လိင်စိတ်ကွဲပြားသူတွေရဲ့ ဂုဏ်သိက္ခာအတွက် တရားမျှတမှုကို အားပေးစို့
နန်းဆိုင်နွမ်။ ။ “ တံခါးတွေ အလုံပိတ်ပြီး တခန်းလုံးအမှောင်ချထားတာ တွေးမိရင် ကြောက်နေတုန်းပဲ” လို့ မောင်အာကာ (အမည် လွှဲ)က တုန်ရီစွာ ပြောပါတယ်။ လွန်ခဲ့တဲ့ဖေဖော်ဝါရီလကုန်ပိုင်းက မောင်အာကာတယောက် ဧရာဝတီတိုင်း၊ မြန်အောင်မှ ရန်ကုန်မြို့ရှိ မယ့်လိမ် လုံ (သူဌေးမကြီး) ရိုးရာစားသောက်ဆိုင်မှာ သူငယ်ချင်းတယောက်ရဲ့အကူအညီကြောင့် တလ(၈)သောင်းကျပ်နဲ့ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ နယ်မှာနေထိုင်သူတယောက်အနေနဲ့ စရိတ်ငြိမ်း(၈)သောင်းကျပ်ဟာ အလွန်များနေတဲ့အတွက် ဝမ်းသာအားရနဲ့ အလုပ်ဝင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ သူဟာ မိခင်ဖြစ်သူကို လျှပ်စစ်မီတာတပ်ဆင်ပေးလိုစိတ်၊ ညီမလေးကို ကျောင်းထားပေးလိုစိတ်တွေနဲ့ ရန်ကုန်ကို တက်လာပြီး အလုပ်ဝင်လုပ်ခဲ့တာ ဖြစ်ပါတယ်။ “ အခုလို ဖြစ်သွားမယ်လို့ မထင်ခဲ့ဘူး။ အမေ့ကို လျှပ်စစ်မီး မီတာဆွဲပေးချင်တယ်။ ကျနော့်ညီမလေးကို ပညာ တတ်ဖြစ်စေချင်တယ်။ ကျနော့်အမေကိုလည်း အကောင်းဆုံးထားပေးချင်တယ်” လို့သူက စိတ်မကောင်းစွာ […]


