အကြမ်းဖက်ရတာ ပျော်ရဲ့လား
နန်းဆိုင်နွမ်။ ။ နေရာက လူအများသွားလာလှုပ်ရှားမှုများတဲ့ ရန်ကုန်မြို့လည်…။ တိတိကျပြောရရင် ဆူးလေဘုရားနဲ့ ကုန်သည် လမ်းဒေါင့်မှာ….။ အချိန်ကတော့ ညနေလေးနာရီခွဲကျော် အလုပ်ဆင်းချိန်၊ ချစ်သူတွေလို့ ထင်ရသူနှစ်ဦး စကားများ ရန်ဖြစ်နေတဲ့ပုံနဲ့ လမ်းလျှောက်လာကြပါတယ်။ သိပ်မကြာခင်မှာပဲ ယောကျ်ားလေးက “ဖြန်း” အသံမြည်အောင် မိန်းကလေးကို ရိုက်ချလိုက်ပါတယ်။ ဒါကတော့ ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်တဲ့ မအေးအေးအောင်(အမည်လွှဲ)က သူမကြုံခဲ့ရတဲ့ အဖြစ် အပျက်ကို ပြန်လည် ပြောပြတာဖြစ်ပါတယ်။ “ အစကတော့ ကျမတို့အချင်းချင်း စကားများကြတာပါ။ အပြန်အလှန် ပြောကြတယ်။ နောက်ပိုင်း ဘယ်လိုကနေ သူက ကျမကို ရိုက်လိုက်တာလည်း မသိတော့ဘူး။ ရုတ်တရက်ဆိုတော့ ကျမလည်း ရှက်ပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘူး” လို့ လူလည်ခေါင်မှာ အရိုက်ခံရတဲ့ မအေးအေးအောင်က […]


