Home သတင်း LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်

LGBT စာရေးဆရာမ စောဟန်နွေဦး ကွယ်လွန်

သတင်းတို

 နွေဦးတော်လှန်ရေးလှုပ်ရှားမှုများတွင်တက်ကြွလှုပ်ရှားစွာပါဝင်ခဲ့သော LGBT စာရေးဆရာမ  စောဟန်နွေဦး (အသက် ၂၈ နှစ်) ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မယ်တော်ဆေးခန်းတွင် ဆေး ကုသမှုခံယူနေစဉ် ကွယ်လွန်သွားကြောင်း သိရပါတယ်။

စောဟန်နွေဦးဟာ LGBT အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို တော်လှန်ရေးလှုပ်ရှားမှုများအတွင်းကဏ္ဍအသီးသီးကပါဝင်ခဲ့သဖြင့်၂၀၂၁ စက်တင်ဘာလတွင် ပုဒ်မ ၅၀၅-က တပ်ကာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံံံံံံခဲ့ရပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ပြီး လွတ်မြောက်နယ်မြေသွားကာ တော်လှန်ရေးလှုပ်ရှားမှုဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

“အစော တကယ်ဆုံးသွားပါပြီ။ သူကတော်လှန်ရေးအတွက် အများကြီးပါဝင်ခဲ့တယ်။ သူအဓိက စိတ်ထောင်းကိုယ်ကြေဖြစ်သွားရတာပါ။ စိတ်မကောင်းတာထက် ပိုပါတယ်” လို့သူရဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးကပြောပါတယ်။ သူဟာLGBT အရေး၊တော်လှန်ရေးနဲ့ပတ်သက်တဲ့ ကဗျာ၊စာတွေနဲ့အတူ ပန်းချီကားတွေရေးဆွဲပြီး ပန်းချီပြပွဲလည်းလုပ်ဖူးခဲ့ပါတယ်။ အနုပညာပါရမီပါတဲ့ လူငယ်တစ်ဦးဖြစ်တယ်လို့ နီးစပ်တဲ့ မိတ်ဆွေတစ်ဦးကလည်းပြောပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွင်း ပါဝင်နေသူများ၊ သူ့ကိုချစ်ခင်ကြတဲ့သူတွေကလည်းဝမ်းနည်းကြောင်းနဲ့ ဆုံးရှုံးမှုဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ရေးသားပြောဆိုထားကြပါတယ်။

သူမဟာ အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါနှင့် လေဖြန်းဝေဒနာကိုလည်း ခံစားနေရပြီး ကွယ်လွန်သွားတာဖြစ်တယ်လို့ သူမနဲ့နီးစပ်တဲ့လုပ်ဖော်ကိုင်ဖက်များကပြောပါတယ်။

Author:

Related Articles