မဖြစ်ဘူးလား၊ အလောင်းအစားအနေနဲ့ တိုင်တည်အဓိဋ္ဌာန်တာတို့လုပ်ကြကြောင်း ကိုစည်သူက ဆက်ပြောပြတယ်။

အမျိုးသမီးများကမူ အမျိုးသားများနှင့်မတူပဲ မိမိအိမ်ထောင်ရေးသာယာပျော်မွေ့အောင်၊ သားရေးသမီးရေး၊ အိမ်ရဲ့ ရိုးရာနတ်ကိစ္စသိချင်တာ၊ မိမိခင်ပွန်းအိမ်ထောင်ရေးဖောက်ပြန်လို့ စိတ်ညစ်လို့၊ မိသားစုခိုင်မြဲစေချင် လို့ နတ်ကိုတိုင်တည်ခိုင်းကြလေ့ရှိကြပါတယ်။

အိမ်ထောင်ရှင်မတွေ အပူရှိသလို အငယ်အနှောင်းတွေကလည်းလာပြီး နတ်ကိုတိုင်တည်ပြန်ကြရောတဲ့။ နင် က အငယ်လား၊ အကြီးလားလို့ သေချာမေးပြီး၊ အငယ်ဆိုရင်တော့ သူများအိမ်ထောင် ပြိုကွဲစေတဲ့အလုပ် ငါ မလုပ်ဘူးလို့ပြောပြီး ပြန်လွှတ်လိုက်တယ်လို့ ကိုစည်သူက ပြောပြခဲ့တယ်။

အမျိုးသမီးတွေ မေးတတ်ကြတဲ့ သားရေးသမီးရေးဆိုတဲ့အထဲမှာ သားသမီးများရဲ့ ပညာရေး၊ အိမ်ထောင်ရေး၊ ကလေးယူဖို့၊ ကလေးအမည်နဲ့ မွေးဇာတာတွေကို မေးတတ်ကြတယ်လို့သိရတယ်။

ကိုစည်သူတို့လို နတ်ကတော်တွေကတော့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်လမ်းတွေကိုလည်း မသိချင် တောင်မှ သိနေကြပါတယ်။ အိမ်ထောင်ရေးဖောက်ပြားတယ်ဆိုတာ လူတန်းစားအဆင့်ဆင့်တိုင်းမှာ ဖြစ်တတ်ပါ တယ်။ ဆင်းရဲလို့၊ ပညာမတတ်လို့၊ စီးပွားရေးဆင်မပြေလို့ဆိုတာတွေဟာ မဟုတ်ပါဘူး။ ဒါဟာတစ်ဦးတစ် ယောက်ချင်းစီရဲ့ ကိုယ်ကျင့်တရားနဲ့ပဲဆိုင်ပါတယ်လို့ နတ်ကတော်ကိုစည်သူက ပြောပြပါတယ်။

ကိုစည်သူက သားသမီး၏အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး နတ်ကိုတိုင်တည်တဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြန် ပြောပြပါတယ်။ ဇာတ်လမ်းကတော့ ခေတ်ပညာတတ်၊ လူဂုဏ်ထံအသိုင်းအဝိုင်းဖြစ်တဲ့ တက္ကသိုလ်က ကထိက ကြီးနဲ့ ကျောင်းဆရာမလေးတို့ရဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

ခင်ပွန်းသည်ကထိကက နယ်တက္ကသိုလ်ကို တာဝန်အရပြောင်းရတဲ့အချိန်မှာ ဇနီးမယားကျောင်းဆရာမက တော့ ရန်ကုန်မှာ ကလေးတွေနဲ့ကျန်ခဲ့ရတယ်။

နယ်မှာထမင်းချိုင့်ဆွဲစားတဲ့ဆိုင်က ဈေးသည်မလေးနဲ့ ကထိကကြီးညှိသွားတယ်။ ဒီသတင်းကို ရန်ကုန်က ဇနီး မယားကြားသွားတော့ အိမ်ကမိဘတွေကို တိုင်ပင်မယ်ဆိုလည်း ကထိကကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုး လို့ ကျနော့်ဆီလာတယ်။ ခင်ပွန်းသည်ကိုလည်း လက်လွှတ်မခံနိုင်ဘူးဆိုတော့ သူ့ဘက်ကနတ်တွေကို တိုင် တည်ပူဇော်ပြီး နယ်ကို အပြေးလိုက်ရတာပေါ့။ နောက်ဆုံးတော့ ခင်ပွန်းသည်နဲ့ကြိုက်နေတဲ့တစ်ယောက်က တခြားတယောက်နဲ့ညားသွားပြီး သူတို့မိသားစုပြန်ပေါင်းနိုင်ခဲ့ကြတယ်။

ဇနီးမယားတွေအများစုမှာ မိမိခင်ပွန်းသည် ဖောက်ပြန်နေတာကို သိလျက်နှင့်ပင် တပါးသူဝေဖန်မှာကိုလည်းစိုး၊ မိသားစုဂုဏ်သိက္ခာကျမှာလည်းစိုးကြတော့ အခုလိုနည်းတွေနဲ့သာ ဖြေရှင်းတတ်ကြပါတယ်။

အိမ်ထောင်ရေးပြဿနာရှိနေတဲ့ အမျိုးသမီးတွေကို ကိုစည်သူတယောက်ကတော့ အိမ်ထောင်ရေးပြဿနာ တက်လာပါက ဒီအိမ်ထောင်ကို ဆက်သွားမယ်ဆိုရင် ပြဿနာတခုအဖြစ် ကိုင်တွယ်ဖြေရှင်းတာ ငြင်သာရမယ်သို့သော် ဘယ်လိုမှ အိမ်ထောင်ကို မဆက်တော့ဘူးဆိုရင်တော့ ပြတ်ပြတ်သားသားဖြေရှင်းသင့်ကြောင်း၊ မ ပြတ်သားပါကမပြတ်သားသူ၊ အမှတ်မရှိသူဟာ ခံရစမြဲပါတဲ့။

img20160814102613

တောင်းပြုံးပွဲမှ တနင်္သာရီဓါးနင်းဘိုးတော်နတ်နန်းတွင် နတ်များအား ပူဇော်ပသနေစဉ်။ (photo credit: Si Thu)

အချို့မိခင်တွေကျတော့ သူမရဲ့သား(သို့မဟုတ်)သမီးတွေက အချိန်မတန်ဘဲ အိမ်ထောင်ကျတော့မယ့်အခြေ အနေကို ကယ်တင်ဖို့ နတ်ကတော်ထံသွားပြီး အပူကပ်လေ့ရှိကြပြန်တယ်။

တခါက အမျိုးသမီးတယောက်ရဲ့ သားငယ်ဟာ လမ်းထိပ်မှ ကွမ်းယာသည်တယောက်နှင့် တမ်းတမ်းစွဲ ချစ် ကြိုက်နေကြပြီး ဘယ်လိုတားလို့မရလောက်အောင် ဖြစ်နေတယ်ပေါ့။ ထိုအချိန်က သားငယ်မှာ အသက်မပြည့် သေးတာကတကြောင်း၊ အဆင့်အတန်းမတူတာကတကြောင်း၊ မိမိသားငယ်ကို ဆေးခတ်ပြီး ဖျားယောင်းသွေး ဆောင်ပြီး လုပ်ယူတယ်ဆိုကာ နတ်ကိုမစပေးဖို့ ကိုစည်သူဆီလာပြီး အပူကပ်တော့တယ်။ နတ်ကလမ်းညွှန်တဲ့ အတိုင်းလုပ်ဖို့နဲ့ နတ်ရေစင်တွေကို ကောင်လေးကို တိုက်ကျွေးခိုင်းခဲ့တယ်။ မကြာခင် ကောင်လေးက နဂို အခြေအနေပြန်ရောက်ခဲ့ရတယ်လို့ပြောပြပါတယ်။ အကယ်၍ အခြေအနေက ကောင်လေးနဲ့ကောင်မလေးဟာ အတည်တကျ အတူနေပြီးလျှင်သော်လည်းကောင်း၊ လက်ထပ်ပြီးခဲ့လျှင်သော်လည်းကောင်း သူ့အနေဖြင့် ထို သို့ လက်ခံပြီး မလုပ်ဆောင်ပါလို့လည်း ပြောပြပါတယ်။

အချို့အမျိုးသမီးများမှာ မိမိရင်သွေးမွေးရဖွားရလွယ်အောင် နတ်တွေကိုအပ်ပြီး လုပ်ဆောင်ကြပါတယ်။ နတ် ကို အပ်ထားကြတယ်သို့သော်ကိုစည်သူကနတ်ကိုအပ်ထားတယ်ဆိုပေမဲ့လည်း ဆေးခန်းတော့ပြရမှာပေါ့၊ အသက်ကိုဉာဏ်စောင့်ဆိုသလိုပဲပေါ့လို့ ယုံကြည်မှုအရ လုပ်သလို မိမိတို့ဘက်မှ သတိထားပြီး လိုက်လံ လုပ်ဆောင်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

ဒါနဲ့ ကိုစည်သူတစ်ယောက်နတ်ကတော်လုပ်ခြင်းက အကြားအမြင်ရလို့မဟုတ်၊ ဖော်မြူလာနဲ့ပြောတာလည်း မဟုတ်၊ ရမ်းတုတ်ပြီးပြောတာလဲမဟုတ်ဘဲ အန်စာတုံးပစ်၊ နတ်ကိုပူဇော်ပြီး နတ်နှင့်ကိုးကွယ်သူအကြား ဆက် သွယ်ပေးသူကြားခံမျှသာဖြစ်တယ်လို့ ပြောပါတယ်။

အမှုတစ်ခုမှာ ရှေ့နေကောင်းလို့ အပြောကောင်းပြီး အောင်မြင်နေသလိုမျိုး နတ်ကတော်တစ်ယောက်ဟာ လည်း နတ်ကိုအလျှောက်ကောင်းတဲ့အခါ အလျှောက်ကောင်းရင် အထောင်းသက်သာတယ်ပေါ့။

ဟောသမျှ မှန်ခဲ့တာမဟုတ်ပဲ လွဲခဲ့တာတွေလည်းရှိတယ်လို့ ကိုစည်သူက ဝန်ခံပါတယ်။ တခါတရံနတ်ကတော် ဟာ ရှေ့နေလိုဖြစ်နေပြီး၊ တခါတရံမှာ ဆေးဆရာဖြစ်ပြန်ရောတဲ့။

ဒေါ်ထားထားလို အိမ်ထောင်ရှင်မများရဲ့ နတ်ကတော်၊ ဗေဒင်အပြင် တောင်ပြုံးမှ နတ်နန်းကို ထွက်ပေါက်တစ်ခု လို အပြေးသွားတွေ့ကြတဲ့ အမျိုးသမီးတွေရဲ့အဖြစ်ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ရှင်အမျိုးသမီးများဟာ အမျိုးသားများထက် ပို၍အိမ်ထောင်ရေးကို ဂရုစိုက်၊ မြတ်နိုးတွယ်တာ၊ တန်ဖိုးထားပုံက ငြင်းဖွယ်ရာ မရှိပါ။

အချို့သောနိုင်ငံကြီးတွေမှာဆိုရင်တော့ ဒီလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်နေရတဲ့ အိမ်ထောင်ရှင်တွေကို တရားဥပဒေ အရ ကူညီစောင့်ရှောက်ခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းများရှိတဲ့အပြင်၊ အမျိုးသမီးများစုဖွဲ့ထားတဲ့ အဖွဲ့ငယ် (Club)လေးတွေက နှစ်သိမ့်အားပေးမှုများ ရှိနေကြပေမယ့်လည်း ကျမတို့နိုင်ငံမှာတော့ ဒီလိုကိစ္စဟာ အခြား လူသိခံလို့မဖြစ်၊ ရှက်ဖွယ်ဖြစ်ရပ်ဟု ယူဆကာ တိတ်ဆိတ်စွာ ဖြေရှင်းနေကြပုံတွေက စိတ်ပိုင်းဆိုင်ရာကို ပိုပြီး ထိခိုက်စေနိုင်ကြောင်း ဖတ်ခဲ့ဖူးသောပညာပေးစာစောင်တခုကို အမှတ်ရမိပါတယ်။

အတွင်းမီးအပြင်မထုတ်သင့်ဆိုတဲ့ဆိုရိုးကြောင့်လား၊ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ယဉ်ကျေးမှုဆို တာကြောင့်လား၊ ဒီလိုတလွဲစံသတ်မှတ်မှုများကြောင့် ကျမတို့အမျိုးသမီးတွေဟာ ခေတ်မီနည်းစံနစ်တွေနဲ့ ကင်းဝေးပြီး ဗေဒင်ဆရာ၊ နတ်ကတော်တွေကို ဘယ်အချိန်အထိ ကယ်တင်ရှင်အဖြစ် အားကိုးနေကြရဦး မလဲဆိုတာတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး။

 

Related Articles