Home သတင်း အမျိုးသမီးများ တန်းတူ လုပ်အားခရရေး တောင်းဆို

အမျိုးသမီးများ တန်းတူ လုပ်အားခရရေး တောင်းဆို

၁.၅.၂၀၁၄။ ကောကော် (ရန်ကုန်)

လုပ်အားခတန်းတူရေးအတွက် ရန်ကုန်စက်ရုံအလုပ်သမများ တောင်းဆိုလုပျအားခတနျးတူရေးအတှကျ ရန်ကုန်စက်ရုံအလုပ်သမများ တောင်းဆို

ရန်ကုန်မြို့ မေဒေးနေ့ ဆန္ဒပြပွဲတွင် စက်ရုံအလုပ်သမား အမျိုးသမီးအများအပြားပါဝင်ခဲ့ပြီး
အမျိုးသမီးများအား အမျိုးသားများ တန်းတူ အခကြေးငွေ ပေးရန် တောင်းဆိုခဲ့ကြပါတယ်။

စက်ရုံအလုပ်သမားများတွင် အမျိုးသမီး ပါဝင်မှုများကြောင်း
ဒဂုံဆိပ်ကမ်းရဲ့ ၂၀၀၈ဖွဲ့စည်းပုံ လှုပ်ရှားရေး ဦးဆောင်သူ ကိုသန်းစိုးကပြောပြထားပါတယ်။

“ဒီနေ့အမျိုးသမီးက တော်တော်များတယ်ဗျ၊ ဘာလို့လဲဆိုတော့စက်ရုံက အထည်ချုပ်က အမျိုးသမီးတွေ များတယ်လေ။ အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ ခံစားမှုကွာဟမှုရှိတယ်။ ဒီခေတ်ကြီးမှာ အမျိုးသားနဲ့ အမျိုးသမီးတန်းတူညီမျှမှုရှိရမယ်ဆိုတဲ့အတွက် ဥပမာအမျိုးသား တစ်သောင်းရရင် အမျိုးသမီးလဲတစ်သောင်းရသင့်တယ်လေ”

လှိုင်သာယာ စံကောင်းပီနံအိတ် စက်ရုံမှ ယက်ကန်းစက်မောင်း ဝန်ထမ်းဖြစ်သူ ခင်စောသီတာကစက်ရုံထဲတွင် အမျိုးသားနဲ့ အမျိုးသမီးခံစားခွင့် ညီမျှမှု မရှိကြောင်း ပြောပါတယ်။

“ယောကျ်ားလေးဆိုရင် ကျားလုပ်သားခံစားခွင့်ရှိတယ်။ မိန်းကလေးကတော့ မလုပ်သားခံစားခွင့်မရှိဘူး။ အမှတ်တကယ်တော့ ယောကျ်ားလေးနဲ့ မိန်းကလေးကတန်းတူရရမှာလေ။ ခုဆိုစက်ရုံတွေမှာ ပိုပြီးတောင်ဆိုးသေးတယ် သူတို့က အခြေခံလစာကို grade ကြေးနဲ့ပေါင်းပြီးတွက်နေတယ်။ ကျမတို့ဆိုရင် ပုံစံဟောင်းနဲ့ ၂၃၀ဝိ-ပဲရတယ်။ ပုံစံသစ်ဆိုရင် ၅သောင်းကျော်လောက်ရတယ်။ အမျိုးသမီးနဲ့ အမျိုးသား လုပ်ရတာခြင်း တူတူ ပေးသင့်တယ်။”

အမျိုးသမီး အခွင့်အရေးတောင်းဆိုမှုများ ရှိလာပြီးနောက်ပိုင်းတွင် အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူ မလုပ်နိုင်ကောင်းလားဟု ဆူပူ ပြောဆိုမှုများကို လုပ်ငန်းခွင်အတွင်း တွေ့ကြုံခံစားရမှုများ ရှိနေသည်ဟုလည်း လှိုင်သာယာ စက်မှုဇုံ(၃) တိုင်ရီဖိနပ်စက်ရုံမှ မမိုးစန္ဓာက ပြောပါတယ်။

“မိန်းကလေးတွေ အများကြီးလုပ်နေတဲ့ စက်ရုံဆိုတော့ ယောကျ်ားလေးအလုပ်ဆိုပြီးမခွဲခြားဘူး။လုပ်နေရတာပဲ”

သူမကအမျိုးသမီးတွေရဲ့ ကြုံတွေ့နေရတဲ့ပြသနာများကို ပြောပြသည်မှာ “တချို့မိန်းကလေးတွေက အရမ်းအသက်ငယ်သေးတယ်။လုပ်နိုင်တဲ့ အင်အားမရှိသေးဘူး။အဲဒါ ယောကျ်ားလေးတွေလုပ်ရမဲ့ အလုပ်ကိုခိုင်းတယ်”

ရန်ကုန်မြို့လယ်ရှိ ဗန္ဓုလပန်းခြံအနီး ဒီကနေ့ ၁၁နာရီအချိန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ ကွန်ယက်မှ ဦးဆောင်၍ မြန်မာနိုင်ငံ အလုပ်သမားများ လက်တွဲစုပေါင်း၍အလုပ်သမားနေ့ အခမ်းအနား ငြိမ်းချမ်းစွာဆန္ဒပွဲကိုစက်ရုံအလုပ်သမားပေါင်း ၆၀၀ကျော်ခန့်က ပန်းခြံလမ်းမှ တလျှေက် ဗန္ဓုလလမ်း၊ပန်းဆိုးတန်းလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေလမ်းတို့တွင် ချီတက်ပွဲများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ါတယ်။

မနက်ပိုင်း၁၁နာရီမှ စတင်၍နေ့ခင်း၂နာရီအထိ ကြွေးကြော်သံများ၊ဟောပြောပွဲများကို ပြုလုပ်ကြပြီး ကြွေးကြော်သံများကတော့

(၁)တစ်နေ့၈း၀၀နာရီ အနည်းဆုံးလုပ်ခ (၅၆၀၀ိ/) ရရှိရေး။

(၂)အမြဲတမ်းအလုပ်သမားများကို လစားအလုပ်သမားအဖြစ် သတ်မှတ်ရေး။

(၃)အလုပ်သမားများကို တဖက်သတ်အလုပ်ထုတ်မှု ရပ်ဆိုင်းရေး။

(၄)အလုပ်သမားများအားလုံး သွေးစည်းညီညွတ်ရေး။

(၅)ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၄၃၆ပြင်ဆင်ရေး။

(၆)ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၅၉(စ) ပြင်ဆင်ရေး။

(၇)ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၂၆၁ ပြင်ဆင်ရေး။

(၈)ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၄၁၈ ပြင်ဆင်ရေး။

(၉)ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၆(စ)၊၁၇(ခ)၊၆၀(ခ) ပြင်ဆင်ရေး။

တို့ပဲဖြစ်ပါတယ်။

Related Articles