အမျိုးသမီးထုတရပ်လုံး စောင့်ကြည့်နေရမည့် နတ်တလူသာသနာပြုစခန်းမှ ဦးဝရဉာဏအမှု
ကောကော်။ ။ အဓမ္မပြုကျင့်ခံရပြီးရခဲ့သည့်ကလေး အသက်(၁)နှစ်ကျော်မှ ရဲစခန်းကို သွားတိုင်ခဲ့သည့်အတွက် ကာမလိမ် လည်မှုနှင့် တရားရင်ဆိုင်ရကာ အကြိမ်ပေါင်းမနည်း ရုံးချိန်းသို့ သွားနေရသည့် မအိစန္ဒာ…။ ရိုးသားပြီး ဗဟု သုတနည်းသော သူမဆီမှ အခွင့်အရေးယူကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန်ရလာမှ တခြား အမျိုးသားတဦးနှင့် ဟန်ဆောင်လက်ထပ်စေခြင်း၊ နောက်ဆက်တွဲကလေးဖျက်ချစေခြင်း၊ အခန်းထဲတွင် (၄) ရက်အကြာ ပိတ်လှောင်ထားခြင်း စသည့် စသည့် မယုံကြည်နိုင်စရာ အနိုင်ကျင့်အကြမ်းဖက်မှုများနှင့် ရင် ဆိုင်ခဲ့ရသူ..မအိစန္ဒာ…။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ကျေးလက်အမျိုးသမီးတော်တော်များများသည် ရက်ကန်းခတ်သော အတတ်ပညာကို ရွှေဘိုမြို့တွင် သွားရောက်သင်ယူကြရသည်။ လွန်ခဲ့သော (၃)နှစ်က အသက်(၂၀)ကျော် ခါစသာ ရှိသေးသည့် မအိစန္ဒာသည် ရက်ကန်းခတ်သင်ခဲ့သူတဦးဖြစ်သည်။ ရက်ကန်းရုံတွင် အမျိုးသမီး ဦးရေများသောကြောင့် စည်းကမ်းတင်းကြပ်စွာ ချမှတ်ထားသည်။ တနေ့ မနက်(၇)နာရီဝန်းကျင်လောက်တွင် […]


