တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရား ဘယ်လောက်စွမ်းမလဲ
မယ်လွန်း။ ။ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ဟိုးလေးတကြော်ဖြစ်ခဲ့တဲ့ ဗေဒင်ဆရာ အောင်ချစ်ပိုအမှုကို လူတွေအမှတ်ရချင် မှ ရပါမယ်။ ဒါပေမဲ့ တရားစွဲထားတဲ့ ဗေဒင်ဆရာအမှု ဘယ်တော့ရုံးတင်မလဲဆိုတာ စောင့်မျှော်နားစွင့်နေသူတွေ ရှိပါတယ်။ အဲဒီလူတွေကတော့ တခြားသူတွေမဟုတ်ပါဘူး။ ဗေဒင်ဆရာကို ကာယိန္ဒြေပျက်စီးစေမှုနဲ့ တရားစွဲခဲ့တဲ့ ကာယ ကံရှင် အမျိုးသမီးငယ်တွေပါပဲ။ “ရဲစခန်းကတော့ အမှုမှာ ဆိုင်တဲ့အမျိုးသမီးတွေ၊ ပါမယ့်သူတွေကိုလည်း အကုန်လုံးစစ်ဆေးပြီးသွားပြီ။ စစ်ပြီး တာတောင် ရဲစခန်းက အမှုသွားမတင်သေးဘူးဆိုတော့ ရဲစခန်းမှာ ဘာတွေရှုပ်နေသလဲ၊ ဘာတွေလုပ်နေသလဲ မသိဘူး။ ညီမလည်း မပြောတတ်ဘူး” လို့ အမှုတိုင်ကြားသူတွေထဲက ကာယကံရှင်အမျိုးသမီးငယ်တဦးက ပြောပါတယ်။ ဒီအမျိုးသမီးငယ်ဟာ အရင်က သူ့နာမည်ကို သတင်းမီဒီယာတွေမှာ အသုံးပြုခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့နာမည်ကို မသုံးစေချင်တော့ဘူးလို့ […]


