အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် ငွေတောင်ပြည်မှ Helpline (၂၄)နာရီဝန်ဆောင်မှုစတင်ပြီ
ကောကော်။ ။ ̏ ခါတိုင်းဆိုရင် ကျမတို့လက်ကိုင်ဖုန်းကို ညသန်းခေါင်အချိန်ခေါ်လာရင် ကိုင်ချင်မှကိုင်မယ်၊ အခု Helpline ထားရှိလိုက်တာမို့ ဘယ်အချိန်ဖြစ်ဖြစ် ကိုင်ရတော့မယ်။ ဆိုတော့အမျိုးသမီးတွေအတွက် ဝန်ဆောင်မှု ကောင်းကောင်းရှိဖို့လည်း အစီအစဉ်တွေ လိုလာပါမယ် ̋ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများအတွက် Helpline တခုဖွင့်လိုက်ခြင်းဖြင့် ပိုပြီးထိရောက်မြန်ဆန် တဲ့ဆက်သွယ်မှုတခု ရရှိလာမယ်လို့ မျှော်လင့်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)မှ တာ ဝန်ရှိသူ မော်သဲမာက ပြောပါတယ်။ လိင်ကွဲပြားမှုအပေါ် ခွဲခြားတဲ့အမြင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ခံရသူများကို အချိန်မ ရွေး အမြန်ဆုံးကူညီနိုင်ဖို့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)က ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ Helpline (၂၄)နာရီဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း စတင်ဖွင့်လှစ်ထားပြီလို့ ကရင်နီ အမျိုး သမီးအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဒေါ်မီးမီးက ပြောပါတယ်။ အခုလို လွိုင်ကော်မြို့မှာ […]


