ဘုန်းကံကြောင့် ကျားဖြစ်နေတာလား
နန်းဆိုင်နွမ်။ ။ “ အဖေအဝတ်တွေကို သီးသန့်လျှော်နော်။ မိန်းကလေးအဝတ်တွေနဲ့ ရောမလျှော်နဲ့။ ဒီမီးပူက ယောကျ်ားလေး အဝတ်အတွက် .. ဒါကမိန်းကလေးအဝတ်အတွက်၊ မှားမတိုက်နဲ့ဦး” ဒါတွေက နန်းမွှေရဲ့အမေဆီက ငယ်စဉ်ကတည်းက ကြားနေကျစကားတွေပါ။ ဒီလို ကျား-မ ခွဲခြားပြောဆိုမှုတွေကို မြန်မာပြည်လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ ကြားနေရတာဖြစ်ပြီး ဒါဟာ နန်းမွှေရဲ့အမေတယောက်တည်းက ပြောဆိုနေတာတော့ မဟုတ်ပါဘူး။ “ ကျမငယ်စဉ်ကတည်းက ဒီလိုခွဲခြားပြောနေတာ ကျမတို့အိမ်မှာပဲ မဟုတ်ဘူး။ ကျမတို့ ပတ်ဝန်းကျင်မှာလည်း အမြဲတမ်းကြားနေရတာပါ” လို့ နန်းမွှေက ဆိုပါတယ်။ ဒီလိုခွဲခြားမှုကို နေ့စဉ်ကြုံတွေ့နေရတဲ့အတွက် သာမန်ကိစ္စရပ်တခုလိုပဲ မြင်တဲ့အကြောင်းလည်း ရှမ်းပြည်နယ်မှာ မွေးပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့ရတဲ့ နန်းမွှေက ပြောပါတယ်။ မြန်မာ့လူ့အသိုင်းအဝန်းမှာ အမျိုးသမီးတွေကို မသိမသာ ခွဲခြားတာတွေနဲ့ သိသိသာသာခွဲခြားတာတွေကို နေ့ […]


