ပဒိုနော်စီဖိုးရာစိန်နှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်တွေ့ဆုံမေးမြန်းခြင်း
ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဒုတိယဥက္ကဌ (ယခင်သက်တမ်း)၊ ကရင်အမျိုးသမီး အစည်းအရုံး( KWO) နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB) ၏ အကြံပေးပုဂ္ဂိုလ်၊ ပဒိုနော်စီဖိုးရာစိန်နှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်တွေ့ဆုံမေးမြန်းခြင်း နန်းဆိုင်နွမ်။ ။ မေး။ ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ဘယ်ကိုဦးတည်နေပါသလဲ။ ဖြေ။ ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကတော့ အားလုံးသိတဲ့အတိုင်း သွားနေတဲ့လမ်းက ရပ်တန့်နေတာမျိုး ဖြစ်နေတယ်။ အဲဒီအခြေအနေအပေါ်မှာ ဘယ်ကိုဆက်သွားမယ်ဆိုတာကို လောလောဆယ်ကြည့်ရတာတော့ နည်းလမ်းတွေ ရှာနေတာပေါ့။ သွားတဲ့လမ်းက ဘယ်လိုဖြစ်နေလဲဆိုတော့ ဝေဝါးနေပါတယ်။


