Entries by Administrator

သီလရှင်သာသနာအတွက် မျှော်လင့်ခြင်းမီးအိမ် ဒေါ်ကေတုမာလာ

မယ်လွန်း။              ။ “မိန်းမဖြစ်မယ်ဆိုရင်လည်း တန်ဖိုးရှိတဲ့ မိန်းမဖြစ်ချင်တယ်” ဒီလိုဆုံးဖြတ်ချက်နဲ့ စိတ်အားထက်သန်မှုဟာ သီလရှင်ဒေါ်ကေတုမာလာကို သာသနာ့ဘောင်ထဲရောက် လာအောင် တွန်းအားပေးခဲ့ပါတယ်။ အခုအချိန်မှာ သက်တော်(၃၈)နှစ်၊ သီလရှင်ဝါအနှစ်(၂၀)ရှိပြီဖြစ်တဲ့ ဆရာလေးဒေါ်ကေတုမာလာဟာ ဆယ်ကျော်သက်အရွယ်ကတည်းက လူတယောက်ဖြစ်ခြင်းတန်ဖိုးနဲ့ အဓိပ္ပါယ်ကို ရှာဖွေခဲ့ရင်း အသက်(၁၈) နှစ်အရွယ်မှာ ဆရာကြီးဦးသုခရဲ့ “အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ”ဆိုတဲ့ စာအုပ်ကို ဖတ်မိပြီး မကြာ ခင်မှာပဲ သာသနာ့ဘောင်ဝင်ဖို့ ယတိပြတ်ဆုံးဖြတ်ခဲ့တာပါ။ “ဒီမိန်းမတွေ သွားတဲ့လမ်းမျိုးကို သွားချင်တယ်၊ ဒီမိန်းမတွေ စွန့်ခဲ့သလိုမျိုးပဲ စွန့်ကြည့်ချင်တယ်၊ ဒီမိန်းမ တွေ ဖြတ်ပစ်သလိုမျိုးလည်း ဖြတ်ပစ်ကြည့်ချင်တယ်ပေါ့၊ အဲဒီမိန်းမတွေကို အားကျတဲ့စိတ်ပေါ့” လို့ ဆရာ လေးက မိန့်ပါတယ်။ ဒါပေမယ့် သီလရှင်တွေကို တန်ဖိုးထားမှုအားနည်းတဲ့ မြန်မာ့လူမှုအဝိုင်းအဝိုင်းမှာ သာသနာ့နယ်ပယ်ထဲ ခြေချခဲ့တဲ့ ဆရာလေးရဲ့ ခရီးလမ်းက မချောမွေ့ခဲ့ပါဘူး။ […]

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် လားဟူဓမ္မကျောင်းသူများ စစ်သင်တန်းတက်နေရသလား

နန်းဆိုင်နွမ်။                  ။ “ အဖမ်းခံထားရတဲ့ ဓမ္မကျောင်းသူတွေဟာ တရုတ်ပြည်မနဲ့နီးတဲ့တနေရာမှာ စစ်သင်တန်းတက်ပြီး လေ့ကျင့်နေရ တယ်” လားဟူအမျိုးသားဖွံ့ဖြိုးရေးပါတီ ဥက္ကဌဒေါ်အေးသီတာမြင့်က ထိုသို့ပြောကြားခဲ့ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ တွင်  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ(၂)အတွင်း “ ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP က လား ဟူခရစ်ယာန်ကျမ်းစာကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၄၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ယခုအချိန်အထိ ကျောင်းသူ(၂၀)ဦးမှာ ပြန်မလွှတ်လာသေးသဖြင့် စိတ်ပူစိုးရိမ်နေကြကြောင်း ဆက်ပြောသည်။ ဖမ်းဆီးခံထားရသည့် ဓမ္မကျောင်းသူများသည် “ဝ” နယ်မြေအထူးဒေသ(၂)တွင် နေထိုင်သည့်သူများဖြစ်ကြသည်။ ထိုကျောင်းသူများသည် ဟိုတောင်းလားဟူကျမ်းစာကျောင်းတွင် ဓမ္မကျမ်းစာသင်ကြားနေကြပြီး ကျောင်းပြီးချိန် တွင် ဓမ္မအမှုတော်ဆောင်များဖြစ်လာမည့် သူများလည်းဖြစ်သည်။ ဖမ်းဆီးခံရထားသည့် ဓမ္မကျောင်းသူများသည် အသက်(၁၃)နှစ်မှ အသက်(၁၈)နှစ် အရွယ်သာရှိကြသေးပြီး  အ သက်အရွယ်ငယ်သေးသည့်သူများဖြစ်သည့်အတွက် […]

သံတောင်သူ

နန်းဆိုင်နွမ်။            ။ ကွေ့ကောက်နေသည့် တောင်ပတ်လမ်းများ၊ တောင်တန်းများကြားက ထူထပ်သည့်သစ်တောများနှင့်အတူ လှေခါး ထစ်စိုက်ခင်းများနှင့် စိမ်းလန်းစိုပြေနေသည်ကို တွေ့ရမည့်နေရာသည် တချိန်က လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားခဲ့ပြီး “ အနက်ရောင်နယ်မြေ” ဟု တင်စားကြသည့် “သံတောင်ကြီး”ပင်ဖြစ်သည်။ ပြည်တွင်းစစ်၏ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ဒေသများမှ အမျိုးသမီးများ၏ဘဝ ဖွံဖြိုးတိုးတက်ရန် ပြန် လည်ထူထောင်ရေးလုပ်ငန်းများက အလွန်အရေးကြီးပါသည်။ စစ်ပဋိပက္ခကြားတွင် ရုန်းကန်ရှင်သန်ခဲ့ကြရပြီး အဖက်ဖက်မှ ခက်ခဲနေသော သံတောင်ကြီးဒေသအမျိုးသမီးများ၏ ဘဝကို ပြန်လည်ထူထောင်ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် “သံတောင်သူ” အမျိုးသမီးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း အဖွဲ့တည်ထောင်သူ နော်မာမာချိုက ပြောပြသည်။ “ သံတောင်သူ” အမျိုးသမီးအဖွဲ့သည် ဦးသိန်းစိန်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့အကြား အပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့်အဖွဲ့တခုဖြစ်သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် […]

ရခိုင်ပြည်နယ်၏သဲတပွင့် … ဒေါ်မာမာအေး

ကောကော်။         ။ “တဂျောက်ဂျောက်”အသံများထွက်ပေါ်နေသော အဆောက်အဦတခုတွင် အမျိုးသမီးငယ်လေးများသည် လက် နှစ်ဘက်ကို ရှေ့တိုးနောက်ဆုတ် စည်းဝါးတိုက်ထားသကဲ့သို့ လှုပ်ရှားနေပြီး သူမတို့၏အာရုံများကို ရောင်စုံချည် လွန်းများတွင် စူးစိုက်ထားသည်ကို တွေ့ရသည်။ သစ်သားနှင့် ပြုလုပ်ထားသော ယက်ကန်းစင်များရှိသည့်  ထို ယက်ကန်းရုံမှာ စက်ရုံတခုဟုဆိုသော်လည်း ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများနှင့်တော့  ခြားနားနေပေသည်။ လက်ယက်ကန်းရုံသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် (၁၈)မိုင်ခန့်ဝေးသော “ကျားမသောက်ကျေးရွာ”၏ မြို့ပြင် တနေရာရှိ “ရွှေကျား” လက်ယက်ကန်းရုံဖြစ်ပြီး ရခိုင်အမျိုးသမီး (၇၀)ဦးဖြင့် လွန်ခဲ့သော ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဒေသခံအမျိုးသမီးများနှင့် လူငယ်များသည် အလုပ်အကိုင်ရှားပါးမှုကြောင့် နေရပ်ဒေသမှ စွန့် ခွာသွားကြကာ ရန်ကုန်နှင့်အခြားမြို့ကြီးများသို့ ရွေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက် အလုပ်လုပ်ကိုင် ကြရသဖြင့် ယခုလိုလက်ယက်ကန်းစက်ရုံကို တည်ထောင်ရခြင်းဖြစ်သည်ဟု […]

အားနည်းသူကို ကူညီစောင့်ရှောက်တဲ့အလေ့အကျင့် လိုနေတယ်ဆိုတဲ့ ကရာတေးပညာ နည်းပြဆရာ (ဦး) သီဟမောင်မောင်

မယ်လွန်း။         ။ ရှပ်အင်္ကျီလက်ရှည်ဝတ်ထားပေမယ့် ခန္ဓာကိုယ်ထောင်ထောင်မောင်းမောင်းနဲ့ လက်မောင်းကြွက်သားတွေ ကလည်း တကယ့်ကာယဗလမောင်တယောက်လို ထုထည်ကြီးမားနေတာကိုတော့ အထင်းသားမြင်နေရပါ တယ်။ အသားညိုလတ်လတ်၊ မျက်နှာထားက တည်တည်မို့ အပြင်ပန်းကြည့်ရင်တော့ သူဟာ တကယ့် ဖိုက်တာ(တိုက်ခိုက်ရေးသမား)တယောက်လို တိုက်မယ်၊ ခိုက်မယ်ဆိုတဲ့စိတ်နဲ့ အမြဲနိုးကြားနေသူလို့ ယူဆ နိုင်ပါတယ်။ ဒါပေမယ့် သူနဲ့စကားစပြောလိုက်ရင်တော့ သာမန်အမြင်နဲ့ကြည့်မိတဲ့ သူ့ရဲ့ပုံစံနဲ့ သူ့ရဲ့စိတ်ထားက တခြားစီ ဆိုတာ ချက်ချင်းသိရှိနိုင်ပါတယ်။ “ကျွန်တော်က ငယ်ငယ်ကတည်းက အနုပညာသမားတယောက်ဖြစ်ချင်တယ်။ ကရာတေးကလည်း အနုပ ညာပဲ။ ဘောလုံးကန်တာလည်း အနုပညာပဲ။ ကျွန်တော်က အဲဒီလိုတွေးတာကိုး…” သူကတော့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အဓိကထားပြီး ကရာတေးပညာသင်ပေးနေတဲ့ လက် ထောက် Kyokushi ကရာတေးဆရာ (ဦး) သီဟမောင်မောင်ပဲဖြစ်ပါတယ်။ ကရာတေးမကစားခင်ကတော့ သူ့ရဲ့အတွေးက တမျိုးပါ။ ခန္ဓာကိုယ် […]

လုပ်ငန်းခွင်ကိုကျောခိုင်းရသူများအတွက်

နန်းဆိုင်နွမ်။         ။ “ကျွန်တော်တို့ အိမ်ထောင်ကျ၊ သားလေးကိုမွေးပြီးတော့ ကျွန်တော့်အမျိုးသမီးက တခါတည်း အလုပ်ထွက်လိုက် ရပါတယ်” ဟု သီပေါမြို့၊ ပြည်သူဆေးရုံအုပ် ဒေါက်တာနန္ဒဝင်းက ပြောသည်။ ဒေါက်တာနန္ဒဝင်း၏ ဇနီးဖြစ်သူသည် အိမ်ထောင်ကျ၊ သားလေးမွေးဖွားလာပြီးနောက်ပိုင်းတွင် အလုပ်ကို ကျော ခိုင်းလိုက်ရပြီး သားဖြစ်သူကို စောင့်ရှောက်ထိန်းသိမ်းသောမိခင်တဦးအဖြစ်သာ နေထိုင်ခဲ့သည်။ “ ကျွန်တော့်အမျိုးသမီးကို နှမျောမိတယ်။ ကိုယ့်မိန်းမကို အလုပ်မခိုင်းရက်ဘူးလို့ ပြောကြပေမယ့် သူတို့လုပ်နိုင် ကိုင်နိုင်တဲ့ စွမ်းရည်တွေ၊ စိတ်ဓာတ်တွေကို တခါတလေ ကျွန်တော့်အနေနဲ့နှမြောပါတယ်” ဟု ဒေါက်တာနန္ဒ ဝင်းကဆိုသည်။ ထို့ကြောင့် ဒေါက်တာနန္ဒဝင်းအနေဖြင့် သီပေါမြို့၊ ပြည်သူ့ဆေးရုံဝန်ထမ်းများအတွက် နေ့ကလေးထိန်းစောင့် ရှောက်ရေးအစီအစဉ်ကို ပြုလုပ်ပေးခဲ့ရခြင်းဖြစ်သည်။ “ ကျွန်တော်တတ်နိုင်သလောက် မိခင်တွေ အလုပ်ကနေ ကျောခိုင်းမသွားရအောင်  ဝိုင်းပြီးလုပ်ပေးတဲ့သဘောပါ။ ကိုယ့်အလှည့်တုန်းက ကိုယ်ခံစားရတဲ့ဘဝကို ပြန်နှိုင်းဆပြီး […]

(၃) လအတွင်း အမျိုးသမီး သတင်းအချုပ် ကောက်နှုတ်ချက်

(၃) လအတွင်း အမျိုးသမီးသတင်းအချုပ် ကောက်နှုတ်ချက် (၂၀၁၈ ခုနှစ် အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ) မြန်မာ့အမျိုးသမီးသမဂ္ဂအနေဖြင့် အမျိုးသမီးများ၏ အခြေအနေနှင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသမီးရေး လှုပ်ရှားမှုဖြစ်စဉ်များကို ရေးသားဖော်ပြသော သတင်းများကို ပြန်လည်ကောက်နှုတ်စုစည်း တင်ပြလိုက်ပါသည်။ PDF ဖိုင် ရယူရန် [gview file=”http://hiburma.net/wp-content/uploads/2019/02/October-December-2018.pdf”]

နားထောင်သင့်သော အမျိုးသားများအသံ

ကောကော်။        ။ ῝ကျွန်တော်တို့ မြန်မာပြည်မှာ လုံခြုံမှုဆိုတာ မရှိတော့ဘူး၊ အရင်တုန်းက အမျိုးသမီးတွေက အမျိုးသား တွေကို ရက်စက်သူကြီးတွေ၊ တိုက်ခိုက်သူကြီးတွေ၊ မုဒိမ်းကောင်ကြီးတွေအဖြစ် သတ်မှတ်ကြတယ်။ ဒါ ကြောင့် အမျိုးသားတွေအချင်းချင်း သူတို့ကြားမှာ ဘာတွေဖြစ်ခဲ့လဲ၊ ဒီအပေါ် ဘာတွေပြောဆိုနေကြလဲ ဆိုတာတွေကို ပြန်နားထောင်ပြီး ဒီနှစ်ခုပေါင်းဆုံမှသာလျှင် အားလုံးပါဝင်နိုင်တဲ့ လုံခြုံမှုဆိုတာ ဖြစ်လာမယ်῎ အမျိုးသမီးများနှင့် အမျိုးသားများအကြား စားဝတ်နေရေး၊ စီးပွားရေး၊ ဆက်ဆံရေးများကို အခြေခံပြီး အင် အားပြိုင်လေ့ရှိကာ များသောအားဖြင့် အမျိုးသမီးများက အမျိုးသားတွေအကြောင်းတွေကိုသာ ပြောလေ့ရှိ ကြသဖြင့် အမျိုးသားများသည် အကြမ်းဖက်တတ်သောပုဂ္ဂိုလ်များအဖြစ် ပုံဖော်ခံရသူများဖြစ်သွားကြသည် ဟု Gender and Development Institute ၏ မူဝါဒရေးရာအကြံပေး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။ “ကျားမတန်းတူမှုအကြောင်း”ပြောလာကြသည်မှာ အချိန်အားဖြင့် ဆယ်စုနှစ်တစုသို့ […]

တကယ်စွမ်းတဲ့ အမျိုးသမီးခေါင်းဆောင် မငယ်ငယ်အေးမောင်

မယ်လွန်း။                  ။ လူ (၄၀၀) လောက်ဆံ့တဲ့ ခမ်းမကြီးထဲမှာ အမျိုးသမီးများဖိုရမ်အတွက် လူတွေစုရုံးရောက်ရှိနေပါတယ်။ ရာနဲ့ချီတဲ့ အလွှာပေါင်းစုံက အမျိုးသမီးတွေ တက်ရောက်ကြတဲ့ ဒီလိုငြိမ်းချမ်းရေးအတွက် အမျိုးသမီးများ ဖိုရမ်မှာ ထူးထူးခြားခြား ဘီးတပ်ကုလားထိုင်ခေါ် ဝီးချဲနဲ့တက်ရောက်တဲ့အမျိုးသမီးဆိုလို့ တဦးတည်းသာ ရှိပါတယ်။ သူမကတော့ မသန်စွမ်းအမျိုးသမီးအဖွဲ့တည်ထောင်သူ မငယ်ငယ်အေးမောင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက် တင်ဘာ (၁၉) ရက်နေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဦးဆောင်ပြုလုပ်တဲ့ အမျိုးသမီးများ ဖို ရမ်မှာ “တန်းတူညီမှအပေါ် သဘောထားအမြင်များ”ဆိုတဲ့ ခေါင်းစဉ်နဲ့  လာရောက်ဦးဆောင်ဆွေးနွေးဖို့ သူမကိုဖိတ်ခေါ်ထားခဲ့တာဖြစ်ပါတယ်။ ဖိုဝါဒကြီးစိုးတဲ့ယဉ်ကျေးမှု အမြစ်တွယ်ဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ ခြေထောက်နှစ်ဖက်လုံး မသန်တဲ့ မငယ် ငယ်အေးမောင်အဖို့ ဒီလိုနေရာမျိုးမှာ အခြားအမျိုးသမီးတွေနည်းတူ တက်ရောက်နိုင်ဖို့ သူမဖြတ်သန်းလာခဲ့ တဲ့ ခရီးလမ်းက မချောမွေ့ခဲ့ပါဘူး။ အသက်(၉)လအရွယ် […]

အမျိုးသမီးထုတရပ်လုံး စောင့်ကြည့်နေရမည့် နတ်တလူသာသနာပြုစခန်းမှ ဦးဝရဉာဏအမှု

ကောကော်။                ။ အဓမ္မပြုကျင့်ခံရပြီးရခဲ့သည့်ကလေး အသက်(၁)နှစ်ကျော်မှ ရဲစခန်းကို သွားတိုင်ခဲ့သည့်အတွက် ကာမလိမ် လည်မှုနှင့် တရားရင်ဆိုင်ရကာ အကြိမ်ပေါင်းမနည်း ရုံးချိန်းသို့ သွားနေရသည့် မအိစန္ဒာ…။ ရိုးသားပြီး ဗဟု သုတနည်းသော သူမဆီမှ အခွင့်အရေးယူကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရလာမှ တခြား အမျိုးသားတဦးနှင့် ဟန်ဆောင်လက်ထပ်စေခြင်း၊ နောက်ဆက်တွဲကလေးဖျက်ချစေခြင်း၊ အခန်းထဲတွင် (၄) ရက်အကြာ ပိတ်လှောင်ထားခြင်း စသည့် စသည့် မယုံကြည်နိုင်စရာ အနိုင်ကျင့်အကြမ်းဖက်မှုများနှင့် ရင် ဆိုင်ခဲ့ရသူ..မအိစန္ဒာ…။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ကျေးလက်အမျိုးသမီးတော်တော်များများသည် ရက်ကန်းခတ်သော အတတ်ပညာကို ရွှေဘိုမြို့တွင် သွားရောက်သင်ယူကြရသည်။ လွန်ခဲ့သော (၃)နှစ်က အသက်(၂၀)ကျော် ခါစသာ ရှိသေးသည့် မအိစန္ဒာသည် ရက်ကန်းခတ်သင်ခဲ့သူတဦးဖြစ်သည်။ ရက်ကန်းရုံတွင် အမျိုးသမီး ဦးရေများသောကြောင့် စည်းကမ်းတင်းကြပ်စွာ ချမှတ်ထားသည်။ တနေ့ မနက်(၇)နာရီဝန်းကျင်လောက်တွင် […]