“မငိုနဲ့… ကုလားအဖိုးကြီးဖမ်းသွားလိမ့်မယ်” (သို့မဟုတ်) အသားအရောင်ခွဲခြားမှုကို ဖြတ်ကျော်နေသူ မသဇင်အေး
မယ်လွန်း။ ။ “မေးခွန်းရှိလား” လို့ စကားဝိုင်း moderator (ပံ့ပိုးသူ) ရဲ့ မေးသံက လူ ၃၀၀ ကျော်လောက် ရှိတဲ့ ခန်းမထဲ ဟိန်းထွက်လာပါတယ်။ စက်တင်ဘာ (၁၉) ရက်နေ့က ပြုလုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ” ဖိုရမ်ရဲ့ ခန်းမရှေ့ စင်မြင့်ထက်မှာတော့ စကားဝိုင်းမှာ ဦးဆောင်ပါဝင်ဆွေးနွေးကြတဲ့ အမျိုးသမီး(၅)ဦး ထိုင်နေပြီး ခန်းမထဲက လူတွေမေးလာမယ့် မေးခွန်းတွေကို စောင့်နေကြပါတယ်။ လူများတဲ့အတွက် မေးခွန်းထမေးတဲ့သူတိုင်းကို ဘယ်သူဘယ်ဝါဆိုတာ သေချာမတွေ့ရပါဘူး။ “ကျမတို့လို ရုပ်မျိုးတွေက ခွဲခြားဆက်ဆံမှုတွေကို အပြင်းအထန်ခံစားရတဲ့ လူမျိုးထဲမှာ ပါပါတယ်” ဆိုတဲ့ စကားသံကြားလိုက်တဲ့အချိန်မှာ ခန်းမထဲက လူအများစုဟာ မေးခွန်းမေးတဲ့ အမျိုးသမီးဆီကို စိတ်ဝင်တစား လှည့်ကြည့်လိုက်ကြပါတယ်။ သူမဟာ ပိန်ပိန်သွယ်သွယ်၊ အရပ်မြင့်မြင့် အမျိုးသမီးတယောက်ပါ။ ဒါပေမဲ့ […]


