Entries by Administrator

အမျိုးသမီးတွေအတွက် ရန်မကုန်တဲ့ ရန်ကုန်

နန်းခမ်း။        ။ “ အိမ်အစောကြီး ပြန်ရမယ်။မိုးချုပ်ရင်တက္ကစီသမားကိုလည်း ကြောက်ရတယ်။ လိုင်းကားစီးရင်လည်း မှတ်တိုင်ကနေ အိမ်ပြန်လမ်းလည်း ကြောက်ရတယ်” လို့ မကလျာကတယောက်တည်းစိတ်ပျက်လက်ပျက်နဲ့ ရုံးဆင်းချိန်မှာပြောဆိုနေပါတယ်။ မကလျာဟာ တောင်ဒဂုံကနေ မြို့ထဲပန်းဆိုးတန်းအထိ အလုပ်လာလုပ်ရတဲ့သူတဦးဖြစ်ပါတယ်။ ရန်ကုန်မြို့ဟာ တခြားမြို့တွေထက် အခုနှစ်မှာ မှုခင်းတွေပိုများလာပြီး၊ အိမ်တွင်းအနုကြမ်းစီးမှုတွေ၊ ဓားပြတိုက် မှုတွေ၊ လုယက်မှုတွေလည်း အရမ်းပိုများလာပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ၂၀၁၆ ခုနှစ်၊ သြဂုတ်လအထိ အမှုကြီးပေါင်း(၃၄၅)မှု ဖြစ်ပွားခဲ့ပြီး ဧရာဝတီတိုင်းက တော့ (၂၉၆)မှုဖြင့်ဒုတိယနှင့် စစ်ကိုင်းတိုင်းကတော့ တတိယအများဆုံး ဖြစ်ပွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးက  ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာ အင်တာနက်ပေါ်မှ အိမ်အတွင်းအကြမ်းဖက်ဝင်စီးပြီး လုယက်တာတွေ၊ လူသတ်သတင်း တွေ နေ့စဉ်ကြားမြင်နေရတဲ့အတွက် စိုးရိမ်စရာတွေနဲ့ နေထိုင်နေရပါတယ်ဟုလည်း မကလျာကပြောပြပါတယ်။ “ဟိုတလောက ကျမတို့သင်္ဃန်းကျွန်းမှာ တိုက်ခန်းတခန်းကို နေ့ခင်းချိန်တက်ပြီး […]

ထာဝရဖဲကြိုးဖြူ (သို့မဟုတ်) အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေးအဆိုပြိုင်ပွဲ

ကချင်မလေး။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး (၁၆) ရက်တာလှုပ်ရှားမှုအဖြစ် အစီအစဉ်တွေထဲမှာ ထာဝရ ဖဲကြိုးဖြူသီချင်းအဆိုပြိုင်ပွဲဟာ လူသိများတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ နိုဝင်ဘာလ (၂၅)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုထာဝရပပျောက်ရေး အမေး အဖြေကဏ္ဍများ၊ မိန့်ခွန်းများပြောခြင်း၊ အကြမ်းဖက်မှု ပပျောက်ရေးနေ့ သမိုင်းကြောင်းပြောခြင်း၊ အက၊ တေးသီ ချင်းများနှင့် အကြမ်းဖက်မှုပပျောက်ရေးအတွက် လူထုအသိပညာပေးအခမ်းအနားများကို ၁၆ ရက်တာလှုပ်ရှား မှုအဖြစ် နေ့စဉ်လုပ်ဆောင်နေကြပါတယ်။ ဒီအစီအစဉ်တွေထဲက ထာဝရဖဲကြိုးဖြူ သီချင်းဆိုပြိုင်ပွဲက လူထုအကြား ပိုပြီးအာရုံစူးစိုက်စေခဲ့ပါတယ်။ နိုင်ငံကျော် တေးသံရှင်နောနော်က ဒီပြိုင်ပွဲမှာ ဒိုင်လူကြီးတယောက်အနေနဲ့ တာဝန်ယူပါတယ်။ “ထာဝရဖဲကြိုးဖြူဆိုတဲ့ ခေါင်းစဉ်ကလည်း အရမ်းကောင်းပါတယ်။ ဒီအစီစဉ်ဟာ ဘုရားလည်းကြိုက်၊ လူလည်း ကြိုက်၊ အားလုံးအတွက်လည်း ကောင်းတယ်ဆိုတော့ […]

အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး “ဖဲကြိုးဖြူ” လှုပ်ရှားမှု တိုင်းရင်းသားဒေသများတွင် စတင်

မလိခ။           ။ မြန်မာနိုင်ငံ တနိုင်ငံလုံးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အထိမ်းအမှတ် (၁၆) ရက်တာ ဖဲကြိုးဖြူလှုပ်ရှားမှုကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်သည့် နိုဝင်ဘာ (၂၅) ရက်နေ့တွင် စတင်လိုက်သည်။ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက် ရေးနေ့ (ဖဲကြိုးဖြူနေ့) လှုပ်ရှားမှုများကို နေရာအနှံ့အပြားတွင် ကျင်းပခဲ့သည်။ ကချင်ပြည်နယ်-ဗန်းမော်၊ စစ်ကိုင်းတိုင်း – ဟုမ္မလင်း၊ ရှမ်းပြည်နယ် – တောင်ကြီး၊ လဲချား၊ မိုးညဲ၊ သီပေါ၊ ကျောက်မဲ၊ သိန္နီမြိုတို့ အပါအဝင် နေရာ(၉)ခုနှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်ဌာနချုပ် လိုင်ဇာမြို့ တို့တွင် တိုင်းရင်းသားပေါင်းစုံမှ အမျိုးသမီးများပါဝင်၍ […]

ဆွံ့အနားမကြားသင်္ကေတဖြင့် စီဒေါ အချက်အလက်များ ဖြန့်ဝေမည်

ပိုးဝါ (ရန်ကုန်) အမျိုးသမီးများအား နည်းမျိုးစုံနှင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အချက် အလက်များနှင့် ရပိုင်ခွင့်များကို ဆွံအနားမကြားသူများ နားလည်ရန်အတွက် လက်သင်္ကေတဖြင့် ပြောင်းလဲ ရေးဆွဲပြီး ဖြန့်ဝေရန် ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံဖြိုးတိုးတက်ရေး ဌာနခွဲမှ ထုတ်ဖော်ပြောကြားသည်။ “ကိုယ်ခန္တာမသန်စွမ်းသူတွေနဲ့ မျက်မမြင်တွေက သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ပြောကြားဖို့လွယ်ပါတယ်။  ဆွံ့အ နားမကြားသူတွေက ထုတ်ဖော်ပြောကြားဖို့ ခက်ခဲတဲ့အတွက်ကြောင့် ဦးစားပေးအနေနဲ့ လက်သင်္ကေ တပြ ရုပ်သံရိုက်ကူးထုတ်ဝေဖို့ စီစဉ်တာပါ” ဟု လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါ်နော်သဝါးက ပြောသည် ။ ယင်းသို့ လက်သင်္ကေတဖြင့် စီဒေါပါအချက်အလက်များကို ရေးသားနိုင်ရန်အတွက် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း နှင့် ချင်းပြည်နယ်တို့ရှိ ဆွံအနားမကြားကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားများအား စီဒေါပါ အချက်အလက်များကို မြန်မာနိုင်ငံဆွံ့အနားမကြားသူများအဖွဲ့၊ […]

အစိုးရသစ်လက်ထက် တပ်မတော်ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေ

မလိခ။             ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် မြန်မာ့တပ်မတော်၏ ချိုးဖောက်မှုများ ရှိနေသေးကြောင်း ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံက အစီရင်ခံစာတစောင် ထုတ်ဝေပြီး ဖော်ပြလိုက်သည်။ နိုဝင်ဘာလ (၁၅) ရက်က ထုတ်ပြန်လိုက်သည့် “အလှမ်းဝေးနေသော ငြိမ်းချမ်းရေး” သို့မဟုတ် “ငြိမ်းချမ်းရေး နောက်ကွယ်မှ ငိုကြွေးသံ” ဟု အမည်တပ်ထားသော အစီရင်ခံစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အစိုးရလက်ထက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေး တပ်မ တော် (KIA) ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် တချိန်တည်းတွင် အမျိုးသမီးနှစ်ဦး သတ်ဖြတ်ခံရခြင်း (သို့မဟုတ်) လက်စတုံးအလုပ်ခံရခြင်းအပါအဝင် မြန်မာ့တပ်မတော်မှ အရပ်သား ပြည်သူ များအပေါ် မတရားဖမ်းဆီးခြင်း၊ […]

ကချင် ထိုးစစ် နောက်တန်းမှ အင်အားများ

မလိခ။    ။ “ကျမတို့ အမျိုးသမီးတွေက ပြည်တွင်းက ကချင်အမျိုးသမီးတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲရပ် တန့်ပေးဖို့ ကြေငြာချက်တွေ ထုတ်ပြီးတော့ တောင်းဆိုတာတွေ လုပ်တယ်။ စစ်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံတွေမှာ သွားရောက် ကြည့်ရှုတာတွေ ဆုတောင်းပေးတာ တွေလုပ်တယ်။ သေဆုံးသူတွေရဲ့ မိသားစုကို သွားရောက်အားပေးတာတွေ လုပ်နေပါတယ်” သုံးလကျော်ကြာလာပြီဖြစ်တဲ့ လတ်တလော ကချင်ပြည်နယ် ထိုးစစ်အတွင်း အမျိုးသားတွေ ရှေ့တန်းမှာ ခုခံတိုက်ခိုက်နေစဉ်မှာ အမျိုးသမီးတွေက ဘယ်လိုပါဝင်နေတယ်ဆိုတာကို Kachin Women Association (ကချင်အမျိုးသမီးအစည်းအရုံး-KWA) က လုပ်ငန်းတာဝန်ခံ ဒေါ်လဖိုင် ဆိုင်းရော်က ပြောပြပါတယ်။ တိုက်ပွဲမှာ တိုက်ရိုက်ပါဝင်နေတဲ့ အမျိုးသားတွေရဲ့ အခန်းကဏ္ဍကို လူတွေမြင်သာပေမယ့် နောက်တန်းမှာ အရေးကြီးတဲ့ ကဏ္ဍတွေကနေ အမျိုးသမီးတွေရဲ့ ပံ့ပိုး ကူညီမှုတွေ […]

အသက် ၁၄ နှစ်အရွယ် အိမ်အကူကို နှိပ်စက်ခဲ့သော မိသားစု(၄)ဦးအား ပြစ်ဒဏ်ချမှတ်

ကချင်မလေး။ ရုံးချိန်းပေါင်း(၅၂)ကြိမ်နှင့် အမှုကြာချိန် (၁)နှစ်၊ (၄)လခန့် ရှိပြီးနောက်မှာ အသက်(၁၄)နှစ် အိမ်အကူကို နှိပ် စက်ခဲ့သည့် တရားခံမိသားစုအား ဒဂုံမြို့သစ် (မြောက်ပိုင်း) တရားရုံးက ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။ ဒေါ်အေးအေးဝင်းအား ရာဇသတ်ကြီးပုဒ်မ ပုဒ်မ(၃၀၇) လူသတ်မှုကို ကျူးလွန်ရန် အားထုတ်ခြင်းဖြင့် ထောင် ဒဏ်(၇)နှစ်၊ သားဖြစ်သူအေးကျော်ဝင်းနှင့် သားမက်မျိုးဇော်ထက်အား ရာဇသတ်ကြီးပုဒ်မ (၃၂၅) အပြင်းအ ထန်နာကျင်စေမှုဖြင့် ထောင်ဒဏ်(၅)နှစ်နှင့် သမီးဖြစ်သူ ဟယ်လင်အားပုဒ်မ (၃၂၃) နာကျင်စေမှုတို့ဖြင့် ထောင်ဒဏ်(၁)နှစ် စသဖြင့် နိုဝင်ဘာ (၁၇) ရက်ကတရားရုံးကအမိန့်ချခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူ ဒေါ်အေးအေးဝင်း အပါအဝင် သား၊ သမီး၊ သမက်များက အိမ်ဖော်ဖြစ်သူ မသန်းသန်းအေး အား (၅)နှစ်လုံးလုံး နေအိမ်တွင် ထမင်းအငတ်ထားခြင်း၊ ထမင်းစားလျှင်လည်း ခိုးစားတယ်လို့ စွပ်စွဲပြီး […]

အရွယ်မရောက်သော မိန်းကလေးငယ်အား အဓမ္မပြုကျင့်မှုဖြင့် ကျောင်းထိုင်ဘုန်းကြီးတပါးအား အမှုဖွင့်

ပစ်တိုင်းထောင်မ (ရန်ကုန်)။     ။ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ကျောင်းထိုင်ဘုန်းကြီးတပါးကို အသက်မပြည့်သေးသည့် အမျိုးသမီး အား အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် မုဒိန်းမှုနှင့် အမှုဖွင့်လှစ်ထားသည်ဟု လိုက်ပါ ဆောင် ရွက်ပေးနေသော ကံျုတနော်တောင်မှ ဦးထွေးသက် (အမည်လွဲ) ကပြောသည်။ “(၉)လပိုင်း (၂) ရက်နေ့မှာ ကျနော်တို့ ရဲစခန်းကို အမှုသွားတိုင်တယ်။ ရဲကချက်ခြင်း အမှုမဖွင့်ပေးဘူး။ ဒါဟာ သံဃာနဲ့ ပတ်သက်တယ်ဆိုပြီးတော့ သံဃာ့နာယက ဒုဥက္ကဌ ဆရာတော်ဇေယျာသီရိကျောင်းကို (၃)ရက်နေ့မှာ ချိန်းတယ်။ ခေါ်တွေ့ပေးတယ်။ ဒုဥက္ကဌဆရာတော်လည်း လာတယ်။ ဥက္ကဌဆရာတော်ကြီး လည်းလာတယ်။ စခန်းမှူးလည်းလာတယ်။ မြို့နယ်မှူးလည်းလာတယ်။ လဝကလည်းလာတယ်။ အမှုကို ရှင်းတော့ရှင်းပေးမယ်။ ဒါပေမယ့်ကြာမယ်လို့ပြောတယ်။ (၄)ရက်နေ့ကျတော့ ကျနော်တို့က မရတော့ဘူး။ အကောင်အထည်ဖော်မှုက ရက်အတိအကျလည်း မပေးတော့ (၄)ရက်နေ့မှာ အမှုသွားဖွင့်ခဲ့တယ်” […]

ရုံးရောက် ဂတ်ရောက်ချင်သော်လည်း မလွယ်

နန်းခမ်း။       ။ အောက်တိုဘာ (၃၀)၂၀၁၆ ကော့မှူးမြို့နယ်က အသက် (၇) နှစ်အရွယ် မထက်ထက်(အမည်လွဲ)ဟာ သက်ငယ်မုဒိန်းမှု ကျူးလွန်ခံခဲ့ရပါ တယ်။ အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းရာမှာတော့ မိသားစုအတွက် ထပ်ဆင့်အခက်အခဲတွေ ကြုံရတယ်လို့ သူ့အဖေ က ပြောပါတယ်။ “တရားရုံး ရုံးချိန်းကို သွားရတာခက်ခဲတယ်။ တရားရုံးကဝေးတော့ ကျနော်တို့လို ပိုက်ဆံမရှိတဲ့သူတွေအတွက် ဒုက္ခရောက်တာပေါ့။ ပြီးတော့ အမှုတခုဖွင့်ဖို့ သာမန်ပြည်သူတွေ နားမလည်နိုင်တဲ့ဆောင်ရွက်စရာတွေကို သက်ဆိုင်ရာရော အုပ်ချုပ်ရေးမှူးတွေရော လမ်းမညွန်ပေးနိုင်ဘူး။” မထက်ထက်အမှုကတော့ တရားရုံးကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းဖက်မှုတွေ မုဒိန်းမှုတွေဖြစ် ပွားခဲ့လျှင် ကျူးလွန်သူတွေကို တိုင်ကြားဖို့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ မုဒိန်းမှုတွေကို လိုက်လံကူညီ ဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက ပြောပါတယ်။ “ မုဒိန်းကျင့်ခံရပြီးဆိုရင် […]

“မြို့ပြဝန်းကျင် လုံခြုံမှ၊ ယုံကြည်စိတ်ချ တို့အမျိုးသမီးဘဝ၊ အားလုံးတူတူ ဖန်တီးကြ”

  ကချင်မလေး – ရန်ကုန်။          ။  “ရှက်တယ်၊ ကိုယ့်မှာ ဘာတွေဖြစ်နေလဲဆိုပြီး မလုံမလဲဖြစ်လာတယ်။” “ကြောက်တယ်၊ တခါတလေ ခလုတ်တောင်တိုက်တယ်။” ဒလက အမျိုးသမီးတဦးဖြစ်တဲ့ နှင်းအိအိကျော်က နေ့စဉ်သွားလာနေရတဲ့ဘဝမှာ နှောက်ယှက်စော်ကားခံရတာ တွေကြောင့် ဘယ်လိုခံစားရတယ်ဆိုတာ ပြောပြထားတာပါ။ လမ်းလျှောက်နေရင်း လမ်းဘေးလက်ဖက်ရည်ဆိုင်က အမျိုးသားတွေရဲ့စနောက်ခြင်းကြောင့် မလုံမခြုံခံစားရ တယ်လို့ ပြောပါတယ်။ နှင်းအိအိကျော်ရဲ့အဖြစ်အပျက်က နေ့စဉ်အမျိုးသမီးတွေကြုံတွေ့နေရတဲ့ စော်ကားနှောက်ယှက်မှုတွေရဲ့ အပေါ် ယံလေးပဲရှိပါသေးတယ်။ နေ့စဉ် အမျိုးသမီးတွေရဲ့အတွေ့အကြုံတွေကို Colorful Girls က ဒါရိုက်တာ နန့်သဇင်မင်း (ဒါရိုက်တာ – Colorful Girls) က ဖြည့်စွက်ပြောပြပါတယ်။ ကျောင်းသွားကျောင်းပြန်လုပ်နေတဲ့ အမျိုးသမီးငယ်များအကြား “ဘတ်စ်ကားပေါ်က ထောက်လှမ်းရေးကိစ္စ”၊ “လမ်းပေါ်မှာတရွှတ်ရွှတ်နဲ့ခေါ်ပြီး အသံပေးတာမျိုး”၊ “စိုင်းစိုင်းခမ်းလှိုင်ရဲ့အိုးလေးလှုပ်ပါလားဆိုတဲ့ […]