ဗိုလ်တထောင်က စနေမ
ခင်စုကြည်။ ။ နေဒါဏ်မိုးဒါဏ်ကြောင့် ပင်ကိုယ်ထက်ပိုပြီး မဲပြာနေတဲ့အသားအရေ၊ ပိန်ကပ်ကပ် ခန္ဓာကိုယ်နဲ့ အ သက် (၁၃)နှစ်အရွယ်ခန့်ရှိတဲ့ မိန်းကလေးငယ်တဦး…။ ပြီးတော့ သူမဟာ စနေနေ့မှာ မွေးဖွားခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်တခုနဲ့ မိဘတွေရဲ့စွန့်ပစ်မှုကို ခံခဲ့ရပြီး လမ်းပေါ်ရောက်မှန်းမသိ ရောက်လာရသူတဦးလည်း ဖြစ်တယ်။ “စနေမ”ဆိုတာကလည်း သူမနာမည်ရင်းမဟုတ်ပေမယ့် စနေနေ့မှာမွေးခဲ့လို့ ဆွေမျိုးတွေက ခေါ် ဝေါ်ကြတဲ့ နာမည်တခု….။ “မိုးတွင်းဆို သိပ်စိတ်ညစ်ဖို့ကောင်းတာ။ စင်ရော်တွေက မိုးတွင်းဆိုမလာဘူးလေ။ အဲဒီတော့ ပလုံပဲ ကောက်နေရတယ်။ ပလုံကောက်တာလဲ သိပ်မရပါဘူး။ (၄)ရက် (၅)ရက်တခါလောက်မှ ကောက်ထားတဲ့ဘူးခွံ တွေကို သွားရောင်းရတာ၊ အဲဒါတောင် (၁၅၀၀)၊ (၂၀၀၀) ကျပ်လောက်ပဲရတော့တာ” လို့ အဘွားဖြစ်သူက ခေါ်ယူစောင့်ရှောက်ထားလို့ ဗိုလ်တထောင်ကမ်းနားမှာ စင်ရော်စာရောင်းရင်း တနေ့စာဝမ်းရေးအတွက် ရုန်း ကန်နေရသူ “စနေမ”က […]


