အဝေးပြေးကားပေါ်က စွန့်စားခန်းများ အောင်မြင်ပါစေ
နန်းဆိုင်နွမ်။ ။ အချိန်ညနေ(၆)နာရီ၊ မန္တလေးမှ မူဆယ်သို့သွားမည့် လိုင်းကားတစီးပေါ်တွင် အသက်(၂၅)နှစ်အရွယ် နန်းမွေခမ်း တယောက်လိုက်ပါခဲ့သည်။ ညအချိန်တွင် နန်းမွေခမ်းထိုင်ခုံ၏ အနောက်တွင်ထိုင်သည့် အမျိုးသားတဦးက ခြေထောက်ဖြင့် သူမအား ထိတို့သ ကဲ့သို့ လက်ဖြင့်လည်း ပခုံးကိုလာရောက် ထိတို့ မှုများ စတင်ပြုလုပ်လာသည်။ သို့သော် နန်းမွေးခမ်းကတော့ ရှက်စိတ်ဖြင့် မည်သူကိုမှ မပြောပြရဲဘဲ သည်းခံပြီး လိုက်ပါခဲ့ရသည်။ “ ကျမက ကားပြတင်းပေါက် နားမှာထိုင်တာ။ ကျမနောက်တည့်တည့်မှာတော့ အမျိုးသားတယောက်ထိုင်တယ်။ သူက ကျမခုံကြားထဲ ခြေထောက်နဲ့ထိုးပြီး ကျမတင်ပါးကို လာလာထိတယ်။ အစက မတော်တဆလို့ထင်ခဲ့တယ်“ ဟု နန်းမွေခမ်းတယောက် ကြုံခဲ့ဖူးသည့် အဖြစ်အပျက်ကို ပြန်လည် ပြောပြနေခြင်းဖြစ်သည်။ ဆက်လက်ပြီး နန်းမွေခမ်းက “ နောက်ဘယ်လောက် အတင့်ရဲလာလဲဆိုရင် လက်နဲ့ပခုံးကို လာပုတ်တာ၊ […]


