Home Author
Author

Administrator

  • “ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ပြန်လည်ရရှိရေးကို တတ်နိုင်သမျှ ကိုယ်ပိုင်ကိုယ်စွမ်းရှိသလောက်ပါဝင်မှသာ လိပ်ပြာလုံမယ်ဆိုတဲ့စိတ် အစထဲကရှိခဲ့တယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာတစ်ယောက်အနေနဲ့ ဒီမတရားမှုကြီးနဲ့ ပတ် သက်ပြီး လုပ်နိုင်တာတွေအများကြီးရှိမယ်လည်းယုံကြည်ခဲ့တယ်”

  • “စားသောက်ရေးဘယ်လောက်ခက်ခဲလဲဆိုတာကို ကျမတို့မီးဖိုချောင်ကို ကြည့်ရင်သိပါတယ်၊ စခန်းထဲကလူတွေ ခူးတာများလို့ တစ်ပင်တည်းရှိတဲ့ ဒန့်သလွန်ပင်တောင် အရွက်မထွက်တော့ဘူး”

  • အကယ်၍များ အာဏာမသိမ်းခဲ့ပါက လွှတ်တော်ထဲတွင်ဆွေးနွေးနေမည့် အကြောင်းအရာများထဲတွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှ အကာအကွယ်ပေးမည့် PoVAW ဥပဒေမူကြမ်းလည်းပါဝင်မည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် အာဏာသိမ်းမှုက အမျိုးသမီးအဖွဲ့များ ၂၀၁၃ ကစပြီး ရှစ်နှစ်ကြာကြိုးစားခဲ့သည့် အဆိုပါဥပဒေမူကြမ်း ပြဌာန်းရေးအတွက် မရေမရာဖြစ်စေခဲ့သည်။ တခြားတစ်ဖက်တွင်လည်း ကိုဗစ်ကြောင့် မြင့်တက်လာသည့် အိမ်တွင်းအကြမ်းဖက်မှု၊ ကိုဗစ်ကြောင့် ကြန့်ကြာနေသည့် တရားစီရင်ရေးများအကြား အမျိုးသမီးများ၏အခွင့်အရေးဆုံးရှုံးမှုများလည်းကြုံနေကြရသည်။ ကံဆိုးသည်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများသည်လည်း အဖမ်းအဆီးများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသဖြင့် အမျိုးသမီးအခွင့်အရေးနစ်နာမှုများကို တရားမျှတမှုရှာဖွေရန် ခက်ခဲသည်ထက်ခက်ခဲလာပြန်သည်။

  • “ကျွန်မက ဒီတိုက်ပွဲရှောင်စခန်းကိုရောက်နေတာ နှစ်နှစ် ကျော်ပါပြီ။ တိုက်ပွဲရှောင်စခန်းထဲကို ရောက် ကတည်းက အခက်အခဲတွေအမျိုးမျိုးနဲ့ ကြုံတွေ့လာခဲ့ရပါတယ်။ အခု ကိုဗစ်ရောဂါကပ်ဘေးကြောင့် စခန်း တစ်ခုလုံးကို Lock down ချခံထားရလို့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးတော့ အခု လို မိုးရာသီမှာ တိုက်ပွဲရှောင်စခန်းထဲကို ရေကြီးရေလျှံတာတွေ၊ လေပြင်းမုန်တိုင်း တိုက်တာတွေ ကြုံနေကျပါ။ ကျွန်မတို့ရဲ့ အခက်အခဲက တကယ့်ကိုပဲ ဆိုးဝါးလွန်းလှပါတယ်”

  • “ဆေးရုံတက်ပြီး ငါးရက်နေ့မြောက်မှာ ဆရာမတစ်ဦးက နန်းအိတို့ကို ဆေးရုံစရိတ် နှစ်သိန်းခွဲ ကုန်ကျကာ ငွေရှင်းပြီး ဆေးရုံဆင်းလို့ ရကြောင်း လာပြောခဲ့တဲ့အချိန်က နန်းအိတို့ လက်ထဲမှာ ပိုက်ဆံ ၁၅,၀၀၀ ပဲ ကျန်တော့တာပါ။ ဆေးရုံ စရိတ်ကုန်ကျငွေကို ရှင်းဖို့ ဘယ်နားမှာ ပိုက်ဆံသွားယူရမှာလဲဆိုတာ စဉ်းစားလို့မရခဲ့ပါဘူး…”

  • “အခုကာလမှာ ပြည်သူတွေက ငွေရေးကြေးရော အခြားအကြောင်းရင်းတွေကြောင့်ရော ဒုက္ခရောက်နေရတာ၊ ကိုဗစ်လူနာတွေကို ဒီချိန်မှာအခြားဘယ်ဆေးရုံကမှ လက်မခံဘူးဆိုတော့ တတ်နိုင်တဲ့ဘက်ကနေ အခမဲ့ကူညီဖြစ်တာ။ ကိုဗစ်ကူးမှာတော့ နည်းနည်းစိုးရိမ်တာတော့ရှိပေမယ့် အဲ့ဒါကို စိတ်ထဲမထားတော့ဘူး။ ဒီနေ့၊မနက်ဖြန် ဘယ်သူ့ကို သွားကူညီရမလဲပဲတွေးတော့တယ် “

  • “ ပြန်ရင်လည်း အရင်ကဆို စပါးစိုက်၊ ပြောင်းစိုက်၊ တောင်ယာလုပ်၊ အထည်လေးဘာလေး လက်လီလက်ကားယူပြီး ပြန် ရောင်း စတာတွေ လုပ်လို့ရပေမယ့် အခုချိန်ကတော့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ ပြန်ရောက်တာနဲ့ ကိုယ့်မှာရှိတာ ချွေတာစားရုံပဲဆိုတော့ ရေရှည်ဆို ငတ်သေဖို့ပဲရှိတယ်”

  • “ အခုလိုခက်ခဲနေတဲ့ကာလမှာ မရှိတဲ့သူတွေကို တတ်နိုင်သလောက်ကူညီတဲ့အနေနဲ့ ဈေးတင်ရောင်းတာ၊ ကုန်ဈေးနှုန်း ထိန်းချုပ်တာတွေက မလုပ်သင့်ပါဘူး။ ဘာလို့ဆို အားလုံးခက်ခဲနေတဲ့အချိန်မှာ အမြတ်မယူဘဲရောင်းပေးတာကိုက ကုသိုလ်လည်းရ ဝမ်းလည်းဝပါတယ်”

  • ဖက်စ်လေဒီ

    by Administrator
    866 views

    “သားလေးသည် အရွယ်ရောက်လာသည့်အတွက်ရော အတူနေကလေးများက “အဖေ”ဟူ၍ပြောနေသည့် အတွက် သူကလည်း အဖေကိုမေးတတ်လာပါသည်။ သားလေးကအဖေကို မေးမေးနေသည့်အတွက် ထောင်ဝင်စာသွားတွေ့သည့်အခါခေါ်သွားမိပြန်သဖြင့်လည်း “ အလုပ်မဟုတ်တာတွေ မင်းလုပ်လုပ်မလာနဲ့” ဟုငေါက်သောကြောင့် နောင်အခါများတွင် သားကို ခေါ်မသွားဘဲ နေခဲ့ရပါသည်”