Home သတင်း အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် ငွေတောင်ပြည်မှ Helpline (၂၄)နာရီဝန်ဆောင်မှုစတင်ပြီ

အကြမ်းဖက်ခံရသူအမျိုးသမီးများအတွက် ငွေတောင်ပြည်မှ Helpline (၂၄)နာရီဝန်ဆောင်မှုစတင်ပြီ


ကောကော်။              ။

̏ ခါတိုင်းဆိုရင် ကျမတို့လက်ကိုင်ဖုန်းကို ညသန်းခေါင်အချိန်ခေါ်လာရင် ကိုင်ချင်မှကိုင်မယ်၊ အခု Helpline ထားရှိလိုက်တာမို့ ဘယ်အချိန်ဖြစ်ဖြစ် ကိုင်ရတော့မယ်။ ဆိုတော့အမျိုးသမီးတွေအတွက် ဝန်ဆောင်မှု ကောင်းကောင်းရှိဖို့လည်း အစီအစဉ်တွေ လိုလာပါမယ် ̋

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများအတွက် Helpline တခုဖွင့်လိုက်ခြင်းဖြင့် ပိုပြီးထိရောက်မြန်ဆန် တဲ့ဆက်သွယ်မှုတခု ရရှိလာမယ်လို့ မျှော်လင့်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)မှ တာ ဝန်ရှိသူ မော်သဲမာက ပြောပါတယ်။

လိင်ကွဲပြားမှုအပေါ် ခွဲခြားတဲ့အမြင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်ခံရသူများကို အချိန်မ ရွေး အမြန်ဆုံးကူညီနိုင်ဖို့ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)က ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ Helpline (၂၄)နာရီဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း စတင်ဖွင့်လှစ်ထားပြီလို့ ကရင်နီ အမျိုး သမီးအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ဒေါ်မီးမီးက ပြောပါတယ်။

အခုလို လွိုင်ကော်မြို့မှာ Helpline ဝန်ဆောင်မှုအစီအစဉ်စ တင်လိုက်ခြင်းအားဖြင့် ကရင်နီအမျိုးအစည်း အရုံးရဲ့ လိင်ကွဲပြားမှုအပေါ် ခွဲခြားတဲ့အမြင်တွေကြောင့် ဖြစ်ပေါ်လာတဲ့အကြမ်းဖက်မှု (GBV -Gender Base Violence) ဆိုင်ရာဝန်ဆောင်မှုများကို သိရှိလာပြီး မိမိတို့ပတ်ဝန်းကျင်မှာ အကြမ်းဖက်မှုများ တွေ့ကြုံလာရင် Helpline ကို လျှို့ဝှက်သတင်းပေးပို့နိုင်မယ်၊ အကူအညီများရယူနိုင်မယ်လို့ သူမက ပြောပါ တယ်။

̏ အရင်က အကြမ်းဖက်ခံရပေမဲ့ အိမ်တွင်းပြဿနာကို အပြင်ကို မသိစေချင်သူများရှိတယ်။ သို့သော် အကူ အညီရယူလိုတာမျိုး၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုမျိုး လိုအပ်တာတွေ၊ ဥပဒေဆိုင်ရာ သတင်းအချက် အလက်လိုချင်သူတွေလည်း Helpline ကိုခေါ်ဆိုပြီးမေးမြန်းလာနိုင်မယ် ̋

ဆက်လက်ပြီး “လိင်ကွဲပြားမှုအပေါ်အခြေခံပြီး အကြမ်းဖက်ခံရမှုများဖြစ်လာရင် ကျမတို့ကို အားကိုးနိုင်ပါ တယ်။ အဲဒီအကြမ်းဖက်မှုများအတွက် ကာယကံရှင်သဘောထားအတိုင်း လျို့ဝှက်ထိန်းသိမ်းပေးဖို့ လိုအပ် ရင်လည်း ပြင်ပကို မပေါက်ကြားစေဖို့၊ အကြမ်းဖက်ခံရသူများကို ခွဲခြားဆက်ဆံမှု မရှိစေဖို့၊ လေးစားမှုနဲ့ လုံခြုံမှုပေးခြင်းတွေဟာ ဝန်ထမ်းတွေရဲ့အဓိက စောင့်ထိန်းရမဲ့စည်းမျည်းစည်းကမ်းတွေဖြစ်လို့  ယုံကြည် စိတ်ချစွာ အားကိုးနိုင်ပါတယ် ̋  လို့ Helpline ရဲ့စည်းမျည်းစည်းကမ်းများကို ပြောပြခဲ့သလို Helpline ဖွင့် ရခြင်းရဲ့ရည်ရွယ်ချက်ကိုလည်း သူမက အခုလိုပြောပြပါတယ်။

̏ GBV ဆိုင်ရာ အရေးပေါ်မေးမြန်းတိုင်ပင်အကူအညီတောင်းခံမှုများကို  အမြန်ဆုံးတုန့်ပြန်ကူညီပေးဖို့၊ လူ ကိုယ်တိုင်မေးမြန်းတိုင်ပင်ချင်တဲ့ဆန္ဒမရှိသူများနဲ့  အမည်မဖော်လိုသူများအတွက် တရားမျှတမှု  ရရှိစေဖို့ ကူ ညီပေးနိုင်အောင် ဖွင့်လှစ်ခြင်းဖြစ်တယ် ̋

ကယားပြည်နယ်မှာ အဓမ္မပြုကျင့်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ မြောက်များစွာရှိနေပြီး အမျိုး သမီးအများစုမှာ ကျေးရွာအဆင့်မှာသာ ဖြေရှင်းနေကြပါတယ်။ ကရင်နီအမျိုးသမီးအစည်းအရုံးမှ ဖွင့်လှစ် ထားတဲ့ Safe House (ကယ်ဆယ်ရေးစင်တာ) ကို ရောက်ရှိလာကြတဲ့အမှုများကိုတော့ ကျေးရွာအဆင့် မဟုတ်ဘဲ တရားမျှတရေးအဆင့်အထိရောက်အောင် လုပ်ဆောင်ဖြေရှင်းပေးနိုင်ပြီး တရားမျှတမှုကို ရလိုက် တဲ့ အောင်မြင်မှုတွေလည်းရှိပါတယ်လို့ မော်သဲမာက ပြောပြပါတယ်။

̏ Safe House ထားရှိပေးခြင်းကြောင့် အကြမ်းဖက်ခံရသူကိုယ်တိုင် မိသားစုဘ၀ သာယာသွား တယ်၊ အဓမ္မပြုကျင့်ခံရသူနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရသူတွေ တရားရေးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ လည်း တရားမျှတမှု ပိုရှိလာတာကို တွေ့ရပါတယ် ̋

Helpline မရှိခင်က Safe House မှ အကြမ်းဖက်ခံရတဲ့အမျိုးသမီးများအတွက် အချိန်နဲ့ တပြေးညီ ဝန်ဆောင်မှုများ ပြုလုပ်ပေးခဲ့ပြီး ကယားပြည်နယ်က နာမည်ကျော်အမှုတခုဖြစ်တဲ့ ကန္တဝတီတိုင်း(စ်)မှ သတင်းထောက်အမျိုးသမီးတဦးကို အမျိုးသား(၂)ယောက်မှ ကားပေါ်အတင်းအဓမ္မခေါ်ဆောင်သွားခဲ့တဲ့ အမှုကိုလည်း KNWO မှ ကူညီပံ့ပိုးခဲ့ပါတယ်လို့ ဒေါ်မီးမီးက ပြောပါတယ်။

̏ အဲဒီတုန်းက အခင်းစဖြစ်တဲ့နေရာကို  KNWO Safe House မှ အမှုအတွက်အကူအညီပေးသူက ချက်ချင်းရောက် သွားပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ ပါဝင်နေတဲ့သူတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ဒီအမှု မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးကို KNWO ရဲ့ ဝန်ဆောင်မှုများနဲ့ ပံ့ပိုးကူညီပေးခဲ့တယ်။ သူမရဲ့ စိတ်ပိုင်းဆိုင်ရာကို  အားပေးနှစ်သိမ့်မှုများ လုပ်ပေးတယ်၊ Retreat (စိတ်ပြေလက်ပျောက်ခရီးထွက်ခြင်း) လုပ်တဲ့အခါမှာ လုံခြုံမှုနဲ့စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုအတွက် တာဝန်ရှိသူ case worker မှ အဖော် လိုက်ပေးတာတွေ လုပ်ပေးခဲ့တယ်။ ဆေးရုံတက်နေစဉ် အတောအတွင်းမှာလည်း သွားရောက်တွေ့ဆုံပြီး နှစ်သိမ့်အားပေးမှုတွေ ပုံမှန်လုပ်ပေးခဲ့တယ် ̋

ကန္တဝတီတိုင်း(စ်) မှ သတင်းထောက်အမျိုးသမီးဟာ လမ်းပေါ်မှာ သတိမေ့နေချိန်ကတည်းက စတင်ပြီး ကရင်နီအမျိုးသမီးအစည်းအရုံးက သွားရောက်ကူညီပေးခဲ့တယ်လို့ပြောပါတယ်။

̏ ဆေးရုံကိုခေါ်သွားပေးတယ်၊ ဆေးရုံတက်ပြီးတော့ တောင်ကြီးကို ဆေးခန်းသွားပြတဲ့အချိန်နဲ့  တရားရုံးချိန်း သွားတဲ့အချိန်မှာ သူတို့အချိန်ပေးရင်ပေးနိုင်သလို  လိုက်ပါကူညီပေးခဲ့တယ်။

ကယားပြည်နယ်မှာ HelpLine (၂၄)နာရီဝန်ဆောင်မှု ပြုလုပ်တဲ့အဖွဲ့မရှိသေးတဲ့အတွက် အမျိုးသမီး များအတွက် အခုဝန်ဆောင်မှုက အားကိုးစရာဖြစ်လာမယ်လို့ သူမက ဆက်ပြောပါတယ်။

̏ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အမျိုးသမီးတွေ အပျိုဖြစ်ဖြစ်၊ အိမ်ထောင်သည်တွေဖြစ်ဖြစ် အိမ်တွင်းအကြမ်း ဖက်မှုတွေ၊ အစော်ကားခံရတာတွေ ရှိကြတယ်လေ၊ သူတို့ကို အချိန်မရွေး ခေါ်ဆိုနိုင်တယ်၊ တိုင်ကြားနိုင် တယ်ဆိုတော့ အများကြီး အကျိုးရှိတယ်။ သူတို့ကို ကျမတို့က ကူညီနိုင်တာကြောင့် အများကြီး စိတ်ခွန် အားတွေ ပြန်ရလာမယ် ̋

ဆက်လက်ပြီး  ̏ အရင်က အကြမ်းဖက်မှုခံနေရတာအများကြီး၊ ကျမတို့ တိုင်းရင်းသားတွေက မတိုင်ရဲ မပြော ရဲကြဘူးလေ၊ အခုလို အချိန်မရွေးခေါ်လို့ရပြီဆိုရင် အများကြီးအဆင်ပြေသွားမယ်၊ ပြီးတော့ အမျိုးသမီး တွေကိုလည်း အများကြီး ကူညီရာရောက်မယ်လို့ထင်တယ် ̋ လို့သူမကဖြည့်စွက်ပြောပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံးဟာ လွိုင်ကော်အပါအဝင် ကယားပြည်နယ်မှာရှိတဲ့ မြို့နယ်(၇)ခုနဲ့  ကရင်နီ ဒုက္ခသည်စခန်းတွေက  လိင်ကွဲပြားမှုအပေါ်ခွဲခြားတဲ့အမြင်ကြောင့် ဖြစ်ပေါ်လာတဲ့အကြမ်းဖက်မှု (GBV) အမှုများဖြစ်တဲ့  စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု၊ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းနဲ့ လူမှုစီးပွားဆိုင်ရာ အကြမ်းဖက်မှုများကို ကူညီပေးတဲ့ ဝန်ဆောင်မှုများကို ပြုလုပ်ပေးနေပါတယ်။

Related Articles