စစ်သားတွေကို မြင်ရင် ကြောက်တယ်
“ သမီးလေးကို လက်နက်ကြီးကျပြီး ဒဏ်ရာရသွားတဲ့နေ့ဟာ ဖေဖော်ဝါရီ-၁၃ ရက်နေ့၊ အဲဒီနေ့ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၅) နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံရဲ့ကလေးများနေ့လို့ လူတွေက ပြောကြပါတယ်။ ကျွန်မတို့သမီးကလေးက ကျောင်းတက်နေရင်း လက်နက်ကြီးဒဏ်ရာရပြီး သေလုမျောပါးဖြစ်သွားခဲ့ရတယ်။ သမိုင်းဝင် သွေးစွန်းသွားခဲ့ရတဲ့ ကလေးများနေ့တစ်နေ့ပါပဲ”


