Home သတင်း ချိုးလင်းပြာအမျိုးသမီးစာစောင်ရဲ့ ရင်တွင်းမှတ်ကျောက်

ချိုးလင်းပြာအမျိုးသမီးစာစောင်ရဲ့ ရင်တွင်းမှတ်ကျောက်

Photo – BWU 

“ကျမတို့ဘဝတွေဟာ အာဏာရှင်တွေရဲ့ မတရားလိုက်လံဖမ်းဆီးမှုအောက်မှာ ခုလိုမျိုး ပုန်းလျှိုးကွယ်လျှိုးနေရင်းနဲ့ မိသားစုနဲ့ ဝေးကွာနေရတဲ့အပေါ်မှာ ခံစားချက်တွေရှိကြပါတယ်။

ဒါပေမယ့် ကျမတို့က တဦးတည်းပုဂ္ဂလိက ခံစားချက်ကို ရှေ့တန်းမတင်ပါဘူး။ ကျမတို့ပြည်သူတရပ်လုံးကောင်းစားဖို့နဲ့ ကျမတို့နိုင်ငံကြီး အလင်းရောင်ရရှိဖို့အတွက် ကျမတို့ ကိုယ်ပိုင်ခံစားချက်တွေကို ချိုးနှိမ်ပြီးတော့ လုပ်ဆောင်နေတာဖြစ်ပါတယ်”

(မမီးမီး၊ ၈၈ မျိုးဆက်ကျောင်းသူ)

၂၀၀၇ ခုနှစ်၊ သြဂုတ်လမှာ လောင်စာဆီဈေးကြီးမြှင့်မှု ဆန့်ကျင်ဆန္ဒပြပွဲမှာ မမီးမီးရဲ့ အခုလို ဟောပြော ချက်တွေ၊ စည်းရုံးမှုတွေက အမျိုးသမီးထုကြီးကို လှုပ်ခတ်လွှမ်းမိုးနိုင်ခဲ့တယ်။

ကလေးတွေရဲ့ မိခင်ဘဝနဲ့ မိသားစုကို အဓိကမထားပဲ စစ်အာဏာရှင်လက်အောက်ကနေ တိုင်းပြည်လွတ် မြောက်ရေးအတွက် သူ့လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံက ကိုယ်ကျိုးမငဲ့တဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေး ကြိုးပမ်းမှုတွေအတွက် အကောင်းဆုံးသက်သေလည်း ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးဦးဆောင်မှုထဲမှာ အမျိုးသမီးတွေ ပါဝင်ဖို့လိုတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အမျိုးသမီးတွေရဲ့ အသံ တွေ၊ အမျိုးသမီးတွေရဲ့ဒုက္ခတွေ၊ အမျိုးသမီးတွေရဲ့သတ္တိတွေ၊ အမျိုးသမီးတွေရဲ့စွမ်းအားတွေကို ဖော်ထုတ် တင်ပြဖို့ တချိန်က ထိုင်းနယ်စပ်တနေရာမှာ လျှို့ဝှက်ထုတ်ဝေခဲ့ရတဲ့  ချိုးလင်းပြာအမျိုးသမီးစာစောင် အတွက်တော့ သူ့ရဲ့ နိုင်ငံရေးစိတ်ဓာတ်တွေ၊ သတ္တိတွေ၊ စွန့်စားမှုတွေဟာ အကောင်းဆုံး စံနမူနာဖြစ်ခဲ့ပါ တယ်။

သူ့ရဲ့စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကို လွတ်မြောက်နယ်မြေတနေရာကနေ ကျမ တို့ ချိုးလင်းပြာအမျိုးသမီးစာစောင်က လေးစားဂုဏ်ယူစွာ  မှတ်တမ်းတင်နိုင်ခဲ့တယ်။ သူ့ရဲ့ စွမ်းအားတွေ ကျမတို့တွေဆီကို ကူးစက်ရာကနေတဆင့် စာဖတ်သူတွေဆီကို ပြန်ဖြန့်ဝေခွင့်ရခဲ့တယ်။ “ဒီခေတ် ဒီအချိန် မှာ ဒီအမျိုးသမီးတွေ ဒီလိုလုပ်နိုင်ခဲ့တယ်” ဆိုတဲ့ သမိုင်းတခုကို ရေးပြနိုင်ခဲ့တဲ့သူ ..မမီးမီး……။

Photo – BWU

နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အကြိမ်ကြိမ်ထောင်သွင်းအကျဉ်းချခံခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ ပြန်လွတ်မြောက် လာပြီးနောက်ပိုင်းမှာတော့ မမီးမီးနဲ့ ကျမတို့ အမျိုးသမီးအဖွဲ့တွေ ပိုပြီးနီးနီးကပ်ကပ် လက်တွဲလုပ်ဆောင် ခွင့်တွေရခဲ့တယ်။ မမီးမီးဟာ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးတက်ကြွသူဖြစ်တဲ့အပြင် အမျိုးသမီးရေး၊ တိုင်း ရင်းသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေမှာပါ ယုံကြည်ချက်မြင့်မားသူတဦးဖြစ်တာ သိမြင် နားလည်ခဲ့ကြတယ်။

၁၉၈၈ ခုနှစ်၊ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးကနေစပြီး သူရေးခဲ့တဲ့သမိုင်းတွေ၊ အနှစ်(၃၀)ခရီးကို ကျော်ဖြတ်အပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့မှာတော့ မမီးမီးရဲ့သမိုင်းဟာ အစွန်းအထင်းမရှိ ရာဇဝင်တွင်ရစ်ခဲ့ပြီ။

တိုင်းပြည်ကို အရိုးသားဆုံး အကျိုးပြုခဲ့သူ မမီးမီး၊ ရုတ်တရက် အားလုံးကို နှုတ်ဆက်ထွက်ခွာသွားခဲ့တာ ဟာ တိုင်းပြည်အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတခုပါ။

ဒါပေမယ့် မမီးမီးရဲ့ ကြီးမြတ်သောသမိုင်း (Herstory) ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်း၊ အမျိုးသမီး တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကြောင်းမှာ ဘယ်တော့မှ ဖျောက်ဖျက်လို့မရနိုင်အောင် မှတ်ကျောက် ကဗ္ဗည်းတင်ခဲ့ပြီလေ။

ကျမတို့ မမီးမီးကို ဦးညွှတ်ဂုဏ်ပြုပါရစေ။

မမီးမီး ထာဝရ ငြိမ်းချမ်းမှုနဲ့ အနားယူပါတော့။

ချိုးလင်းပြာစာစောင်အဖွဲ့သူများ

မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)

ရက်စွဲ – ၁၇ ရက်၊ သြဂုတ်လ၊ ၂၀၁၈

Related Articles