လူလိမ်တွေလွတ်မြောက်နေတဲ့ကာမလိမ်လည်မှု
နန်းဆိုင်နွမ်။ ။ “ စားပြီး နားမလည်တဲ့သဘောမျိုး ဖြစ်တယ်။ အခုတော့ ကျနော်လည်း မြေးတယောက်ရနေပြီ” ဦးဇေယျာအောင်က စိတ်အလိုမကျစွာနဲ့ ပြောပြတာပါ။ ၂၀၁၆ ခုနှစ်တုန်းက ဦးဇေယျာအောင်ရဲ့သမီး မြသီတာ(အမည်လွှဲ) ဟာ ဆယ်တန်းကျောင်းသူတဦးဖြစ်ပြီး မုံရွာ မြို့၊ ပုဂ္ဂလိကအဆောင်တခုမှာ ကျောင်းတက်ခဲ့ကာ မောင်ထက်ဝေယံလင်းဆိုသူနဲ့ ချစ်သူရည်းစားဖြစ်ခဲ့ပါတယ်။ “ ကျနော်လည်း အလုပ်တခုနဲ့ ခရီးသွားပြီး ပြန်လာတဲ့အချိန်မှာ သမီးကိုယ်ဝန်ရနေတာ သိလိုက်တော့ ဒေါသ ဖြစ် တာပေါ့။ ကိုယ်က အဖေပဲလေ” လို့ ဦးဇေယျာအောင်က အဖြစ်အပျက်တွေကို ပြန်လည် ပြောပြပါတယ်။ နောက်တော့ ဒေါသကို ရှေ့တန်းမတင်တော့ဘဲ သမီးကို ဖြစ်ပျက်ခဲ့တာတွေ သေချာမေးမြန်းပြီး သူ့ကောင်လေး ( မောင်ထက်ဝေယံလင်း) နေထိုင်တဲ့ ကျေးရွာကို မေးပြီး လိုက်သွားကြပါတယ်။ မောင်ထက်ဝေယံလင်းရဲ့ […]


