ဒီဇင်ဘာ ၁၆ ရက် မှ ၂၂ ရက်အတွင်း တစ်ပတ်တာအမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။
အမျိုးသမီးသတင်းထောက်တစ်ဦးအားကိုယ်ထိလက်ရောက်ကျူးလွန်သူကိုတာဝန်ရှိသူများထိရောက်စွာအရေး ယူပေးရန် MWiM တိုက်တွန်း
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အမျိုးသမီးသတင်းထောက်တစ်ဦးကို အမျိုးသားတစ်ဦးကကိုယ်ထိလက် ရောက်ကျူးလွန်ခဲ့တဲ့အပေါ်အပြင်းအထန်ကန့်ကွက်ရှုံ့ချပြီးဒေသဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထိရောက်တဲ့အ ရေးယူမှုကို ဆောင်ရွက်ပေးဖို့ Myanmar Women in Media (MWiM) ကတိုက်တွန်းလိုက်ပါတယ်။
မြေလတ်အသံ သတင်းဌာနရဲ့ အမျိုးသမီး သတင်းထောက် မငြိမ်းချမ်းစုကြည် (ခ) ငြိမ်းချမ်းမေနဲ့ သူ့ရဲ့ Partner ဖြစ်သူ Transgender အမျိုးသမီးတစ်ဦးကို ကိုဝင်းကျော်ဆိုတဲ့အမျိုးသားက ဒီဇင်ဘာ ၁၄ ရက်နေ့ကကိုယ်ထိ လက်ရောက်တိုက်ခိုက်စော်ကားမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဥ်မှာ ကိုဝင်းကျော်ဆိုသူ တည်းခိုတဲ့နေရာမှာ ဖွင့်လှစ်ထားတဲ့အင်တာနက်ဆိုင်မှာ မငြိမ်းချမ်းစုကြည် အလုပ် လုပ်နေချိန် ကိုဝင်းကျော်က မငြိမ်းချမ်းစုကြည်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အပြင် သတင်းထောက် အလုပ်နဲ့ သတင်းဌာန ကိုပါနှုတ်နဲ့ စော်ကားပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် မငြိမ်းချမ်းစုကြည်ရဲ့ Partner ဖြစ်သူ သော်သော်(Transgender အမျိုးသမီး) ကိုလည်း ကိုယ်ထိ လက် ရောက် ထိုးနှက်မှုများပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Source – People’s Spring
ကလေးနှစ်ဦးအပါအဝင် မိုင်းကိုင်ဒေသခံ သုံးယောက် မိုင်းထိမှန် ဒဏ်ရာရ
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ရဲ့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် မိသားစုဝင်သုံးယောက်ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP) က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့မနက်မှာ မိုင်းကိုင်မြို့နယ် တုံလောရွာအနီးမှာ လှုပ်ရှားနေတဲ့ SSPP စစ်ယာဉ်တန်းကို RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် ဒေသခံတွေ မောင်းနှင်လာတဲ့ ကားတစ်စီးကိုလည်း ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ အတွက်အရပ်သား သုံးယောက်ထိခိုက်ဒဏ်ရာရခဲ့တာလို့ SSPP က ပြောပါတယ်။
နောင်လျှော်ရွာက အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမမိုင်းထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပြီး သူရဲ့တစ်နှစ်ကျော် အရွယ် သမီးတစ်ယောက်နဲ့ သုံးလသားအရွယ် ကလေးတစ်ဦးလည်း မိုင်းထိခဲ့တာဖြစ်ပါတယ်။
Source – RFA
အမျိုးသမီး ၂ ဦးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်သူကို ဝိုင်းဝန်းဖယ်ကျဉ်ရန်နဲ့ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေး ရန် WAB တောင်းဆို
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက အင်တာနက်ဆိုင်တစ်ခုမှာ သတင်းထောက် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦးကို နှုတ်နဲ့ပြောဆိုစော်ကားတဲ့အပြင် ကိုယ်ထိလက်ရောက်ပါ ကျူးလွန်ခဲ့သူကို လူမှုအသိုင်းအဝိုင်းမှ ဝိုင်းဝန်း ဖယ်ကျဉ်ရန်နဲ့ ထိုက်သင့်တဲ့ပြစ်ဒဏ်ခံယူရန် Women Alliance Burma-(WAB) အမျိုးသမီးမဟာမိတ်အင်အား စုက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အရာတော်မြို့နယ်မှာ တော်လှန်ရေးတွင်ထဲထဲဝင်ဝင် ပါဝင်နေသူ အမျိုးသမီး ၂ ဦးအား စကားနဲ့တင်မကကိုယ်ထိ လက်ရောက်ကျူးလွန်သူ ကိုဝင်းကျော် ဆိုသူအား လူမှုအသိုင်းအဝိုင်းမှ ဝိုင်းဝန်းဖယ်ကျဉ်ကာ ၎င်းကျူးလွန်ခဲ့တဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု (Physical Assault) အတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူရန် ဝိုင်းဝန်းအသံ ထုတ် တောင်းဆိုကြဖို့ Women Alliance Burma-(WAB) အမျိုးသမီးမဟာမိတ်အင်အားစုကတောင်းဆိုခဲ့တာဖြစ်ပါ တယ်။
အမျိုးသားညီညွတ်ရေးအစိုးရထံသို့လည်း ဆက်လက်တောင်းဆိုသွားမယ်လို့ဆိုပါတယ်။
Source – မြေလတ်အသံ
ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ် အမျိုးသမီးအများစု ခံစားနေရကြောင်း ISP စစ်တမ်းဖော်ပြ
နိုင်ငံအနှံ့မှာရှိတဲ့ အမျိုးသမီး ငါးရာကျော်ရဲ့သဘောထားကို ရယူခဲ့ရာမှာ အမျိုးသမီး ၈၃ ရာခိုင်နှုန်းက သုံးဆမက တက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကိုခံနေရတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) ကထုတ်ပြန်ပါတယ်။
အမျိုးသမီး ၈၈ ရာခိုင်နှုန်းကျော်ဟာအလုပ်ရဖို့ ခက်ခဲနေကြတဲ့အပြင်ဝင်ငွေ၊ ထွက်ငွေမမျှတတာကိုလည်း ကြုံ နေကြရတယ်လို့ ဆိုပါတယ်။
ဘဝရှေ့ရေးအတွက် စိုးရိမ်မှုတွေ ရှိနေသူက ၇၄ ရာခိုင်နှုန်းရှိပြီး ပြည်တွင်းမှာပဲ ရတဲ့နည်းလမ်းနဲ့ဖြေရှင်းဖို့ စဥ်းစား နေသူတွေက ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါး ရှိနေတာဖြစ်ပါတယ်။
Source – RFA
ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ရန် စင်္ကာပူ တောင်းဆို
စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ဆုံး
ပြန်လွှတ်ပေးဖို့စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
“အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်” လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဗီဗီယမ်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ထိုင်း၊ လာအို၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့က နိုင်ငံခြားရေးဝန်ကြီး တွေတက်ရောက်တဲ့မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲတစ်ခုဘန်ကောက်မြို့မှာပြုလုပ်နေတာဖြစ်ပါတယ်
Source – RFA
ကလေး ၂၀ ခန့်သဲလွန်စမရဘဲပျောက်ဆုံးနေ
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့မှာကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားတယ်လို့ဒေသခံနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေကပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ တောင် ဝိုင်း ရပ်ကွက်မှ ကလေးငယ် ၁၃ ဦးဟာ နိုဝင်ဘာလတတိယပတ် အတွင်းသဲလွန်စမရှိဘဲ ပျောက်ဆုံးသွားခဲ့ တယ် လို့ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM က ဆိုပါတယ်။
ကလေးငယ်တွေဟာ သူတို့ရပ်ကွက်ထဲမှာနေထိုင်ရင်းပျောက်ဆုံးသွားကြတာဖြစ်ပါတယ်။
ပျောက်ဆုံးသွားတဲ့ ကလေးငယ်တွေဟာအသက် ၄ နှစ်အရွယ်တစ်ဦး အပါအဝင် အသက် ၈ နှစ်မှ ၁၀ နှစ်အရွယ် အကြားရှိ ကလေးငယ်တွေဖြစ်ကြပါတယ်။
Source –သတင်းနှင့်မီဒီယာကွန်ရက်