Home သတင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်၊ ကျိန္တလီမြို့က အမျိုးသမီး ၇ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရ

လေကြောင်းတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်၊ ကျိန္တလီမြို့က အမျိုးသမီး ၇ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရ

ဩဂုတ်၊ ၁၇

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့က အမျိုးသမီး ၇ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဩဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းက ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီကဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုကျရောက်ပေါက်ကွဲလို့ သေဆုံး၊ ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

အမျိုးသမီးတွေနှင့်အတူ ဘုရားကျောင်းမှာရှိတဲ့ အမျိုးသား ၄ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့လို့ ဆိုပါတယ်။

ဂွမြို့နယ်၊ ကျိန္တလီမြို့ဟာ အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတဲ့ မြို့တမြို့ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရရှိခဲ့သူတွေဟာ စစ်ဘေးရှောင်နေကြသူတွေဖြစ်တယ်လို့ ကျိန္တလီမြို့ခံစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှုက ပိုဆိုးလာတယ်။ ပြီးတော့ စစ်ဘေးရှောင်နေတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်။ ပြေးလမ်းလည်းမရှိဘူး”လို့ပြောပါတယ်။

ရခိုင်တပြည်နယ်လုံးကမြို့သိမ်းတိုက်ပွဲတွေဖြစ်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီဟာ လေကြောင်းကနေ အဓိကထားတိုက်ခိုက်နေပြီး အမျိုးသမီး၊ ကလေးငယ်တွေနှင့် သက်ကြီးရွယ်အိုအပါအဝင် အရပ်သားပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ သေဆုံးမှုတွေဖြစ်ပွါးနေပါတယ်။

Author:

Related Articles