အိမ်မပြန်နိုင်သူများ
ကောကော်။ ။ ῝အိမ်ကိုပြန်ချင်တယ်၊ ဒါပေမယ့် နောက်တခေါက် ဒီလိုပြန်ဖြစ်မှာကိုလည်း ကြောက်တယ်။ စစ်ထပ်ဖြစ်မှာ ကို ကျမတို့မလိုလားဘူး῎ အသက်(၂၃)နှစ်အရွယ်ရှိ မခိုင်သဲဖြူသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သဲချောင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရက္ခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့၏ ပြင်းထန်သော စစ်ပွဲများကြောင့် ဝါးတောင်စစ်ရှောင်စခန်းကို ဇန်နဝါရီလ (၃)ရက်နေ့က မိသားစုဝင်(၄)ဦးနှင့် အတူ ရောက်ရှိလာခဲ့သည်။ သဲချောင်းရွာတွင် အိမ်ခြေ(၃၅)လုံးခန့်ရှိပြီး ရွာသားများသည် တိုက်ပွဲကြောင့် အထိတ်တလန့်ဖြစ်ခဲ့ကြသည့် အပြင် လုံခြုံမှုလည်း မရှိတော့သဖြင့် ရွာလုံးကျွတ် စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် တောင်ယာလုပ်ငန်းကို အေးချမ်းစွာ လုပ်ကိုင်စားသောက်နေထိုင်လာခဲ့ကြပြီး ဝါးတောင်စစ် ရှောင်စခန်းကို ရောက်ရှိလာသည့် (၂)လအတွင်း အဆင်မပြေမှုများဖြင့် နေထိုင်ကြရကာ ဆက်တိုက်ဖြစ် နေသော စစ်ပွဲများကြောင့် […]


