အခုချိန်မှာ လူထုရဲ့ဦးဆောင်မှုဟာ အရေးကြီးတယ်ဆိုတဲ့ ကရင်နီတော်လှန်ရေးခေါင်းဆောင်နော်ဒေးဒေးဖော
ခင်စုကြည်။ ။ “တော်လှန်ရေးဆိုတာ ဆင်းရဲတယ်။ ကြမ်းတမ်းတယ်။ ဒါပေမယ့် နိုင်ငံရေးလုပ်ချင်တဲ့ စိတ်တခုတည်း နဲ့ တောခိုခဲ့တာပါ” ဒီလိုတဖွဖွပြောလေ့ရှိတဲ့ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှားရှားပါးပါး တော်လှန်ရေး ရဲဘော် အမျိုးသမီး တဦးရှိပါတယ်။ သူမကတော့ နှစ်ပေါင်း(၄၀)ကျော် တော်လှန်ရေးခရီးကို ဖြတ်သန်းခဲ့ပြီး အခုချိန်မှာ အသက်(၆၄)နှစ်ရှိ ပြီဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အမြဲတမ်းဗဟိုကော်မတီဝင် နော်ဒေးဒေးဖောပါ။ ဆံပင်တွေဖြူဖွေးနေပြီး ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ အခုအရွယ်အထိ သွက်သွက်လက်လက်လှုပ်ရှားသွား လာတတ်သူ၊ ပွင့်ပွင့်လင်းလင်းစကားပြောဆိုတတ်သူ၊ သူမဟာ အသက်(၂၀)ကျော်အရွယ်ကတည်းက လက် နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောခိုသွားခဲ့သူဖြစ်ပါတယ်။ အစိုးရအလုပ်၊ ဝန်ထမ်းအလုပ်တွေကို စိတ်မဝင်စား ခဲ့တဲ့သူမဟာ အမျိုးသမီးငယ်တဦးအဖြစ်နဲ့ အစဉ်အလာတွေကို ဆန့်ကျင်ပြီး ခက်ခဲပင်ပန်းတဲ့ တော်လှန်ရေး ခရီးကြမ်းထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ မွေးရပ်ဇာတိဖြစ်တဲ့ ကယားပြည်နယ်၊ ဒီမောဆိုးမြို့ကို စွန့်ခွာကာ […]


